CHAPTER-7 (UNICODE)

1.2K 81 6
                                    

"အော့!! ... "

Dongfang Hao Ye သည်ရထားပေါ်မှ ဆင်းကာ အပြင်တွင်အန်လိုက်ရသည် Beitang Yao Yue ကသူ့ကျောကုန်းအား နောက်မှ ဖိပေးထားသည်။

" မင်းနေမကောင်းဖြစ်မှာ မသိဘူးလား ဘာလို့ ရထားလုံးနဲ့ပြန်ချင်ရတာလဲ။ မြင်းနဲ့သွားတာမှ ဟိုကို မြန်မြန်ရောက်မှာ မဟုတ်ဘူးလား"

လှည်းကို ခဏရပ်နားထားလိုက်ပြီး Xiao Dong ကသူ့ကိုရေပေးခဲ့သည်။

ရှောင်ဝမ်ရယ် သည် အန်ထားသည်ကြောင့် မျက်လုံးထဲတွင် မျက်ရည်များစို့နေသည် ထိုမျက်လုံးများဖြင့် Beitang Yao Yue ကို သူကြည့်လိုက်ပြီး သူ့စိတ်ကိုနားမလည်ရ ကောင်းလားဟု စိတ်ထဲတွင် အထွန့်တက် နေလေသည် သူသည် ဝမ်အိမ်တော်သို့
နောက်ကျစွာ ရောက်ချင်သည်မဟုတ်ဘဲ လမ်းခရီး၌ သူ့ပေါင်ပေါ်မှာ အိပ်ချင်သည် သာဖြစ်သည် သို့သော်လည်း ဒီ၁၂မိုင်လေး
အတွင်းမှာ ၃ကြိမ်တိိုုင်တိုင် လှည်းကို ရပ်နားရပြီး
ပေါင်ပေါ်တွင် အနားယူဖို့နေသာသာ လမ်းတစ်လျှောက်လုံး မူးဝေသည့် ဒဏ်ကိုသာ ခံရလေသည်

"Yao Yue ကိုယ့်ကိုဖက်ထား ... "

" ပါးစပ်ပိတ်ထား!" Beitang Yao Yueက ချက်ချင်းစိတ်ရှုပ်သွားရသည်။

ရှောင်ဝမ်ရယ်သည် စိတ်ပျက်အားငယ်စွာဖြင့်
သူသည် မတ်တပ်ရပ်လိုက်ပြီး ရထားပေါ်သို့ ပြန် တက်လာခဲ့သည်။ "ကိုယ်တို့ကမြင်းတွေကိုစီးပြီးသွားမယ်ဆိုရင် မြို့တော်ကိုစောစောရောက်လိမ့်မယ် Yunchu(မြင်း) ကမြန်တယ်ဆိုတာကိုယ်သိပါ
တယ်၊ ဒါပေမယ့်စောစောပြန်မရောက်ချင်ဘူး"

"မင်း ဟိုအိမ်မှာနေပြီးပြန်မလာချင်လို့လား?"

"မဟုတ်ဘူး " ရှောင်ဝမ်ရယ် က Yao Yue ကိုပွေ့ဖက်ကာ ရင်ဘတ်နားကိုကပ်ပြီး အားပျက်နေသည့် အသံလေးဖြင့် တိုးတိုးလေး ပြောလိုက်သည်
"ဝမ်အိမ်တော် မှာ စိတ်ရှုပ်စရာတွေ အများကြီး ပဲ တခြားအိမ်ကြီးမှာမင်းနဲ့အတူနေရတာက ပိုပြီး သက်တောင့်သက်သာရှိတယ်"

Beitang Yao Yue ကသူ့ကို တွန်းဖယ်လိုက်ပြီး
"ငါ့ကို တင်းတင်းကျပ်ကျပ်မဖက်ထား  နဲ့"

"ဘာဖြစ်လို့လဲ?"

Beitang Yao Yue က "မင်း တင်းတင်းကျပ်ကျပ်ကြီး ငါ့ကိုထပ်ဖက်ထားမယ်
ဆိုရင် ငါ မင်းကို ဒီကနေ ပစ်ချလိုက်မယ်"

You've reached the end of published parts.

⏰ Last updated: Jun 02, 2020 ⏰

Add this story to your Library to get notified about new parts!

My Wangfei Is A Man [Myanmar Translation]Where stories live. Discover now