အခန်း ၂၁

Start from the beginning
                                    

"ကျွန်​တော့်မိတ်​ဆွေနဲ့ ​ကော်ဖီလာ​သောက်တာပါ...အရာရှိ Kang က​ရော"

"ကျွန်​တော်က အသိအစ်ကို တစ်​ယောက်နဲ့ ချိန်းထားလို့...အာ ဟိုမှာလာပြီ...အစ်ကို Hong"

အရာရှိ Kang လက်လှမ်းပြရာကို ကြည့်လိုက်​​တော့ Hongjoong။

"Hongjoong မလား"

"Jongho လား"

ကျွန်​တော် Hongjoong ကို နှုတ်ဆက်လိုက်​တော့ အရာရှိ Kang က သိ​နေတာလား ဆိုသည့်ပုံစံနှင့် အံ့သြ​နေသည်။

"Yunho"

ထိုစဥ် Mingi ဆီမှ နာမည်ခေါ်သံကြားရာ လှမ်းကြည့်လိုက်​တော့ Mr. Jeong Yunho ။ ထိုသူကို သူမသိစရာ အ​ကြောင်းမရှိ။ Utopia Enterprise ပိုင်ရှင် Jeong Yunho ကို လူတိုင်းသိကြသည်သာ။ သူသိချင်တာက Hongjoong နဲ့ Mr. Jeong နဲ့က ဘယ်လို ပတ်သက်လဲ ဆိုတာကိုပဲ။ ဘာလို့ဆို သူတို့နှစ်​ယောက်က အတူတွဲလာရ​လောက်တဲ့ထိ ရင်းနှီးစရာ အ​ကြောင်းမရှိဘူးမလား။

"ဒါ ကျွန်​တော့်သူငယ်ချင်း Yunho ​လေ။ Yunho ရယ် San ရယ် ကျွန်​တော်ရယ်က တစ်အိမ်ထဲ​နေတဲ့ ငယ်သူငယ်ချင်းတွေ။ အိမ်မှာက မ​တွေ့ရဘူးဆို​တော့ ​ကော်ဖီဆိုင် လာ​တွေ့ကြတာ။"

​ပြောရင်း Mingi က ရယ်​မော​စ​နောက်လိုက်သည်။

"Jongho နဲ့ ကျွန်​တော်က အိမ်နီးချင်း​တွေ​လေ"

Hongjoong ရှင်းပြလိုက်​တော့မှ အားလုံးက နားလည်သွားပုံနှင့် ​ခေါင်းညိတ်ပြကြသည်။

"အရာရှိ Kang က Hongjoong နဲ့ ဘာကိစ္စရှိလို့လဲ"

သူ​မေးလိုက်​တော့

"ကျွန်​တော်တို့ ခရီးထွက်မယ့်ကိစ္စ"

အရာရှိ Kang ဆိုလာသည့်အတွက် သူ Hongjoong ကို ​လှမ်းကြည့်လိုက်မိသည်။ Hongjoong နဲ့ ​​ဂေဟာနဲ့က ဘယ်လိုပတ်သက်တာလဲ။ သူ အရာရှိ Jeong နဲ့ အရာရှိ Kang ကို ​မေးမြန်းသလိုကြည့်လိုက်သည်။ ဆိုလိုချင်သည်က သူတို့နဲ့ ပါလာသူ​တွေက ယုံကြည်ရလား ဆိုတာပင်။ တကယ်လို့သာ ယုံကြည်ရသည်ဆိုပါက ပွဲက​တော့ ကြည့်​လှပြီ ဖြစ်သည်။ ထိုသူများက စီးပွား​ရေး​လောကတွင် ဒိတ်ဒိတ်ကြဲများ မဟုတ်ပါ​လော။ သူ့အကြည့်ကို နားလည်စွာ အရာရှိ နှစ်​ယောက်က ​ခေါင်းညိတ်ပြသည်။ ​ကောင်းပြီ​လေ...ဒါဆိုလည်း...။

Everything I do, I do it For You (Unicode Only)Where stories live. Discover now