Wang yibo ငိုနေမိတဲ့ အတွက် မြေပေါ် ကျသွားတဲ့ မျက်ရည်များနဲ့အတူ သူ့ရဲ့ စိတ်ဓာတ်တွေလည်း မြေမှာကပ်နေပြီလေ

...................

ကလေးရယ် မင်းဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်
အကို ကိုယ်တိုင် ဝင်ရောက် ရွေးချယ် ပေးနိုင်တဲ့ အနေအထားမှာ မရှိပေးနိုင်တဲ့ အတွက် တောင်းပန်ပါတယ်

ကလေးနဲ့ မဝေးအောင် ရွေးချယ်စရာ လမ်းဆိုတာ ဒီလမ်းတစ်လမ်းသာ ရှိနေတာမလို့ ဒီလမ်းကိုလျှောက်ရင်း
ကလေးကို သေလောက်အောင် လွမ်းနေခဲ့တယ်

သတိရတဲ့ အချိန်တိုင်း အပြေးပြန်လာချင်တယ်
လွမ်းရတဲ့ အချိန်တိုင်း ရင်ခွင်ထဲမှာ ထွေးဖက်ထားချင်တယ်
မတွေ့ရတဲ့ ရက်တွေက ရက်တွေလပြောင်း
တစ်ဖြေးဖြေး ကြာလာခဲ့ပြီ
အနေအေးရင် သွေးအေးသွားမလား....???
ပြောင်းလဲသွားဖို့ မကြိုးစားပါနဲ့
ကိုယ့်ရဲ့ ယုံကြည်မှုက ကလေးလေး
မင်းတစ်ယောက်အပေါ်မှာပဲ မူတည်ခဲ့လို့ပါ

Xiao zhan ph screen ပေါ်မှာ မြင်နေရတဲ့
Wang yibo ရဲ့ ရှိုက်ငိုနေတဲ့ ပုံရိပ်လေးကို ကြည့်ရင်း သူပါလိုက်ငိုနေမိခဲ့သည်

ကျွန်တော် ငယ့်ကို ချစ်ခဲ့တဲ့ မေတ္တာ တွေဟာ စစ်မှန်ခဲ့ရင် ကျွန်တော်တို့ နှစ်ယောက်ကြား ချည်နှောင်ထားတဲ့ အချစ်ကြိုးလေးသည်
ထာဝရ ခိုင်မြဲရပါစေလို၏

.......................

"အကို့ရဲ့ သူဌေးက မင်းကို စေတနာနဲ့ ကူညီပေးတာပါ
ပြီးတော့ မင်းအသက်ကလည်း ငယ်သေးတယ်လေ
တစ်သက်လုံး မျက်ကန်းဘဝနဲ့ နေသွားမလို့လား.........???
အသက်က ၂၅ တောင်မပြည့်သေးဘူးနော်
လူ့သက်တမ်း တစ်ဝက်လောက်ကို လူများအကူအညီနဲ့ မရှင်သန်ချင်စမ်းပါနဲ့ ငါ့ညီရာ
ပြီးတော့ မင်းညီမလေး ချင်းချင်း
သူလည်း ဘယ်လောက်တောင် ပင်ပန်းနေပြီလဲ သိလား....???
စုဆောင်းထားတာတွေ ကုန်သွားလို့
သူကိုယ်တိုင် နေ့ည မရှောင် အလုပ်လုပ်ပြီး
ငါ့ညီကို မျက်စိ ပြန်မြင်စေချင်လို့. ကု​ပေးနေတာလေ
သူလည်း အရမ်းပင်ပန်းနေပြီး
ငါ့ညီတာ  ခေါင်းငြိမ့်လိုက်စမ်းပါ
ကျန်တာ အကို့ဆို့ သူဌေးက တာဝန်ယူပေးလိမ့်မယ်
ပြီးတော့ မျက်စိပြန်မြင်လာပြီးရင်တောင်
အလုပ်အကိုင်က အဆင်သင့်
ပူစရာမလိုတဲ့ ဘဝကို  ငါ့ညီက ဘာလို့ခေါင်းခါပြီး ငြင်းနေရတာလဲကွာ...."????

ကြိုး  ( Completed )Where stories live. Discover now