စခန်းမှူးဆီက ပုံ​တွေကို ယူကြည့်လိုက်​တော့ ပုံတူနှစ်ပုံ။

"အသတ်ခံရသူ​တွေရဲ့ပုံ​​တွေ​တော့ မဖြစ်နိုင်ဘူး။ ဘာလို့ဆို သူတို့လက်​ဗွေရာ​တွေ မ​တွေ့ရဘူး။ တကယ်က ဘာလက်​ဗွေရာမှကို မ​တွေ့ရတာ။ ကြည့်ရတာ လူသတ်သမားက ချန်ခဲ့တာ ဖြစ်မယ်ထင်တယ်။ အခု အရာရှိ Jeong က ​ဂေဟာကို သွားစုံစမ်း​နေတယ်။"

Yeosang ပုံ​တွေကို ကြည့်ရင်း ​ခေါင်းကို အလုပ်​ပေး​နေလိုက်သည်။ ​သေချာပါတယ်...သူအလင်း​ရောင်​ဂေဟာဆိုတာကို ရင်းရင်းနှီးနှီးကြီးကို ကြားဖူး​နေတာ။
_________________________________________

Yeosang အိမ်ပြန်​ရောက်​တော့ အစ်ကို Seonghwa ကို ​တွေ့လိုက်ရသည်။

"ပြန်လာပြီလား"

"အင်း"

​ပြောရင်း ရင်ခွင်ထဲ ​ခေါင်းတိုးဝင်ကာ အစ်ကို့ ကိုယ်သင်းရနံ့ကို ရှူရှိုက်​နေလိုက်သည်။

"ပင်ပန်း​နေပြီလား"

အစ်ကိုက သူ့​နောက်​ကျောကို ဖွဖွ​လေး ပွတ်​ပေးကာ သူ့​ခေါင်း​လေးကို အနမ်း​ခြွေလိုက်ရင်း ​မေးလာသည်။

"အင်း နည်းနည်း"

"​အင်း ​တော်တယ် Sang ​လေး ...အခု​ရေသွားချိုး​လိုက်​​တော့​နော် လန်းသွား​အောင်လို့။ ကိုယ်ညစာပြင်ထား​ပေးမယ်။"

"ဟုတ်"

ညစာစား​နေစဥ်...

"အစ်ကို အလင်း​ရောင်​ဂေဟာဆိုတာကို ကြားဖူးလား"

Yeosang တစ်​ယောက် ဇ​ဝေဇဝါ ဖြစ်​နေ၍ အစ်ကို့ကို ​မေးလိုက်သည်။

"အလင်း​ရောင်​ဂေဟာ?...အာ Hongjoong မိဘ​တွေ နှစ်စဥ်​ထောက်ပံ့​နေတဲ့ ​ဂေဟာမလား"

"Hongjoong?...အာ အစ်ကို Hong လား"

သူ အစ်ကို Hong ကို သိပါသည်။ အစ်ကို Seonghwa နဲ့ အမြဲတမ်းအတူ​တွေ့ရလို့ သဝန်တိုခဲ့ရာက​နေ အရင်ခင်သွားခဲ့ရတဲ့ အစ်ကိုပါ။ အစ်ကို Hong က စိတ်ထားအရမ်းဖြူစင်ပြီး လူတိုင်းအ​ပေါ် အနစ်နာခံ​​ပေးသည်။ သူ့ကိုဆိုရင်လည်း ညီ​လေး Sang ဆိုပြီး အမြဲအလိုလိုက်​ပေးသည်။

"အင်း...သူ့မိဘ​တွေက အဲ့​ဂေဟာကို ​တော်​တော်သံ​ယောဇဥ် ရှိတယ်ထင်တယ်။ Hongjoong အ​ဖေဆုံးပြီး အိမ်စီးပွား​ရေး ယိုင်လဲသွားတာ​တောင် ​ဂေဟာကို ​ထောက်ပံ့တာ မပြတ်ဘူး"

အစ်ကို့ရဲ့စကား​ကြောင့် Yeosang အ​သေအချာ စဥ်းစားကြည့်သည်။ အစ်ကို Hong နဲ့ ​တွေ့ကြည့်ရမလား။

"အစ်ကို ကျွန်​တော် အစ်ကိုHong နဲ့ ​တွေ့ကြည့်လို့ရမလား"

"အင်း ရတယ်​လေ ဘယ်အချိန်​လောက် ​တွေ့ချင်တာလဲ"

"မနက်ဖြန်​လောက်"

"အင်း အစ်ကို သူ့အိမ်လိုက်ပို့​ပေးမယ်"

"ဟုတ်"
_________________________________________

မီး​ရောင်မှိန်ဖျဖျသာ ထွန်းထား​သော အခန်းကျယ်ကြီးထဲတွင် ကျွန်းစားပွဲကြီးသည် ခမ်းနားထည်ဝါလွန်းလှစွာ တည်ရှိ​နေသည်။ ထိုစားပွဲကို ကျွန်းထိုင်ခုံကြီးများက ပတ်ပတ်လည်ဝန်းရံထားသည်။ စားပွဲ​ပေါ်တွင် ဝိုင်သုံးခွက်ရှိပြီး ကျွန်းထိုင်ခုံ သုံးခုံထက်တွင် ခံ့ညားလွန်းပြီး မာန်အပြည့်ရှိ​သော ​ယောကျ်ားသုံးဦးထိုင်ကာ တစ်စုံတစ်ခုကို ​လေး​လေးနက်နက် ​ဆွေး​နွေး​နေကြသည်။

"​နောက်တစ်မှု ထပ်တိုးလာပြီ။ အဲ့ဒါ​ရော သူနဲ့ဆိုင်မယ်ထင်လား။"

San က ​မေးလိုက်သည်။

"ကျိန်း​သေတာ​ပေါ့"

Mingi က ဖြည့်စွက်​ထောက်ခံလိုက်သည်။

"San  မင်းအတွက် လက်​ဆောင်"

ဆိုကာ စာအုပ်တစ်အုပ်ကို Yunho က San ​ရှေ့ တွန်း​ပေးလိုက်သည်။

"ဟက်...ဒါ​ကြောင့်တဲ့လား နှစ်​ပေါင်းများစွာ ​ခွေးလိုဆက်ဆံခံခဲ့ရတာ ဟား"

"မင်းအ​ဖေ...sorry...Mr. Choi ကို ဘယ်လိုလုပ်မလဲ"

Mingi က San ဘက်ကို လှမ်းကြည့်ရင်း ​မေးလိုက်သည်။

"အတုံ့အလှည့်​ပေါ့"

​ပေါ်လာတဲ့ ပါးချိုင့်​​လေးနဲ့ မလိုက်ဖက်စွာ နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ခု ဖြစ်တည်နေပြီး ​​သေချာကြည့်ပါက မျက်ဝန်းထဲတွင် ခံပြင်းစိတ်၊ အမုန်းတရားများ​ကြောင့် မျက်ရည်စ အနည်းငယ် ရစ်သီ​​နေသည်ကို ​တွေ့ရလိမ့်မည်။

ထိုသူသုံး​ယောက်၏ စကားဝိုင်းကို ကောင်​လေးတစ်​ယောက်သည် ​လှေကားအရင်းမှ ရပ်ကြည့်​နေခဲ့သည်။ ထို​ကောင်​လေး မသိခဲ့သည်က သူ့ကို စိုက်ကြည့်​နေခဲ့​သော စူးရဲလွန်းသည့် မျက်ဝန်းတစ်စုံ။
_________________________________________

Everything I do, I do it For You (Unicode Only)Место, где живут истории. Откройте их для себя