Chapter - 18

7.9K 742 18
                                    

ကြိုး 💜

Chapter - 18

နွေးထွေး နေတဲ့ ရင်ခွင်နွေးနွေးလေး
Wang yibo. ပြုံးလိုက်မိသည်
ချင်းချင်းက ညက သူ့ကို စိတ်မချလို့ အခန်းပြန်မအိပ်ဖူးထင်တယ်

Wang yibo. ခန္ဓာကိုယ် လေးကို လူးလွန့်ပြီး
မျက်လုံးလေးများ ဖွင့်ကြည့်လိုက်သည်
အမှောင် ဖုံးနေတဲ့ သူ့ရဲ့ ကမ္ဘာ ကြီးကို
သူ နဲနဲလေးတော့ အသားကျနေပြီထင်တယ်
မှောင်နေမှန်းသိပင်မယ့် မျက်လုံးလေးကို ခမ်ရဲရဲ ဖွင့်နိုင်ခဲ့ပြီ​လေ

Wang yibo. အိပ်ယာထက်မှ အသာအယာ ထထိုင်လိုက်သည်
ပြီးတော့ လက်ကလေးနဲ့ အသက်ရှူသံ ဖြေးဖြေးလေး ထွက်နေတဲ့ နေရာကို လက်လေးနဲ လှမ်းစမ်းရန် ပြင်လိုက်သည်

ညီမလေး ချင်းချင်း သူ့ကို ကျွန်တော် နိုးရမယ့်
အလှည့် ရောက်ပြီ​လေ

"အကို နင် နိုးနေပြီလား..."??

Wang yibo လက်ကလေး ကမ်းလိုက်လျှင်ပင် နောက်ကျောဘက်မှ ထွက်ပေါ်လာတဲ့ ချင်းချင်း အသံလေး
Wang yibo. လက်ကလေးများ ရပ်တန့်သွားမိသည်

ချင်းချင်းက သူ့နောက်မှာ ဆို ခု သူကြားနေရတဲ့ အသက်ရှူသံ တိုးတိုးလေးက ဘယ်သူဖြစ်နေနိုင်လည်း

Wang yibo. မမြင်ရတဲ့ နောက်ကျောဘက်ကို တစ်ချက် လှည့်ကြည့် လိုက်သည်
ပြီးမှ အရှေ့ပြန်လှည့်ပြီး မဝင့်မရဲ နဲ့ လက်ကလေးကို အသာလေးဖြင့်
ခုဏက သူ ခိုဝင်မိထားတဲ့ ရင်ခွင်နွေးနွေးနဲ့ အသက်ရှူသံ ပိုင်ရှင်လေးကို လှမ်းစမ်းလိုက်သည်
ဒါပေမယ့် သူစမ်းမိတာက နွေးထွေးတဲ့ စောင် လေးနဲ့ ခေါင်းအုံး လေးတစ်ခုကိုသာ

Wang yibo. သက်ပျင်းလေးချလိုက်မိသည်
အိမ်မက်ထဲက ရင်ခွင်နွေးနွေးကို အပြင်ဘက်ထိ သူတမ်းတမိနေပြန်သည်
အကိုက သူ့ကို သစ္စာ မရှိ သူ တစ်ယောက်အနေနဲ့ မုန်းသွားနိုင်ပြီ​လေ
အကို့ကို တိုက်ပွဲတွေပြီးရင် လာရှာမယ်လို့ ကတိပေးပြီး ရှောင်ပုန်းနေခဲ့ရတဲ့ သူ
ပထမဆုံး အကိုနဲ့ မတော်တဆ ပြန်တွေ့တဲ့ အချိန်မှာပင်
မြင်မြင်ချင်း စောက်နဲ့ ထွင်းခဲ့တဲ့ စကားလေး က အကို ကျွန်တော် အိမ်ထောင်ကျနေပြီတဲ့လို့ ပြောခဲ့တယ်မဟုတ်လား...???
ဘယ်လို အချစ်မျိုးနဲ့ အကိုက ကျွန်တော့ နားပြန်လာမှာလဲဗျာ

ကြိုး  ( Completed )Where stories live. Discover now