"အင်း...ကိုကိုက မြေခွေးပေါက်လေးတွေကို မကြိုက်ဘူး...။"
ပြောရင်း သူ့လည်ပင်းတွင် ခေါင်းအပ်လိုက်သည်။
"ချစ်ပဲချစ်တာ"
ထိုစကားကို ကြားလိုက်တော့ Hongjoong ရဲ့ မူမမှန်တဲ့ လုပ်ငန်းတွေ စတင်လုပ်ဆောင်ကုန်ပြီ ဖြစ်သည်။ နှလုံးသားက သူ့သခင်ထံမှ မျှော်လင့်ထားသော စကားကို ကြားလိုက်ရ၍ ပျော်ရွှင်မြူးတူးကြောင်း သက်သေပြသည့်အနေနှင့် ကဆုန်ပေါက် ခုန်ပေါက်လာသည်။
"Hong လေးရော...ကိုယ့်ကို ချစ်လား"
သူ့လည်ပင်းမှ ခွာကာ သူ့မျက်လုံးကို မေတ္တာအတိ ပျော်ဝင်နေသော အကြည့်တို့နှင့် တည့်တည့်စိုက်ကြည့်ကာ မေးလာသော Yunho ကို သူလည်း မြတ်နိုးမှုများ စီးဝင်နေသော အကြည့်တို့ကို ပြန်လည်ပေးအပ်ရင်း နှစ်ကိုယ်တည်း ကြားနိုင်ရုံလောက်သာ ဆိုလိုက်သည်။
"ချစ်တယ်...ကိုကို"
_________________________________________"Hello"
"Hello"
"ဒီမှာရှင့် ဖုန်းခေါ်ပြီးရင် စကားပြောရမယ်ဆိုတာ မသိဘူးလား"
"..."
"Okay လေ ဘာမှမပြောရင် ဖုန်းချလိုက်ပြီ"
ဖုန်းပိတ်လိုက်ကာ နားထင်ကို လက်နဲ့ အသာပွတ်လိုက်သည်။ အခုတလော အမည်မသိ ဖုန်းတွေ ခဏခဏ ဝင်ပြီး ကိုင်လိုက်တိုင်း ဘာမှပြန်မပြော။ အလကား... ဖုန်းသရဲတွေ။ ထိုးကိုက်လာသော ခေါင်းကြောင့် ဆေးသောက်ရန်အတွက် ထိုင်နေရာမှ ထကာ မီးဖိုချောင်ထဲကို ထွက်လာခဲ့သည်။ ဆေးယူသောက်ရင်း ပြတင်းပေါက်ကနေ အပြင်ကို ကြည့်မိတော့ ဖြတ်လျှောက်သွားသော လူရိပ်ကို တွေ့လိုက်ရသည်။ တိုက်ခန်းချင်း ကပ်နေသည့်အတွက် ထိုသို့ လူရိပ်များတွေ့ရသည်က Erika အတွက် အဆန်းမဟုတ်တော့။ ဆေးသောက်ပြီး အိပ်ခန်းထဲသို့ လျှောက်လာကာ ကုတင်ပေါ်တက်ပြီး အိပ်ရန်ပြင်လိုက်သည်။ အိပ်ဖို့ ကြိုးစားရင်း သူ့ငယ်ဘဝက မဖိတ်ခေါ်ဘဲ အတွေးထဲ ကျူးကျော်ဝင်ရောက်လာသည်။ အခုချိန်မှာ Erika လို့ ပြောလိုက်ရင် Edel Enterprise ရဲ့ CEO ဆိုပြီး တန်းသိကြမည်။ အသက် ၂၇ နှစ်နဲ့ Enterprise တစ်ခုလုံးကို ဦးစီးထူထောင်ခဲ့သူအဖြစ် သိကြလိမ့်မည်။ စားစရာမရှိ သောက်စရာ မရှိ ခြေသလုံးအိမ်တိုင် လျှောက်သွားရင်း ကြုံရာကျပန်း လုပ်ခဲ့ရသူအဖြစ် မည်သူမျှ သိလိမ့်မည်မဟုတ်။ မွေးကတည်းက မိဘများရဲ့ စွန့်ပစ်ခြင်း ခံခဲ့ရပြီး ဂေဟာမှာ ကြီးပြင်းခဲ့ရသည်။ အထက်တန်းကျောင်းပြီးချိန်တွင် ဘဝကို ရုန်းကန်အတွက် ဂေဟာမှ ထွက်လာခဲ့သည်။ စီးပွားရေးကို မသိနားမလည်သေးသည့်အတွက် စီးပွားရေးလောကရဲ့ဒဏ်ကို ခါးစီးခံခဲ့ရသည်။ ဘဝရဲ့ နာကျည်းမုန်းတီးမှုတွေကို ခံပြင်းစိတ်အဖြစ်ပြောင်း အားအင်အဖြစ် မွေးမြူကာ Erika ဆိုသည့် နာမည်တစ်လုံး စီးပွားရေးလောကထဲ ရောက်ဖို့အတွက် သူရုန်းကန်ခဲ့ရသည်။ တကယ်တော့ သူပင်ပန်းနေပါပြီ။ အခုချိန်မှာ တိုက်ခန်း၊ ကား၊ ကုမ္ပဏီ စတာတွေ အကုန်ပိုင်ဆိုင်နေပြီ ဖြစ်လို့ သူကောင်းကောင်းအနားယူနိုင်ပြီလို့ ထင်ခဲ့ပေမယ့်လည်း ညတိုင်း သူ့ရဲ့ အတိတ်ဆိုးတွေက ခြောက်လန့်မြဲဖြစ်သည်။ တစ်နေ့...အဲ့တစ်နေ့ကျရင်တော့ သူ့ဘဝငြိမ်းချမ်းမှုအတိ ဖုံးလွှမ်းသွားမှာပါလို့ တွေးရင်း မျက်စိစုံမှိတ်ကာ အိပ်ပျော်အောင် ကြိုးစားလိုက်တော့သည်။
_________________________________________Wooyoung အလင်းရောင် ဂေဟာကို ရောက်တော့ ဂေဟာမှူးကို အသတ်ခံရသူ နှစ်ယောက်အကြောင်း မေးမြန်းလိုက်သည်။ သို့သော် သတင်းအဖြစ် ယူဖို့ ဘာအချက်အလက်မှ မသိရ။ ထိုသူနှစ်ယောက်လုံးဟာ တသီးတသန့်နေသူများသာ ဖြစ်ကြောင်း၊ မည်သူနဲ့မှ အရောမဝင်ကြောင်းသာ သိခဲ့ရသည်။ တခြားဘာအချက်အလက်မှ မသိရ။ ထိုသူနှစ်ယောက်လုံးရဲ့ ဘဝကို ဖြတ်သန်းပုံဟာ အရမ်းရိုးရှင်းလွန်းပြီး သီးခြားဆန်လွန်းသည်ဟု သူတွေးလိုက်မိသည်။ သူစိတ်ပျက်ပြီး ဂေဟာမှ ထွက်လာကာ သူ့အိမ်သို့သာ ပြန်မောင်းလာခဲ့တော့သည်။ သို့သော် သူနောက်တစ်ခေါက် ဒီဂေဟာသို့ သေချာပေါက် ပြန်လာရဦးမည်ကို တွေးရင်း နှုတ်ခမ်းအဖျားလေး ကော့တက်သွားသည်။
_________________________________________
YOU ARE READING
Everything I do, I do it For You (Unicode Only)
Romanceမတူညီတဲ့ မျဥ်းပြိုင်နှစ်ကြောင်းက ဘယ်တော့မှ မဆုံစည်းနိုင်ဘူးဆိုတဲ့ သီအိုရီကို စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ သီအိုရီ မှားယွင်းကြောင်း သက်သေပြမယ်ဆိုရင်... အစဥ်အလာတွေကို ချိုးဖျက်ပြီး လျှောက်တဲ့လမ်းက အမြဲခယောင်းလမ်းပဲ ဒါပေမယ့် မြတ်နိုးရသူနဲ့သာ အ...
အခန်း ၁၈
Start from the beginning