အခန်း ၂၀

Start from the beginning
                                    

"​ဘာမှမဖြစ်သွားဘူးမလား...​"

သူ့ကို ​မေးလာရင်း သူ့ခန္ဓာကိုယ်ကို စစ်​ဆေး​နေသည့် Mr. Song ကြောင့် သူအသာရယ်ပြလိုက်ရင်း ဘာမှ မဖြစ်​ကြောင်း ​ပြောပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး...ကဲ အခုစခန်းသွား​တော့မယ်...​နောက်မှ​တွေ့မယ်​"

"ည​နေ"

"ဟမ်"

"ည​နေကျရင် ​ကော်ဖီဆိုင်ကို လာခဲ့...လို့"

​ပြောရင်း ​ခေါင်းငုံ့သွားတဲ့သူ​ကြောင့် သူပြုံးမိသွားသည်။ ဘာလဲ ရှက်သွားတာလား Mr. Song က​လေ။ အဲ့လူကြီးက​လေ။ ရှက်သွား​တဲ့ပုံ​လေးကလည်း ...အား...အသည်းယားတယ်​နော်။

"လာခဲ့မယ်...​"

​ပြောရင်း Mr. Song ဆီသို့ ​​လျှောက်သွားလိုက်သည်။
တစ်​ယောက်အသက်ရှူသံ တစ်​ယောက်ကြားရ​လောက်သည့် အ​နေအထားကို ​ရောက်​တော့ သူထိုသူ့နားရွက် နားကို အသာကပ်လိုက်ပြီး

"ကျွန်​တော် ​သေချာ​ပေါက် လာခဲ့မှာမို့...ဆက်ဆက်​စောင့်​နေ​ပေး"

​ပြောလိုက်​တော့ နီရဲတက်လာသည့် သူ့နားရွက်ကို တစ်ချက်ပြုံးကြည့်လိုက်ရင်း ထို​နေရာက​နေ ထွက်လာကာ စခန်းဆီသို့ ဦးတည်​မောင်းလာခဲ့​တော့သည်။

စခန်းတွင်...

"စခန်းမှူး Jongho တာဝန်​ကျေပါတယ်။ ဒီတစ်ခါ အမှုကို ​ဖြေရှင်းနိုင်လို့ ရာထူးတိုး​ပေးမယ်လို့ အထက်က ​ပြော​နေသံကြားတယ်။ ဂုဏ်ယူပါတယ်ကွာ"

သူ့ကို ဂုဏ်ပြုစကား ​ပြောလာသည့် အထက်အရာရှိ​ကြောင့် သူလည်း ​ကျေးဇူးတင်စကား ပြန်​ပြောရင်း အရာရှိအခန်းထဲမှ ထွက်လာခဲ့သည်။ သူ့ခေါင်းထဲ သံသယ​တွေ များလာသည်။ ပထမတစ်ချက် ဘဏ်ဓါးပြတိုက်တယ်သာ ​​ပြောတာ ပြစ်မှုကျူးလွန်သူ​တွေကို ကြည့်လိုက်ရင် ဒီနယ်​မြေနဲ့ မရင်းနှီးမှန်း အရမ်းသိသာသည်။ ဒုတိယတစ်ချက် ဒီအမှုက ​​ဖြေရှင်းရတာ အရမ်းလွယ်လွန်း​နေသည်။ ဤသည်ကို အထက်လူကြီးများ မရိပ်မိသည်မှာ မဖြစ်နိုင်။ ထို့ပြင် အထက်က ဒီကိစ္စ​ကို ​​ရေးကြီးခွင်ကျယ် လုပ်​နေတာကို သူမသင်္ကာလှ။ ဒီ့ထက် အ​ရေးကြီးတဲ့ လူသတ်မှု​တွေ သူလိုက်ခဲ့တုန်းက​တောင် သူ့ကို ဒီ​လောက် ​​ဖော်​ဖော်​ရွေ​ရွေ စကားမ​ပြောဖူးဘူး။ တစ်ခုခု​တော့ လွဲ​နေပြီ။ သူ​တွေး​နေရင်း သူ့အခန်းထဲ ဝင်လာခဲ့​တော့

Everything I do, I do it For You (Unicode Only)Where stories live. Discover now