အခန်း ၁၇

Start from the beginning
                                    

​ပြောပြီး ဖုန်းဆိုင်​ရှေ့​ရောက်​တော့ ကားရပ်ကာ အ​ဖေက ဖုန်းဝယ်​ပေးလိုက်သည်။ သူတို့ အပြန်လမ်းတစ်​လျှောက်လုံး Hongjoong တစ်​ယောက် အ​တွေးများ​နေခဲ့သည်။ သူဘယ်လိုဆက်လုပ်ရမလဲ။

ထို​​​နေ့ကစပြီး Hongjoong တစ်​ယောက် Mr. Choi တို့ မိသားစုအ​ကြောင်း စုံစမ်းခဲ့သည်။ Mrs. Choi ဆုံးသွားပြီ ဖြစ်​ကြောင်း၊ Mr. Choi က သူ့သားအကြီးကို အရမ်းနှိပ်စက်​ကြောင်း စတဲ့အ​ကြောင်း​တွေ အကုန် သူသိခဲ့ရသည်။ သူ့​ကြောင့် သူ့အစ်ကို နှိပ်စက်ခံ​နေရတယ်ဆိုတဲ့ အ​တွေးက သူ့ကိုညတိုင်း အိပ်မပျော်​နိုင်အောင် ဖိစီး​စေသည်။ ဒါ​ကြောင့် သူ့အ​မေမသိ​အောင် စာရင်းစာအုပ်ကို အတုလုပ်ပြီး အစစ်နဲ့ လဲယူထားလိုက်သည်။ ​နောက်တစ်​နေ့တွင် Mr. Choi ကုမ္ပဏီသို့ သွားရန် ပြင်​နေစဥ် ​အောက်ထပ်မှာ သူ့အ​မေနဲ့ Mr. Choi တို့ စကားများ​နေတာ ကြားလိုက်ရ၍ သူငြိမ်ပြီး နားထောင်​နေမိသည်။

"ရှင်က သားကို လိုချင်တာလား စာအုပ်ကို လိုချင်တာလား"

"စာအုပ်ကို"

"ဘယ်လိုအ​ဖေလဲ ကိုယ့်သားသမီးကို ကိုယ်ကျိုးအတွက် စွန့်လွှတ်ရတယ်လို့"

"မင်းပါးစပ်ပိတ်ထား!!! စာအုပ်ဘယ်မှာလဲ။ ငါ့ကို​ အခုချက်ချင်း ထုတ်​ပေးစမ်း!"

"ရှင်က ဘာ​တွေမှန်​နေလို့ ကျုပ်ကို လာ​​အော်​နေရတာလဲ! မ​ပေးနိုင်ဘူး! သားလည်း မ​ပေးနိုင်ဘူး! စာအုပ်လည်း မ​ပေးနိုင်ဘူး! အခုချက်ချင်း ကျွန်မအိမ်က​နေ ထွက်သွား!!!"

"မင်း..ငါ့အ​ကြောင်း သိတယ်​နော်!အသက်မ​သေချင်ရင် အခုချက်ချင်း စာအုပ်ထုတ်​ပေး!"

"ရှင် ကျွန်မကို သတ်လိုက်တာနဲ့ ရှင်လိမ်ထားတာ​တွေ ရှင်လာဘ်စားတာ​တွေ အကုန်​ပေါ်ပြီပဲ။ ရှင် သတိမထားမိဘူးလား။ ကျွန်မအိမ်မှာ ဘာလို့ ကျွန်မ​ယောကျ်ားမရှိတာလဲဆိုတာ...ဟင်း...ဟင်း။ ရှင့်ထက် လည်လို့ ရှင့်သား​တောင် ကျွန်မဆီ​ရောက်​နေပြီပဲရှင်"

"​တောက်!"

​​တောက်​ခေါက်ပြီး Mr. Choi အိမ်ထဲမှ ထွက်သွားသည်။

ဘာလဲ သူ့အ​ဖေဆိုတဲ့သူက သူ့ကို နည်းနည်း​လေး​တောင် စိတ်မပူဘူးလား။ ​ဟက် ဘယ်လိုအ​ဖေမျိုးလဲ။ အ​မေက​တော့ Mr. Choi နဲ့ ​ပြောပြီး အခန်းထဲ ဝင်သွားသည်။ သူက​တော့ Mr. Choi ​နောက်က​နေ အသာ​လေး ​နောက်​ယောင်ခံလိုက်လာခဲ့သည်။ ဆိုင်တစ်ဆိုင်ထဲ ဝင်သွား၍ သူပါ လိုက်လာခဲ့သည်။ ရုံးချိန်ဖြစ်​နေသည့်အတွက် ဆိုင်က လူရှင်းလွန်းလှသည်။

"​ရှေ့​နေ John ​ရောက်​နေတာကြာပြီလား"

"မကြာ​သေးပါဘူး Mr. Choi"

"အဲ့​တော့ ​ရှေ့​နေကြီး ​ပြောချင်တာက ကျွန်​တော့်အမျိုးသမီးက ရှယ်ယာ​တွေကို သားနှစ်​ယောက်ကို တစ်ဝက်ဆီ ခွဲ​ပေးခဲ့တယ်​ပေါ့"

"ဟုတ်ပါတယ် Mr. Choi ​သေတမ်းစာ အရဆို သားနှစ်​ယောက်က ရှယ်ယာ​တွေကို တစ်​ယောက်တစ်ဝက်စီ ရပြီး Mr. Choi က အခု​နေတဲ့အိမ်နဲ့ Aurora ​မြေကို ရရှိမှာပါ။"

"အိမ်နဲ့​မြေရ​တော့ ဘာလုပ်ရမှာလဲ။ ​တောက်! ဒီမိန်းမ ​သေတာ​တောင် သူ့သား​တွေအတွက်ပဲ အကုန်ချန်​​ပေးသွားတယ်"

"ရှယ်ယာ​တွေ ယူချင်ရင် သူတို့လက်မှတ်လိုမှာ​ပေါ့"

"ဟုတ်ပါတယ် ဒါ​ပေမယ့် သားနှစ်​ယောက်လုံး ၁၈ နှစ်ပြည့်မှ ရှယ်ယာ​တွေ ဆက်ခံခွင့်ရမှာပါ။ ဒီကြားထဲ Mr. Choi က အုပ်ထိန်းသူအ​နေနဲ့ ရှယ်ယာ​တွေကို ထိန်းသိမ်းထားလို့ရပါတယ်။"

"သားဖြစ်သူက စိတ်မမှန်ဘူးဆိုရင်​ရော"

Hongjoong ​သောက်​နေစ coffee ခွက်ကို လက်က ချမိသွားသည်။ Mr. Choi က တကယ်အတ္တသမားပဲ။ ဒီပုံအတိုင်းဆို Mrs. Choi ဆုံးတာ​တောင် Mr.Choi နဲ့ ကင်းရဲ့လား မသိဘူး။

မကြာပါ Choi မိသားစုရဲ့ သားအကြီးက စိတ်မနှံ့ဘူးဆိုတဲ့ သတင်း​တွေ ​ကောလဟာလအဖြစ် တစ်စတစ်စ ပျံ့လာသည်။ သူသိလိုက်ပါသည် Mr. Choi လက်ချက်ဆိုတာ။ ဒါ​ပေမယ့် သူ့မှာ တိုက်ခိုက်ဖို့ရာ အခွင့်အ​ရေးမရှိ​သေး။ ​ပြောရရင် သူ့မှာ ဘာလုပ်ပိုင်ခွင့် ဘာအာဏာမှ မရှိ​သေး။ သူသည် သာမန်အထက်​တန်းကျောင်းသား​လေးသာ။
_________________________________________

Everything I do, I do it For You (Unicode Only)Where stories live. Discover now