Part-8

5K 402 1
                                    

သူ့........မျက်ဝန်း

အပိုင်း၈

စိုင်းဆက်နောင်

ပုသိမ်ဘက်ကို ခရီးထွက်လာခဲ့ကျသည်။
အမည်းရောင် ကားနက်လေးက သံလျင်မြို့မှ မြို့ထဲကိုဖြတ်သန်းကာ ရန်ကုန် ပုသိမ်လမ်းမကြီး သို့မောင်းနှင်နေသည်။

မြို့ရဲ့တိုက်တာအဆောက်အအုံတွေကို စိုင်းဆက်နောင်ငေးကြည့်နေမိသည်။ အင်းသုံးနှစ်အတွင်း ပြောင်းလဲခဲ့တာပဲ။

စိုင်းဆက်နောင် အိမ်ထဲမှာပိတ်လှောင်ခဲ့ရတာကြောင့် အပြင်လောကို ငေးကြည့်နေမိသည်။ တဖြည်းဖြည်းကားလေးက ရန်ကုန်ပုသိမ်လမ်းပေါ်ကြီးကို ရောက်လာခ်ဲသည်။

ဘေးနားကိုကြည့်လိုက်မိတော့ ပြတင်းပေါက်တစ်ဖက်ကို ခေါင်းမှီပြီး ငိုက်နေတဲ့ ကောင်လေးကို ဂျွန်မင်းငေးကြည့်နေမိသည်။

ကားကို စိုင်းဆက်နောင် မန်နေဂျာဖိုးခူးကမောင်းနေကာ ကိုဖိုးခူးဘေးမှာ ဦးကိုကြီးလိုက်ပါလာသည်။

ဂျွန်မင်းဆိုတဲ့ ကောင်လေးကတော့ သူ့ဘေးမှာ တစ်လမ်းလည်း မုန့်တွေစားလိုက်အအေးသောက်လိုက်လုပ်နေတာ သိပ်ကိုပင်ပန်းသွားရှာပုံပဲ အိပ်နေသည်။

"ဒုတ်..... ဒုတ်...."

အသံကြားလို့ကြည့်လိုက်တော့ ကောင်လေး နဖူးကားမုန်နဲ့ ​ေဆာင့်လို့ မြည်နေသည်အသံ။ သူကတော့နိုးပုံမရ။

စိုင်းဆက်နောင် သူဘေးကလက်ကိုင်ပုဝါလေးကို ကိုင်ကာ ထလို့မရလို့ ထိုင်လျက်ပင် ကောင်လေးအနားစိုင်းဆက်နောင် ဖင်တွန်းရွေ့လာခဲ့သည်။

လက်ကိုင်ပုဝါက အနည်းငယ်ရှည်ပြီး ထူတာကြောင့် ခေါက်ပြီး ကောင်လေးနဖူးနဲ့ မုန်ကြားထားဖို့ ကောင်လေးပုခုံးကို ဖိကိုင်ပြီး ခေါင်းလေးကိုမလိုက်တော့ ကောင်
လေးခေါင်းလည်ပြီး စိုင်းဆက်နောင် ပုခုံးပေါ် မှီကျသွားတော့သည်။

စိုင်းဆက်နောင် ရင်တစ်ခုလုံး လျှင်မြန်စွာ လှုပ်ရှားလာခဲ့သည်။ မိမိလည်တိုင်အနားကပ်ကာ နှာလေလေးမှုတ်နေတာကြောင့် စိတ်ထဲ ခံစားမူက ကြက်သီးထဖွယ်။

သူ့.....မျက်ဝန်း (S-1)(completed)Where stories live. Discover now