Unicode🍑Final Part🍑

4.4K 160 5
                                    

  "သခင်လေး ။သခင်လေးထပါဦး။ဒီလိုအိပ်နေတာကိုယ်တွေလက်တွေနာတော့မှာပဲ"
    အိမ်အကူအဒေါ်ကြီးရဲ့စကားသံကြောင့်အမိန့်ရှင်နိုးလာတော့သည်။
  "ဩော် အဒေါ်ရောက်လာပြီလား။"
"အင်း ဒီမှာမနက်စာပါလာတယ်။အဝတ်အစားတွေရောပဲ။ရေချိုးပြီးစားလိုက်ဦး။"
" ဩော် ကောင်းပြီလေ။ယူဂျင်းဘေးမှာနေပေးပါ။"
     VIP Roomဖြစ်တာကြောင့်ရေချိုးခန်းရောအိမ်သာပါတွဲလျှက်ပါသည်။အမိန့်ရှင်လည်းရေချိုး မနက်စာစားပြီး ယူဂျင်းနှင့်ခပ်လှမ်းလှမ်းရှိစားပွဲတွင် အလုပ်ကိစ္စအချို့ကိုလက်စသက်နေမိသည်။နေ့လည်၁၂နာရီလောက်ရောက်တော့တိုနီ့ထံမှဖုန်းဝင်လာသည်။
"Hey Buddy ! သတင်းလေးဖွင့်ကြည့်ပါဦး မင်းအတွက်လက်ဆောင်ရှိတယ်။"
" ဟင် .အင်းပါ။"
ဖုန်းချလိုက်ပြီးနောက်အခန်းထဲကTVကိုချက်ချင်းဖွင့်လိုက်တော့သည်။
  "ဒီနေ့အတွက်ကြားဖြတ်သတင်းအနေနဲ့ Cristal Groupနဲ့တရုတ်ဘက်ကသူဌေးတစ်ယောက်တို့ရဲ့ပူးပေါင်းမှောင်ခိုမှုပဲဖြစ်ပါတယ်။"
"Cristal Groupရဲ့ဥက္ကဠအပါအဝင်သမီးဖြစ်သူတို့ဟာတရုတ်သူဌေးကြီးHanPhoneနဲ့မူးယစ်မှောင်ခိုလုပ်ခဲ့ကြပါတယ်။"
"ရရှိလာတဲ့ငွေမဲတွေကိုသန့်စင်ဖို့Luciferကုမ္ပဏီရဲ့ဥက္ကဠကိုလည်းအကြပ်ကိုင်ခဲ့တယ်လို့သိရပါတယ်။"
"Luciferရဲ့Projectတစ်ခုဖြစ်တဲ့Dora Beach ကHotelမှာပါဝင်ထားတဲ့ရှယ်ယာတွေဟာလည်း တရားမဝင်ငွေတွေဖြစ်တယ်လို့သိရပါတယ်"
"ရှယ်ယာကိစ္စနဲ့ပတ်သတ်ပြီးLuciferဘက်ကတရားဝင်ငြင်းဆိုခဲ့ပြီးစစ်ဆေးချက်တွေအရလည်းမသက်ဆိုင်တော့ကြောင်းတွေ့ရှိရတာကြောင့်Lucifer ကိုဒီအမှုကနေထုတ်ပယ်ခဲ့ပါတယ်။"
"နောက်ထပ်သတင်းတစ်ပုဒ်ကတော့..."
     ကျေနပ်စွာပြုံးလိုက်ပြီးနောက်TVကိုပြန်ပိတ်လိုက်သည်။နောက်ဆုံးတော့လည်းအားလုံးကပြန်အဆင်ပြေသွားခဲ့ပြီ။အခုယူဂျင်းရယ် ရောက်လာမယ့်ကလေးလေးရယ် အတူတူနေကြရုံပဲ။
        အဲ့ဒါကြောင့် ယူဂျင်းရယ်ပြန်သတိရပါတော့။ကိုယ်အရမ်းစိတ်အပူနေပြီကွာ။
       အိပ်စက်နေဆဲဖြစ်တဲ့ယူဂျင်းဘေးမှာထိုင်ကာလက်ကလေးကိုကိုင်ရင်း
" ယူဂျင်းရေ မြန်မြန်ပြန်နိုးပါတော့ကွာ။ "
" ကလင် . ကလင် . ကလင်။"
ရုတ်တရက်ဝင်လာတဲ့ဖုန်း။
" ဂျွန်. ပြောလေ။"
"ဒီသုံးယောက်ကိုဘယ်လိုလုပ်လိုက်ရမလဲ။ကျွန်တော်ဖြေရှင်းလို့ရပေမဲ့ ဆရာဘယ်လိုများလုပ်ချင်သေးလဲ။"
" ငါလာခဲ့မယ်။"

The LordWhere stories live. Discover now