CHAPTER-4 (UNICODE)

432 49 1
                                    


နောက်တနေ့နံနက်တွင် ရှောင်ဝမ်ရယ်သည် အိပ်ယာမှ မနိုးခင်ကပင် နန်းတော်မှဧကရာဇ်၏ ဆင့်ခေါ်စာသည် အိမ်တော်သို့ ရောက်ရှိနေနှင့်ပြီ ဖြစ်သည်။  သမ်းဝေနေရင်းဖြင့် အဝတ်အစား တို့ကို အပြေး အလွှားလဲပြီး နန်းတော်ထဲသို့ ဒုန်းဆိုင်းနှင်ရပြန်သည်။ ဧကရာဇ်မင်းသည်ညီလာခံတက်ရောက်ပြီးသည်နှင့် သူတို့တွေ့နေကြ စာကြည့်ဆောင်တွင် တွေ့ဆုံကြ လေသည်

"ဟားဟား..... ညီငယ်လေး မင်းကောင်း ကောင်းလုပ်ခဲ့တယ်မလား မင်းသူ့ကို မနေ့ညက ရခဲ့တယ်မလား?"ဧကရာဇ်ကသူ့ကိုတွေ့တာ
နဲ့ပြုံးပြီး ဆီးကြိုမေးလိုက်သည်

"ဟီး ဟီး...အစ်ကိုကြီးရဲ့ကောင်းချီးပေးမှု အတွက် ကျေးဇူးတင်ပါတယ် "ရှောင်ဝမ်ရယ် က ပြုံး၍ ပြန်ဖြေလိုက်သည် သူသိတာပေါ့ သူ့အကိုကြီးက ပျင်းနေလို့ အလုပ်မရှိအလုပ်ရှာ သူတို့ကို လိုက်ဂရုစိုက်နေတာပေါ့

ဧကရာဇ်က "Beitang Yao Hui ဆီကနေ  ဖူချွန်း အမှုန့် ရတာကတော့ နည်းနည်းတော့ ကို့ယို့ကားယားတော့နိုင်တယ်"

"Beitang Yao Hui? Yao Yue ရဲ့ဒုတိယ အကိုလား" ရှောင်ဝမ်ရယ်သည် အံ့သြသွားသည်

"ဟုတ်တယ်လေ " ဧကရာဇ်မင်း၏မျက်လုံး များက စိတ်လှုပ်ရှားမှုများဖြင့် တလှပ်လှပ် ဖြစ်နေသည်
“ Hao Hao မင်းက အခုအရွယ်ရောက်လာပြီ ဒီကိုလာပါအုံး ဒီအစ်ကိုကြီးကိုပြောပြ မင်းသူ့ကို ရဖို့ဘာလုပ်ခဲ့ရလဲ”

"အဟွတ် အဟွတ်.." Dongfang Hao Ye သည် ဧကရာဇ်၏စကားကြောင့် တံထွေး သီးသွားရသည်  သူက“ ဧကရာဇ် ဟာနိုင်ငံ ရဲ့ခေါင်းဆောင်ဖြစ်တယ် အမျိုးသားရေးရာနဲ့ တာဝန်ဝတ္တရားတွေကြောင့်ဝန်ပိနေရတယ်မလား ဒါကြောင့် ဒီညီတော်ရဲ့ အတွင်းရေးတွေကြောင့် ဝန်မပိစေချင်ပါဘူး "

"ငါ့မှာ ဖူချွန်း ပုလင်းတစ်လုံးရှိသေးတယ်အဲ့တာကို Beitang Yao Yue ဆီကိုပို့လိုက်သင့်လား" ဧကရာဇ်သည် ချိန်းခြောက်လိုက်သည်

"ဟီး ဟီး အစ်ကိုကြီးနဲ့ ဒီအကြောင်းတွေကို ဘာလို့မပြောနိုင်ရမှာလဲ ဒီအရာတွေအားလုံး ကအစ်ကိုကြီးရဲ့ကျေးဇူးကြောင့်မို့ ဖြစ်လာ တာပဲလေ " ရှောင်ဝမ်ရယ် သည်ချက်ချင်းပင် ရယ်မောလိုက်ပြီးဖြစ်ပျက်ခဲ့သည်များကိုရှင်းပြ
လ်ိုက်သည်။ သူက အရင်တစ်ခေါက်ကလို စားပွဲခုံအောက် မှာ ပြောနေတာမဟုတ်တာ ကိုပဲကျေးဇူးတင်မိသည် မဟုတ်ရင်သူ့ခြေထောက် တွေပြန်ဆန့်နိုင်မှာမဟုတ်ဘူး

My Wangfei Is A Man [Myanmar Translation]Where stories live. Discover now