Unicode 🍑Episode 3🍑

6.5K 260 0
                                    

ပါ"အကိုလေး..အကိုလေး.ဒီမှာ.."
အိမ်အကူအဒေါ်ကြီးအသံကြောင့် ယူဂျင်း အမြန်ဆင်းလာသည်။
"ဘာဖြစ်လို့လဲ အန်တီ။"
ဧည့်ခန်းထဲရောက်လာတော့မနေ့ကအမိန့်ရှင်နဲ့ပါလာတဲ့သူ(မှတ်မိတယ်မှလား။အမိန့်ရှင်ရဲ့လူယုံလေးဂျွန်လေ🙂)။
"ဘာကိစ္စရှိလို့ပါလဲ"
"ကောင်လေးမင်းအဖေဘယ်မှာလဲ။"
"အိမ်မှာရှိပါတယ်။ဖေဖေရေ..ဒီမှာ.."
စကားပင်မဆုံးသေးရောဘတ်ကအသည်းအသန်ပြေးဆင်းလာသည်။
"ဒီမှာ..ကျုပ်ကိုစောင့်ပေးဖို့ပြောထားတယ်လေ။ဒီလိုလုပ်တော့.ကျုပ်ကဘယ်လိုဆပ်ရမှာလဲ။"
"မစ္စတာရောဘတ်ခင်ဗျားအကြွေးတွေသိပ်များနေပြီဆိုတာခင်ဗျားလည်းသိပါတယ်။ "
"ဖေဖေအဲ့ဒါဘာပြောတာလဲ။"
"သား..ဖေဖေနောက်မှရှင်းပြမယ်။"
"ဒီနေ့အိမ်ပေါ်ကဖယ်မပေးရင်တရားဥပဒေအရလုပ်ရလိမ့်မယ်။"
"ဖေဖေ.."
ယူဂျင်းမျက်နှာလေးဖြူဖတ်ဖြူရော်ဖြစ်လာသည်။လက်တွေအေးစက်လာပြီး
"အကိုဘာတြွေဖစ်တာလဲဆိုတာကျွန်တော့်ကိုရှင်းပြပါ။"
"ယူဂျင်း.ဖေဖေ.."
"ဟင့်အင်းဖေဖေမပြောနဲ့."
ယူဂျင်းစိတ်ခြောက်ခြားနေသလိုဖြစ်နေပြီးချွေးစည်းတွေပါပျံလာသည်။ဂျွန်က
"ညီလေးရဲ့အဖေကအကိုတို့သူဌေးဆီကနေသိန်း၁၀၀၀ချေးထားတယ်။ပြီးတော့ဒီအိမ်ကလည်းအကိုတို့ဆီမှာအပေါင်ဆုံးနေပြီး"
ယူဂျင်းတစ်ယောက်ဖခင်ဖြစ်သူကိုမယုံနိုင်စွာစိုက်ကြည့်ရင်းမျက်ရည်တွေဝဲတက်လာပြီး
"လိမ်နေတာမှလားဖေဖေ။အဲ့ဒီ့လောက်ပိုက်ဆံတွေကိုဖေဖေက.."
"လောင်းကစားလုပ်လိုက်တာလေ။"
ဝင်ပြောလိုက်သောဂျွန့်စကားကြောင့်ယူဂျင်းတစ်ချက်ရှိုက်သွားပြီး...
ဝုနးခနဲလဲကျသွားတော့သည်။
" ယူဂျင်း..သား။သားသတိထားပါဦး"
လက်တွေကရေခဲလိုအေးစက်နေပြီးပန်းသွေးရောင်နှုတ်ခမ်းတွေကဖြူရော်နေသည်။
ရုတ်တရက်မို့ဂျွန်လည်းကြောင်သွားပြီး...
"ယူ.ယူဂျင်း၊ညီ သတိထားပါဦး။"
ချက်ချင်းပင်ယူဂျင်းကိုပွေ့ချီလိုက်ပြီး....။

*******

"ဂျွန်.ဘယ်လိုဖြစ်တာလဲ။"
အမိန့်ရှင်ထံမှဖုန်းဝင်လာသည်။
"သူ့အဖေကြောင့်စိတ်ထိခိုက်ပြီးမေ့လဲသွားတာပါ။အခုဆေးရုံမှာပါ။"
"မေ့လဲတယ်။ထင်တာထက်ပိုပျော့လှချေလား။"
အမိန့်ရှင်ရယ်ချင်သွားသော်လည်းဂျွန်ရဲ့စကားကြောင့်...
"နှလုံးရောဂါသည်တဲ့လေသူက။သနားပါတယ်။"
အမိန့်ရှင်နှုတ်ဆိတ်သွားတော့သည်။မိနစ်ပိုင်းလေးသာတွေ့ခဲ့တဲ့ကောင်လေးပါ။ငါကသွေးအေးတဲ့စီးပွားရေးသမားတစ်ယောက်ပဲ။
"ငါလာခဲ့မယ်ဂျွန်.."
ပြောပြီးမှကြောင်သွာမိသည်။
'ငါကဘာလို့သွားရမှာလဲ။'

*******,

" ဆရာ..ဒီမှာပါ"
ဂျွန်ရဲ့စကားကြောင့်လှမ်းကြည့်လိုက်မိသည်။လျောက်လာပြီး..
"ဒီအခန်းထဲမှာလား"
"မစ္စတာရောဘတ်ကဒီအခန်းထဲမှာအိပ်ပျော်နေပြီ"
"ဟိုကလေးကရော.."
"ဗျာ..."
ကလေးဟူသောအသုံးအနှုန်းကြောင့်ဂျွန်ကြောင်သွားရသည်။
"အာ...ယူဂျင်းကိုပြောတာ။ "
"ဩော်..သူခေါင်မိုးထပ်ကိုအခုပဲထွက်သွားတာ။"
ဘာရယ်မဟုတ်သူလည်းထိုကလေးနောက်လိုက်လာမိတော့သည်။အချိန်ကားည၈နာရီခန့်ရှိပြီ...။
လေစိမ်းတြွေပင်းထန်စွာတိုက်ခတ်နေတဲ့ခေါင်မိုးထပ်အစွန်းမှာမျက်ရည်တွေရွဲလျက်ရပ်နေတဲ့ကောင်လေး။
'ဖေဖေရယ်.ဘာလို့သားကိုလိမ်ရတာလဲ၊အခုတော့..အားလုံးပြီးဆုံးသွားပြီ.အဟင့်.မေမေ..မေမေသာရှိရင်..'
တရှုံ့ရှုံ့ငိုရင်းနီရဲနေတဲ့မျက်ဝန်းတွေကိုပွတ်လိုက်မိသည်။ဖြူဖြူနုနုမျက်နှာလေးမှာနီရဲလျှက်...။
မြင့်မားလှသောဆေးရုံရဲ့အပေါ်မှငုံ့ကြည့်ရင်း..
"သားတောင်းပန်ပါတယ်ဖေဖေ။သားကြောင့်ဖေဖေထပ်မပင်ပန်းစေရပါဘူး။"
ကိုယ့်ကိုယ်ကိုလည်းနှစ်သိမ့်ရင်း..
"ခနလေးပါပဲ...။ယူဂျင်းမင်းခနလေးပဲပျံသန်းလိုက်ရင်ရပြီ။"
မျက်ရေတွေသုတ်ကာလေဟာနယ်ကိုလှမ်းလိုက်စဉ်...
"....."
နွေးထွေးပြီးကျယ်ဝန်းတဲ့ရင်ခွင်တစ်ခုထဲအိခနဲကျသွားတဲ့ခန္ဓာကိုယ်...။
"ဟင်..."
ထိတ်လန့်စွာအသက်ရှုသံနှင့်အတူနွေးထွေးသောအာငွေ့ကယူဂျင်းရဲ့မျက်နှာကိုအုပ်မိုးထားသည်။
အံ့ဩစွာမော့ကြည့်လိုက်တော့..ငါသိတယ်ဒီမျက်နှာ.ဒီမျက်ဝန်းတွေကို..ဒါ.ဒါက
"အမိန့်ရှင်.."
တိုးဖွစွာရေရွတ်လိုက်မိသည်။

********
ကိုယ်အရေးအသားညံ့ပါတယ်readerလေးတို့ရေသည်းခံပေးပါနော်။ပြီးတော့ အမိန့်ရှင်ဆိုတဲ့ ကာရိုက်တာက စာရေးဆရာမသျှင်မရဲ့ သန့်စင်တိမ်က ကာရိုက်တာလေးပါနော် သဘောကျလွန်းလို့ယူထားတာပါ။အားနည်းချက်များအတွက် နားလည်ပေးကြပါနော်။first storyလေးမို့လို့ပါ။readerလည်းသိပ်မမျှော်လင့်ပါဘူး။😘😘ချစ်ပါတယ်။

အပိုင်း ၁၂ ကUni နဲ့ရေးပြီးသားပါ


The LordWhere stories live. Discover now