Part-5

5.3K 412 0
                                    

သူ့......မျက်ဝန်း

အပိုင်း၅

စိုင်းဆက်နောင်

ကားတစ်စီး အမြန်လမ်းမအပေါ်မှာ အရှိန်ပြင်းစွာ မောင်းနင်းနေသည်။

စိုင်းဆက်နောင် မျက်ရည်များကြား ကားဟန်တယ်ကွင်းကို တင်းကျပ်စွာ ဆုတ်ကိုင်ထားမိသည်။

ရင်ထဲမှာ ပူလောင်မူတွေ နာကျင်မူတွေက စိုင်းဆက်နောင် တင်းခံထားတာကြောင့် လည်ပင်းအကျောများပင် ထောင်ထနေသည်။ တောက်ခ်ခေါက်သံများကလည်း ကားထဲ ခနခနထွက်ပေါ်လာခဲ့သည်။

စိုင်းဆက်နောင်နားထဲ အခေါက်ခေါက်အခါခါကြား နေရတာကတော့ "ငါတို့လမ်းခွဲရအောင်....  ငါမှမင်းကို မချစ်တော့တာ....."။

ရှေ့မှ ကားတစ်စီးရဲ့မီးရောင်ဟာ အမှောင်ထဲမှာ စိုင်းဆက်နောင်မျက်ဝန်းထဲ စူးရှစွာ ဝင်ရောက်လာခဲ့သည်။ ထို့နောက်

"ကြှီးးးးး ဒုနျးးးးးး....."

"အားးးးး......"

စိုင်းဆက်နောင် လန့်နိုးသွားခဲ့သည်။ မောဟိုက်ခြင်းများနဲ့ အတူ အိမ်မက်ဆိုးမှ စိုင်းဆက်နောင် လွတ်မြှောက်လာခဲ့သည်။

အရင်တုံးက အိမ်မက်ဆိုးမက်တာဟာ အရမ်းကြာမှ တစ်ခါဖြစ်လာတတ်ပေမယ့်။ ဂျွန်မင်းဆိုတဲ့ လင်းနစ်နဲ့ တူတဲ့ ကောင်လေးရောက်လာမှ စိုင်းဆက်နောင် အိမ်မက်တို့ ရက်တွေ ဆက်လာခဲ့သည်။

ဂျွန်မင်းစံအိမ်ကိုရောက်တာ တစ်ပတ်ရှိပြီဖြစ်သည်။ ကောင်လေးဟာ စိုင်းဆက်နောင်အား စိတ်ငြိမ်စေမယ့် ကုထုံးကလွဲလို့ ယနေ့ထိ လမ်းပြန်လျှောက်ဖို့ ကုထုံးတွေ မပြင်ဆင်သေး။

ဒါကြောင့် စိုင်းဆက်နောင် သိပ် သဘောမကျချင်ဖြစ်လာသည်။

စိုင်းဆက်နောင် လသာဆောင်ဘက်ထွက်လာခဲ့ရင်း ဦးကိုကြီးကို

"ဦးကိုကြီး ဟိုဆရာဝန်ကို လွှတ်လိုက်ပါအုံးဗျာ......"

"ဟုတ်ကဲ့သခင်လေး....."

########

ဂျွန်မင်း ပန်းခြံထဲ လမ်းလျှောက်နေမိသည်။ ဟိုလူကြီးကို ကုဖို့ဆိုတာ အချိန်နည်းနည်းတော့လိုမယ်လို့ ဂျွန်မင်းထင်နေမိသည်။

သူ့.....မျက်ဝန်း (S-1)(completed)Where stories live. Discover now