အခန်း ၁၅

Začít od začátku
                                    

သူ့ကို ပြန်​ဖြေ​နေတဲ့ မိန်းက​လေး မျက်ဝန်းထဲ ကြည့်လိုက်​တော့ ဝမ်းနည်းရိပ်၊ ပူ​ဆွေး​ရိပ်၊ ​ဒေါသရိပ်​တွေကို ​တွေ့လိုက်ရသည်။ အင်း...ဘဝကို တစ်​ယောက်တည်း ရုန်းကန်ရသူ​တွေရဲ့ အရိပ်​တွေ​ပေါ့။

"အကူအညီလိုရင် ကျွန်​တော့်ဆီ လာ​ပေါ့။ တတ်နိုင်သ​လောက် ကူညီ​ပေးပါ့မယ်။"

"​ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်​မ​ကြောင့် ဒုက္ခများသွားရပြီ။"

"ရပါတယ်။ အဲ့ဒါဆို ခွင့်ပြုပါဦး။"

"​ကောင်းပါပြီရှင်။"

သူနှုတ်ဆက်ပြီး အခန်းသို့ ပြန်လာခဲ့သည်။ အခန်း​ရှေ့တွင် လူရိပ်​တွေ့လိုက်ရ၍ သတိအ​နေအထား ဖြစ်သွားသည်။ ထိုလူသူ့ဘက်ကို လှည့်လာ​သောအခါမှ

"အစ်ကို Seonghwa?"

"Sang ​လေး"

"အစ်ကို ဘယ်လိုလုပ် ဒီ​ရောက်​နေတာလဲ"

"Sang ​လေး ကိုယ့်ဆီ ဖုန်းဆက်တယ်​လေ။ ဖုန်းဆက်ပြီး ဘာမှမ​​ပြောဘဲ ဖုန်းချလိုက်လို့ စိတ်ပူပြီး ထွက်လာခဲ့တာ။ Sang ​လေးက ဘယ်က ပြန်လာတာလဲ။"

"ဒီနားခဏပါ"

"အထဲဝင်​လေ"

"အင်း"

"Sang ​လေး ကိစ္စတစ်ခုခု ရှိလို့လား။"

"မရှိပါဘူး...ဒီအတိုင်း အိပ်မ​ပျော်လို့"

"ကိုယ်နဲ့အတူအိပ်မလား"

"အမ်"

"ဟို ကိုယ်​ပြောတာက အိပ်မ​ပျော်ဘူးဆိုလို့ ကူ​စောင့်အိပ်​ပေးရမလားလို့ပါ"

​ပြောပြီး လည်ပင်းပွတ်ကာ ရယ်​နေ​သော အစ်ကို Seonghwa သည် အလွန်ချစ်ဖို့​ကောင်းသည်။ မခွဲချင်​တော့ဘူး အစ်ကိုနဲ့။ အစ်ကိုနဲ့ အလှမ်း​ဝေး​နေ​သော ထိုင်ခုံမှ ထသွားကာ အစ်ကို့ရင်ခွင်ထဲ တိုးဝင်လိုက်သည်။

"Sang ​လေး"

"​​နေပေး။ အမြဲအဲ့လို​​ဘေးနားမှာ ​နေပေး။ တစ်​ယောက်တည်း ထပ်မထားခဲ့ပါနဲ့​တော့။"

​ပြောရင်း မျက်ရည်များ ကျလာသည်ကို ခံစားမိသည်။ ငါလည်း အစ်ကိုနဲ့​တွေ့ရင် အငိုသန်တဲ့ က​လေးကို ဖြစ်လို့။

Everything I do, I do it For You (Unicode Only)Kde žijí příběhy. Začni objevovat