Chapter - 5

8.1K 776 10
                                    

ကြိုး 💜

Chapter - 5

မှောင်မဲနေတဲ့ ညကြီး အချိန်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဖို့ မတွေးထားနဲ့
တစ်ဒုန်းဒုန်း တစ်ဒိုင်းဒိုင်း ပြင်ထန်နေတဲ့
လက်နက် သံတွေကြား
တပ်သားလေးများ လာထည့်ပေးထားတဲ့
တဲအိမ်လေးထဲမှာ
ကြောက်ဒူးတုန်နေကြတဲ့ ဆရာဝန်လေးများ အဖွဲ့

"ဒေါက်...ဒေါက်တာ
အသံတွေက အ...အရမ်း နီးနေတယ်နော်
ကျွန်...ကျွန်မတို့နား ရောက်...ရောက်လာနိုင်လား....."????

Xiao zhan သူ့ရင်ခွင်ထဲတိုးဝင်ပြီး ငိုကြီးချက်မနဲ့ မေးနေတဲ့ မျန်မျန့် ပါးစပ်းလေးကို လက်နဲ့ ပိတ်ပြီး ထွေးပွေ့ထားသည်
သူလည်း ကြောက်နေသည်
ဒါပေမယ့် ကိုယ်ကယောကျာင်္းလေးမလား
ကလေးတွေကို ဦးဆောင်ထားတဲ့သူ
ကာကွယ်ပေးရမှာ သူ့ရဲ့တာဝန်

"စိတ်မပူနဲ့နော် မျန်မျန့် ဗိုလ်ကြီးကိုယ်တိုင် ရွာထဲ သွားပြီး ကာကွယ်ပေးထားတယ်လေ.."

Xiao zhan အသံကို အတက်နိုင်ဆုံး ငြိမ်အောင်ထားပြီး ပြောလိုက်ရင်း
ကျန်ကလေးတွေကို မျက်စိ ကစားလိုက်သည်
ကျန်သည့် ဒေါက်တာလေးများသည်လည်း
ကြောက်နေပေမယ့် ကိုယ့်ဟန်ကိုယ်ဖို့
ဟန်မပျက် နေနေကြပေမယ့်
သူနာပြုဆရာမလေး တစ်ယောက်ဖြစ်တဲ့ ဝမ်ချင်း
ဆရာဝန် နှစ်ယောက်ကြားမှာ ဒူးပိုက်ပြီး အသံတိတ် ထိုင်ငိုနေသည်
ယွီးပင် နဲ့ ဖန်ရှင်းကလည်း သူ့နည်းတူ ဝမ်ချင်းကို ထွေးပွေ့ ကာကွယ်ပေးထားသည်

........................

ဒေါက်...ဒေါက်

"ဆရာလေးတို့ ထွက်လာလို့ ရပါပြီ"

တံခါးခေါက်သံ တိုးတိုးလေးနဲ့ အတူ
ထွက်လာတဲ့ အသံလေးကြောင့်
Xiao zhan ဖျက်ခနဲ မျက်လုံးလေးများ ဖွင့်လိုက်မိသည်
မြေကြီးပေါ်မှာ ထိုင်ရင်း
မျန်မျန့်ကို ထွေးပွေ့ပြီး အိပ်နေမိတဲ့သူ
ညက လက်နက်သံတွေကြားထဲက
အိပ်ပျော်မိသွားသည့်
Xiao zhan ကိုယ့်ကို ကိုယ် စိတ်ပျက်သလို ခေါင်းလေးခါလိုက်သည်

"မျန်မျန့် ထတော့
ဖန်ရှင်း ယွီပင် ထတော့
ဝမ်ချင်းကို နိုးလိုက်
တိုက်ပွဲတွေ အေးသွားပြီထင်တယ်
အပြင်မှာ လာခေါ်နေပြီ..."

ကြိုး  ( Completed )Where stories live. Discover now