Chapter - 15

7.4K 723 10
                                    

ကြိုး 💜

Chapter - 15

မျက်လုံးလေးနှစ်လုံး ဖွင့်လိုက်ပေမယ့် ကြိုဆိုနေတဲ့ အမှောင်ထုကြီးက မဲနက်နေတုန်းပဲ
မထင်ထားဘူး အဲ့လောက်ထိ ဆိုးသွားလိမ့်မယ်လို့
အဲ့ဒီနေ့က တိုက်ပွဲမှာ လက်နက်ကြီးကျရောက်လို့ ထိခိုက်ခံရတဲ့
လူနာတွေအများကြီးပဲ
ရန်သူဘက်က ကြိုတင်စီစဉ်ထားတဲ့ အရာတွေမလို့
ကျွန်တော်တို့ တပ်မတော်သားတွေ မရှောင်နိုင်ခဲ့ကြဘူး
မူးမိုက်သွားတဲ့ ခံစားချက်ကို အားတင်းပီး နောက်ဆုံးရန်သူတွေကို ခြေမှုန်းနိုင်ခဲ့ကြတယ်
ကျွန်တော်တို့ အောင်နိုင်ခဲ့ပြီ

"ဗိုလ်ကြီး အရမ်းထိခိုက်သွားသေးလား.."??

ဆေးတပ်သားလေးရဲ့ အမေးကို ခေါင်းခါပြလိုက်မိတဲ့ wang yibo
ခြေထောက်လေး နဲနဲ ထော့သွားယုံနဲ့ နဖူးလေး ကွဲသွားယုံ အပြင်မပိုခဲ့ဘူးမလား..??

စစ်မြေပြင်က အပြန် တပ်မတော် စစ်ဆေးရုံကြီးတွင်
နောက်ဆုံးစစ်ဆေးမှုခံယူတော့
ကြားလိုက်ရတဲ့ စကားတွေ ယမ်းစိမ်းတွေက မျက်လုံးကို ထိမိသွားတယ်တဲ့
မကြာခင် အမှောင် ဖုံးတော့မယ်
ကုသဖို့ကရော ၅၀ ၅၀ ပဲတဲ့
ဒါကြောင့် သူ စစ်တပ်ကနေ ဆေးခွင့်နဲ့ ထွက်ခွာခဲ့တယ်
တပ်ပြေးဘဝနဲ့ မနေချင်ဘူး
တပ်မတော်ကလည်း ထွက်ခွင့်ပေးခဲ့တယ်
ဆေးခွင့်လာစာထောက်ပံ့ပြီး
သူ အားလုံးကို နှုတ်ဆက်ခဲ့တယ်
အပြုံးလေးမပျက် တိုင်းပြည်အတွက် အလင်းကို ပေးလှူခဲ့ပြီးပြီ

နောက်ဆုံး ကျန့်ကော ကို သူသွားရှာဦးမည်

Duty coat အဖြူလေးနဲ့ ပြေးလွားနေတဲ့ ကျန့်ကောသည် အရမ်းကြည့်လို့ကောင်းနေသည်
ပေါ့ပါးပါး ခန္ဓာကိုယ် လေးက သွက်လက်စွာ
လူနာတွေနား ကြိုးစားပြီး ကိုယ်ဖိ ရင်ဖိပြုစုပေးနေတာ​လေးက အသက်ဝင်စွာ
ကျန့်ကောမှာ ကျွန်တော် မရှိလည်း ဖြစ်တယ်
Wang yibo, ကျန့်ကောကိုလည်း သူ ကျောခိုင်းလိုက်သည်
နောက်ဆုံး သူရောက်လာခဲ့တာက တစ်ဦးတည်းသော ညီမလေး ချင်းချင်းရှိရာ

ခုတော့ အဆင်ပြေနေပါပြီ
တစ်ယောက်တည်း မလှုပ်ရှားနိုင်တာက လွဲလို့
ချစ်ခဲ့ရတဲ့ အကို့ကို လွမ်းနေတာက လွဲလို့
Wang yibo ခန္ဓာကိုယ်လေး အိပ်ယာပေါ်မှ လှုပ်ရှားလိုက်သည်

ကြိုး  ( Completed )Where stories live. Discover now