PROLOGUE

5.9K 129 2
                                    

အ.......သူ့ခေါင်းက အရမ်းနာနေတယ် အရမ်းလည်း ဆူနေတယ် ဘယ်သူ သူ့နားမှာ အော်နေတာလဲ? သူ့ကိုယ်ကို လှည့်လိုက်ပြီး ခေါင်းကို စောင်ဖြင့်တင်းတင်း ခြုံထားလိုက်သည်

ဝမ်ရယ် ? ဝမ်ရယ် သတိရလာတာလား

အိပ်သည်

"ရှောင်ဝမ်ရယ် သတိရလာတာလား??

နောက်ထပ် ရအောင်အိပ်သည်

"ဝမ်ရယ် သတိရလာတာလား? ဝမ်ရယ်..
ရှောင်ဝမ်ရယ်...."

"သတိရမနေဘူး! သတိရမနေဘူးဟေ့..."

သူနောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ထထိုင်လိုက်ပြီး အော်ဟစ်လိုက်သည်

သူအော်ဟစ်လိုက်တာက အလုပ်မဖြစ်ဘူး ဆိုတာ သူသိသွားပြီ အာ့ဒါက ငြိမ်သွားရမည့်အစား ပိုပြီးတောင် အုတ်အော်သောင်းနင်းပို၍ ဖြစ်သွားသည်

"ရှောင်ဝမ်ရယ်သတိရလာပြီ...ရှောင်ဝမ်ရယ် သတိရလာပြီ" ဆူညံသံကြီးက ပိုလို့တောင် ပျံ့နှံ့သွားသည်

'ဘုရားသခင် ..ဘာလို့အာ့လောက်တောင် ဆူညံနေရတာလဲ?' သူမျက်စိကို ပိတ်ပြီး အော်လိုက်သည်

"ပါးစပ်ပိတ်ထားစမ်း" သူ့အခန်းရှေ့မှာ ယောက်ယက်ခတ်နေတဲ့ လူတွေသည် ချက်ခြင်း ရပ်တန့်သွားပြီး သူ့အား ကြောင်အစွာ ကြည့်နေသည်

သေချာစွာကြည့်လျှင် အခန်းရှေ့တွင် အသက်ကြီး အသက်ငယ် ဝဝ ပိန်ပိန်တွေ စုပြုံနေသည်

"ရှောင်ဝမ်ရယ် သတိရလာပြီပေါ့နော်.." အသက်ကြီးကြီးအစေခံသည် စိတ်လှုပ်ရှားစွာ မေးလိုက်သည် အိပ်ယာပေါ်တွင် သူ့လက်ကို တင်ထားပြီး မျက်ရည်ဝဲစွာဖြင့် ပြောလိုက်သည်

"ရှောင်ဝမ်ရယ် သာ သေသွားခဲ့ရင် ဒီအစေခံ မင်းကြီးကို ဘယ်လိုလျှောက်တင်ရမလဲ ဒီအစေခံက တန်ဖိုးမရှိပါဘူး ဝမ်ရယ်ကိုတောင်  ဂရုမစိုက်နိုင်ဘူး"

ရှောင်ဝမ်ရယ်သည် သူ့နားသူ ကိုင်လိုက်ရင်း မေးလိုက်သည် "မင်းက ဘယ်သူလဲ"

" ဟင်..." အစေခံသည် မူးမေ့လဲသွားသလို ဖြစ်သွားသည်

"ဘယ်သူလဲ? "
Xiao Wangyeထပ်မေးလိုက်သည်

My Wangfei Is A Man [Myanmar Translation]Where stories live. Discover now