Unicode🍑Episode 4🍑

4.3K 243 0
                                    

မဟုတ်သေးပါဘူး။ငါမြင်ခဲ့တဲ့အမိန့်ရှင်ကသွေးအေးအေးနဲ့။အခုကငါ့ကိုစိုးရိမ်တကြီးဖတ်ထားပြီးချွေးတွေပျံနေတဲ့အမိန့်ရှင်...။
"အင့်.."
ယူဂျင်းရဲ့ညဉ်းသံလေးကြောင့်အသိပြန်ဝင်သလိုဖြစ်သွားတဲ့အမိန့်ရှင်။
သို့သော်ယူဂျင်းခန္ဓာကိုယ်ကရင်ခွင်ထဲမှာမြုပ်နေဆဲ...နှင့်ပဲ
"ယူဂျင်း...မင်းရူးနေလား။ဟမ်..ရူးနေပြီလား။တော်တော်သေချင်လား။"
"သေလိုက်ရင်ပြီးပြီလား။အရူးရဲ့..သေသွားတာနဲ့ပြီးပြီလား။"
ဒေါသတကြီးပြောဆိုသံကြောင့်ယူဂျင်းကြောင်သွားသည်။သူကဘာလို့ငါသေမှာကို..
အမိန့်ရှင်စကားကြောင့်ရင်ခွင်ထဲကရုန်းထွက်ဖို့မေ့နေလေရဲ့။
"ကျွန်.ကျွန်တော်...။"
"ဘာဖြစ်လဲ.ပြော.မင်းဘာဖြစ်လဲ။အခက်အခဲရှိရင်ပြောမှပေါ့။ဒီကိစ္စသာမင်းအဖေသိရင်ဘယ်လိုလုပ်မလဲ"
"သူကမင်းကိုဘယ်လောက်တောင်ချစ်လိုက်လဲ ဟမ်."
အဖေဆိုသောစကားကြောင့်ယူဂျင်းမျက်ရည်တွေဝဲလာရပြန်သည်။
"ဖေဖေ..." ။ ကလေးလေးလိုရင်ခွင်ထဲတရှုံ့ရှုံ့နှင့်ငိုနေသောယူဂျင်းကြောင့်အမိန့်ရှင်စိတ်တွေအရည်ပျော်တော့မတက်...။မဖြစ်သေးပါဘူး။အလုပ်ကအလုပ်ပဲ..။
ငိုလွန်းလို့မျက်ဝန်းတောက်တောက်လေးတွေကရဲနေပြီး မျက်နှာလေးကပန်းရောင်ထနေသည်။နှုတ်ခမ်းဖူးဖူးလေးတွေကိုကိုက်ရင်းငိုနေတဲ့ထိုကလေး..။
အမိန့်ရှင်ကဆွေ့ကနဲပွေ့ချီပြီးဘေးကခုံတန်းမှာထိုင်လိုက်သည်။လေစိမ်းတွေကြောင့်လားမသိလက်ကလေးတွေအေးစက်နေသည်။
ယူဂျင်းကတော့ရင်ခွင်ထဲမှာငိုနေဆဲ။ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲသူ့အတွေးနှင့်သူခံစားနေရသည်။
"ယူဂျင်း.မအေးဘူးလား"..မေးလိုက်သော်လည်းဖြေတာက
"ဖေဖေ.ဘာလို့လိမ်ရတာလဲ။သားအရမ်းဝမ်းနည်းတယ်သိလား။"
ပြောပြောဆိုဆိုနှင့်အမိန့်ရှင်ခါးကိုတင်းကြပ်စွာဖတ်လာသည်။
ငိုရင်းအိပ်ပျော်သွားဟန်တူသည်။ငိုသံလေးတိတ်သွားသည်။
"...."အိပ်ပျော်နေသောထိုကလေးရဲ့မျက်နှာကအတော့်ကိုဆွံ့အစေသည်။
ဘယ်လိုတောင်ချောရက်ရတာလဲ။ရောဘတ်ခင်ဗျားသားမှဟုတ်ရဲ့လား။မျက်တောင်ကော့ကော့လေးတွေကစိုစွတ်နေဆဲ၊ဆံပင်ပျော့ပျော့လေးတွေ၊ခပ်အိအိနှုတ်ခမ်းသားလေး၊ကလေးလေးလိုအပြစ်ကင်းတဲ့မျက်နှာလေး။
ခန္ဓာကိုယ်လေးကလည်းသေးလိုက်တာဗျာ။ရင်ဘက်ထဲမှာမြုပ်နေသည်။ဖြူဖြူသွယ်သွယ်လက်ချောင်းလေးတွေကိုနွေးသွားအောင်ဆုပ်ကိုင်ရင်းအထဲပြန်ခေါ်လာတော့သည်။

******

"ဘာ.ဘာပြောလိုက်တယ်။ကျုပ်သားကိုလိုချင်တယ်။"
"ခင်ဗျားကြားတဲ့အတိုင်းပဲခင်ဗျားအကြွေးတွေအကုန်ဆပ်ပေးမယ်။ပြီးတော့အခုအိမ်မှာပဲဆက်နေ။"
"ခင်ဗျားသားကိုသာပေးရင်ပေါ့။"
"အမိန့်ရှင်..မင်း.မင်း။ဘာလို့ငါ့သားလေးကို။အဲ့လိုမလုပ်ပါနဲ့။"
ဒူးထောက်လာသောရောဘတ်ကြောင့်အမိန့်ရှင်ကဟက်ခနဲရယ်ပြီး
"ရောဘတ်.ခင်ဗျားသိလား။ခင်ဗျားကိုသတ်ပြီးယူဂျင်းကိုသိမ်းပိုက်လို့ရတယ်။"
"ဒါပေမဲ့သူကခင်ဗျားကိုသိပ်ချစ်တာလေ။အဲ့ဒီ့တော့ကျုပ်သွေးမစွန်းချင်ဘူးဗျာ။"
"အဲ့လိုမလုပ်ပါနဲ့ကွာ။ငါကျွန်ခံပြီးဆပ်ပါ့မယ်။ယူဂျင်းကိုတော့ဆွဲမထည့်ပါနဲ့။"
"ဟား..ရောဘတ်။ပြောရခက်လိုက်တာ။၂ယောက်လုံးလမ်းမပေါ်မှာအေးခဲပြီးသေချင်နေတာလား။"
ပြောဆိုပြီးနောက်အမိန့်ရှင်ကထွက်သွားသည်။ခြေလှမ်းတွေဦးတည်လာတာကယူဂျင်းရဲ့လူနာခန်းဆီ...။
အခန်းထဲကဆိုဖာမှာငူငူငိုင်ငိုင်နဲ့ထိုင်နေတဲ့ယူဂျင်း။အမိန့်ရှင်ဝင်လာတော့ချက်ချင်းထရပ်ပြီး...
"မနေ့ညကကျွန်တော့်ကိုကယ်ခဲ့လို့ကျေးဇူးတင်ပါတယ်။"
"ထားပါ..။မင်းမနက်စာစားပြီးပြီလား။"
"ဟင့်အင်း.."
ရုတ်တရက်ဂျွန်ကမနက်စာထမင်းဘူးတွေနဲ့ဝင်လာသည်။အမိန့်ရှင်ကပြုံးပြီး..
"အတူတူစားကြတာပေါ့။"
During Eating..
"ဟိုလေ..ကျွန်တော်ဖေဖေ့ရဲအကျွေးတွေကိုပြန်ဆပ်ပါ့မယ်။အလုပ်လေးပဲပေးပါ"
မျက်နှာငယ်လေးနဲ့တောင်းဆိုလာသည်။အမိန့်ရှင်ကအစားမပြတ်ဘဲ.
"မင်းကဘာလုပ်နိုင်မှာမို့လို့လဲ။"
"ခိုင်းတာမှန်သမျှလုပ်နိုင်ပါတယ်။"
"ဟား...ဟား...ဟား...အမှန်တော့ငါမင်းကိုမင်းအဖေဆီကနေဝယ်မလို့စဉ်းစားထားတယ်။"
အမိန့်ရှင်ရဲ့စကားကြောင့်ယူဂျင်းဆွံ့အသွားသည်။ဘာကိုဆိုလိုတာလဲ ဝယ်တယ်တဲ့လား။ငါကလူလေ။
မျက်နှာကိုစေ့စေ့ကြည့်ပြီး "ယူဂျင်းမင်းသာငါ့ကိုလက်ထပ်ရင်မင်းအဖေကိုဒီထက်ပိုကောင်းတဲ့ဘဝပေးနိုင်တယ်။"
"ဗျာ....."
ငါဘာတွေကြားလိုက်တာလဲ။ငါ.ငါကယောင်္ကျားလေးတစ်ယောက်ကိုလက်ထပ်ရမှာတဲ့လား။

*****

ကိုယ်အရေးအသားညံ့ပါတယ်readerလေးတို့ရေသည်းခံပေးပါနော်။ပြီးတော့ အမိန့်ရှင်ဆိုတဲ့ ကာရိုက်တာက စာရေးဆရာမသျှင်မရဲ့ သန့်စင်တိမ်က ကာရိုက်တာလေးပါနော် သဘောကျလွန်းလို့ယူထားတာပါ။အားနည်းချက်များအတွက် နားလည်ပေးကြပါနော်။first storyလေးမို့လို့ပါ။readerလည်းသိပ်မမျှော်လင့်ပါဘူး။😘😘ချစ်ပါတယ်။

The LordWhere stories live. Discover now