အခန်း ၁၃

Start from the beginning
                                    

"မျက်လုံးလည်း ကျွတ်ပြီး ပါသွားဦးမယ်။"

သူအ​တွေးလွန်​နေတုန်း သူ့နားနား ကပ်ပြီး ဆိုလာတဲ့ Yunho ကြောင့် လန့်သွားသည်။

"ဘာ..ဘာလို့ ပါရမှာလဲ။ Seonghwa ​ရေ ဒီတစ်သက် ငါ့ကို အိမ်ထဲဝင်ခိုင်းဦးမှာလား။"

​ပြောပြီး အိမ်ထဲ ကမူးရှူးထိုး ​ပြေးဝင်သွားလိုက်သည်။
အဲ့လူကြီးနဲ့ ​ဝေး​ဝေး​နေရမယ်။ သူက မူမှန်​​အောင် ခဏခဏ လုပ်တယ်။ virus ကြီး။

"Hongjoong ​အန်တီ​နေ​ကောင်းသွားပြီလား"

"အင်း သက်သာသွားပါပြီ။"

"အဲ့ဒါဆို ပြန်လာ​တော့မှာလား"

"မလာဘူး"

သူ့အစား ​ဖြေသွား​သော Yunho ကို လှမ်းကြည့်လိုက်သည်။ ​နောက် Seonghwa ကို ကြည့်လိုက်​တော့ နားမလည်ဟန်နဲ့ သူနဲ့ Yunho ကို လှမ်းကြည့်​နေသည်။

"ဟို​လေ ငါအခု အလုပ်ရသွားပြီ။ သူ့ဆီမှာ လက်​ထောက်လုပ်ရမှာ။ အဲ့ဒါ သူ့အိမ်ကို လိုက်​နေရမှာမို့လို့။"

သူ့ကို မယုံသင်္ကာနဲ့ ကြည့်​နေ​သော Seonghwa  ​ကြောင့် ​နောက်မှ​သေချာရှင်းပြပါ့မယ်ဆိုပြီး မျက်လုံးက​နေ စကားလှမ်း​ပြောလိုက်မိသည်။

"ပြီး​​​ရော​လေ Hongjoong ငါ့အခန်းထဲမှာ မင်း ဟိုတစ်​​နေ့က မှာထားတဲ့ အဝတ်တွေ ထည့်ထားတယ်။ ယူသွားမှာလား။"

သူဘာအဝတ်မှ မမှာထားပါ။ ဒါ​ပေမယ့် Seonghwa  ရဲ့ မျက်နှာရိပ်မျက်နှာကဲ​ကြောင့် သူလည်း အလိုက်တသိ Seonghwa နဲ့ လိုက်သွားလိုက်သည်။ အခန်းထဲ ​ရောက်​တော့ ထင်သည့်အတိုင်း Seonghwa က ​မေးလာသည့်အတွက် သူအကုန် အမှန်အတိုင်း ​ပြောပြလိုက်သည်။

"​လောကကြီးက မထင်မှတ်ထားတာ​တွေ သိပ်လုပ်တာပဲ။ ငါ မင်းကို သူနဲ့တွဲ​တွေ့​တော့ အစက လန့်သွား​သေးတယ်။ မင်းက ဘယ်လိုလုပ်ပြီး Utopia Enterprise ပိုင်ရှင် Jeong Yunho နဲ့ ​သိ​နေရတာလဲ ဆိုပြီး​တော့။ မင်း​ပြောပြ​တော့လည်း ဟူး... မင်းဘာဆက်လုပ်မလဲ"

"ငါလည်း မသိဘူး။ ငါအခု ငါ့အိမ်စီးပွား​ရေးအ​ကြောင်း စုံစမ်းချင်တယ်။ မင်းသိတဲ့အတိုင်း အိမ်က ငါ့ကို နည်းနည်း​လေး​တောင် ​ပေးမသိဘူး​လေ ငါထင်တာ​တော့ ​ကျောက်လုပ်ငန်းထက် ပိုမယ်ထင်တယ်။ Yunho နဲ့ ဘယ်လို ပတ်သက်မိတာလဲဆိုတာကိုလည်း သိချင်တယ်။"

Everything I do, I do it For You (Unicode Only)Where stories live. Discover now