Part-10

5K 381 4
                                    

သူ့........ မျက်ဝန်း

အပိုင်း၁၀

စိုင်းဆက်နောင်

သူဟာ သုံးရက်အတွင်း ဆော့လိုက်တာမှ ဗြောင်းဆန်နေအောင်ကိုပင်။
ပင်လယ်ထဲတစ်ခါဆင်းရင် သူကိုမနည်းပြန်ခေါ်ရသည်။

စိုင်းဆက်နောင်ကတော့ ပင်လယ်ထဲမဆင်းဖြစ် ကမ်းခြေမှာပဲ နေဖြစ်သည်။
ခြေထောက်ကိုသဲထဲနှစ်ချင်တယ်ဆိုလို့ ကျွန်တော်ကို သဲပေါ် သူနဲ့ဦးကိုကြီးတွဲချ ပြီးရင် ကျွန်တော့်ခြေထောက်ကို သဲထဲနှစ်ပေးထားသည်။

ထို့နေ့မှ ကျွန်တော်လည်း မရယ်စဖူး အားရအောင်ရယ်ဖြစ်ခဲ့သည်။ ဦးကိုကြီးရယ်တာလည်း တွေ့ခဲ့သည်။ ဦးကိုကြီးလည်းကျွန်တော့်အနားနှီးတော့ အရယ်အပြုံးနည်းခဲ့ဟန်တူသည်။

ကောင်လေးကတော့ ရယ်စရာမရှိတောင် ကိုယ့်ကိုယ်ကိုကလိထိုးရယ်မယ့်သူ။ ခုတော့ရယ်လိုက်တာ သွားတတ်လေးကထင်းလို့ ရယ်လိုက်တိုင်းမှိတ်သွားတဲ့ မျက်လုံးလေး။

ကောင်လေးနဲ့နီးလေ ခံစားချက်တွေက ပိုမိုခိုင်မာလာလေ။ တစ်ခါတစ်လေ လင်းနစ်ကိုသတိရမိသလို တစ်ခါတလေမှာတော့ လင်းနစ်ကို သူ့ကြောင့်မေ့တတ်ခဲ့ပြီ။

မပြန်ခင်တစ်ရက်ကလည်း ကမ်းခြေမှာလမ်းလျှောက်တာ နားကွဲမတတ် စကားတွေကို ရေခရားလွှတ်သလို တတွတ်တွတ်နဲ့ကိုပြောနေတာ။

ဆေးကျောင်းတုံးကအကြောင်းတွေပြောလိုက်။ သူငယ်ငယ်ကအကြောင်းတွေပြောလိုက်နဲ့ နားထောင်ရတဲ့ ကျွန်တော့်ကိုတောင်အားမနာ။

ဆက်မပြောနဲ့ လို့ပြောရင်လည်း သူ့အကြောင်းမပြောတော့ဘူး ကျွန်တော့်မကောင်းကြောင်းတွေကို ကျွန်တော့်ကို အားမနာတမ်း ဖောက် ညည် ပြန်ချပြနေတော့သည်။

ကောင်လေးပြောတဲ့ ဆေးကျောင်းထဲကအကြောင်းတွေထဲမှာ မကြားချင်ဆုံးကတော့ သူရည်စားဟောင်းတွေအကြောင်းပဲ။ လူကြည့်တော့ ဖြူဖျော့ဖျော့နဲ့ တွဲလိုက်တဲ့မိန်းကလေးကလည်း သူပြောပြချက်အရဆို တစ်ပုံတပင်။

အဲ့ချိန်ဆို ဘယ်ကရောက်လာမှန်းမသိတဲ့ ဒေါသတွေက ငယ်ထိပ်တတ်လာသည်။ တကယ့်ငပွေးပဲ။

သူ့.....မျက်ဝန်း (S-1)(completed)Where stories live. Discover now