Unicode🍑Episode 7🍑

3.4K 238 0
                                    

ယူဂျင်းတစ်ယောက်တိတ်တခိုးလေးသက်ပြင်းချရင်း ထားပါတော့ငါနားကြားမှားတာနေမှာ။မသိခြင်ယောင်ဆောင်နေတော့မယ်။
"ယူဂျင်း.ငါမေးနေတယ်လေ။"
"ဗျာ..ဟုတ်.ဟုတ်ကဲ့။ကူညီပေးလို့ကျေးဇူးတင်စကားပြောချင်လို့ပါ။"
ထိုစကားကြောင့်သူကမျက်ခုံးပင့်သည်။
"ဒါပဲလား..။ဒါမှမဟုတ်ပြောရခက်နေတာရှိလို့လား။"
ပြောပြောဆိုဆိုနှင့်အရှေ့တိုးလာသောအမိန့်ရှင်မျက်နှာကြောင့်ယူဂျင်းမျက်နှာပန်းသွေးရောင်ထလာသည်။
"ဟို.အဲ့.အဲ့ဒါက..။"
"ဟို.ဟိုတစ်ခေါက်ကပြောတဲ့."
"လက်ထပ်ဖို့ကိစ္စလား။ငါသိပြီ မင်းဆုံးဖြတ်ပြီးပြီလား။"
"တကယ်ပဲလက်ထပ်လိုက်ရင်အကြွေးတွေဆပ်ပေးမှာလား။တကယ်လား.ဟင်။"
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မေးလာသောယူဂျင်းကြောင့်အမိန့်ရှင်ကခပ်ချေချေလေးမျက်ခုံးပင့်သွားပြီ
"ငါကဘာလို့လိမ်ရမှာလဲ။ပြီးတော့.အဲ့ဒီ့ကိစ္စကြောင့်ပဲလက်ထပ်ကြမှာလေ။"
ယူဂျင်းကတော့သက်ပြင်းတွေသာခိုးချနေသည်။သူ့ကိုကြည့်ပြီးအမိန့်ရှင်ရယ်ချင်လာသည်။
သူကဘဲသက်ပြင်းချရသေးတယ်။ငါလိုပြည့်စုံတဲ့တဲ့လူကိုယူရမှာလေ။လူကအမိန့်ရှင်ရဲ့၃ပုံပုံ၁ပုံစာလေးရယ်။ရှက်နေပုံကမိန်းကလေးထက်တောင်ပိုဆိုးနေသူ။ရုတ်တရက်ယူဂျင်းစကားကြောင့်အတွေးပင်ပြတ်သွားသည်။ဘာတဲ့...
"လက်ထပ်ရုံပဲမှလားဘာမှမလုပ်ဘူးမှလား။"
ဟား...ယူဂျင်းရာငါကရဟန္တာမှမဟုတ်တာ။အတွေးနဲ့ပင်ပြန်ဖြေလိုက်ပြီး...
"မင်းကဘာလုပ်ချင်သေးလို့လဲ။"
"ဗျာ...."
အနီးကပ်ကြီးမေးလိုက်သောကြောင့်ချက်ချင်းပင်မျက်နှာကခရမ်းချဉ်သီးဖြစ်လာသည်။
"မ.မဟုတ်ရပါဘူး။ကျွန်တော်ဆိုလိုတာ.."
"ဟား..ငါက ကလေးလို့ထင်နေတာ။မင်းကအဲ့ဒါတွေလည်းသိတာပဲလား...။"
"ဗျာ....."
ယူဂျင်းမျက်နှာတွေပူထူလာသည်။သူအထင်တွေလွဲကုန်ပြီ...ငါ.ငါကဒီအတိုင်းစိုးရိမ်လို့မေးမိတာ။ငါဆိုလိုတာအဲ့ဒီ့လိုမဟုတ်ဘူးလေ။အား..ရှက်စရာပဲ။
ရှက်နေမှန်းသိသောယူဂျင်းကြောင့်အမိန့်ရှင်ရုပ်တည်ကြီးနဲ့စလေတော့သည်။
"အဲ့ဒါတွေပါစဉ်းစားနေပြီပဲ။ယူဂျင်း.မင်းအသက်မပြည့်သေးဘူးမှလား။ဟား...ငါထင်မထားဘူး။"
"မ.မဟုတ်ရပါဘူး။ကျွန်တော်ဆိုလိုတာအဲ့ဒီ့လိုမဟုတ်ရပါဘူး။"
"ကဲပါထားပါတော့လာရင်းကိစ္စပဲပြောတော့။"
"ဟုတ်.ဟုတ်ကဲ့။ကျွန်တော်.ကျွန်တော်အရှင့်ကိုလက်ထပ်ပါ့မယ်။"
အဖြေကိုကြိုသိနေပေမဲ့အသုံးအနှုန်းကြောင့်အမိန့်ရှင်အံ့ဩသွားရသည်။'အရှင်တဲ့လား'
"မင်းဘယ်လိုခေါ်လိုက်တာလဲ။"
"အ.အရှင်လို့ခေါ်လိုက်တာပါ။ဟို.ဘယ်လိုခေါ်ရမှန်းမသိတာနဲ့။"
အမိန့်ရှင်ကျေနပ်စွာပြုံးလိုက်သည်။ယူဂျင်းကမြင်ပုံမရ။ကောင်းပါတယ်။ခေါ်တဲ့နာမည်အတိုင်းမင်းဘဝရဲ့အရှင်ဖြစ်လာရမှာပေါ့။ယူဂျင်းမင်းကငါ့အပိုင်ပဲ။
"ကောင်းပြီ၊အရင်ဆုံးမင်းငါ့အိမ်ကိုပြောင်းနေရမယ်။စိတ်မပူပါနဲ့မင်းအသက်ပြည့်မှငါလက်ထပ်မှာပါ။ "
"ပြီးတော့မင်းရဲ့ကျန်းမာရေးအခြေအနေ။"
ဆတ်ခနဲမော့ကြည့်ပြီး..
"ဘာကိုလဲ...။"
"နှလုံးမကောင်းဘူးဆို။နေကောင်းအောင်အရင်လုပ်လိုက်ဦး။"
"အာ..ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်.အရှင်..။"
အရှင်..ငါသဘောကျတယ်။မင်းရဲ့အရှင်လို့ခေါ်တဲ့အသံလေးကို....။
အမိန့်ရှင်ကဒီလိုလည်းနွေးထွေးတာပဲလား၊ဒါမှမဟုတ်ဘာလဲ။ထားပါ..ဘာပဲဖြစ်ဖြစ်လက်ထပ်ပြီးရင်ငါ့ကိုမထိနိုင်အောင်ကြံစည်ရမှာပဲ။မဟုတ်ရင်...။
"ယူဂျင်း.ပြောစရာရှိသေးလို့လား။"
"ဗျာ.မ.မရှိတော့ပါဘူး။ကျွန်တော်ပြန်တော့မယ်။"
"အင်း..ဂရုစိုက်ပြန်။"
"ဟုတ်ကဲ့"
အခုထိတော့အားလုံးကအဆင်ပြေနေတုန်းပဲ။ဒါပေမဲ့ငါ့ရဲ့လျှို့ဝှက်ချက်ကိုအမိန့်ရှင်သိသွားခဲ့ရင်ရော။
ဟင့်အင်း..မဖြစ်နိုင်ဘူး။သူသိမှာမဟုတ်လောက်ပါဘူး။

*********

ကိုယ့်အရေးအသားညံ့ပါတယ်နော်၊နားလည်ပေးကြပါ။🙏🙏ပိုလို့တောင်ညံ့လာသလိုပါပဲ။☺ပထမဦးဆုံးမို့နားလည်ပေးပါအချစ်ဆုံးတို့ရေ။

The LordWhere stories live. Discover now