Chapter - 2

10K 881 10
                                    

ကြိုး 💜

Chapter - 2

ဝါးကပ် ကုတင်လေးပေါ်မှာ လဲနေတဲ့  လူနာ
နိုးမလာသေးတာ ၂ ရက်ရှိနေပြီ
မပြည့်စုံတဲ့ ဆေးဝါးတွေနဲ့ အလုံအလောက် မရှိတဲ့ ခွဲစိတ်ပစ္စည်းများ
Xiao zhan လူနာလက်မှာ သွင်းထားပေးတဲ့
ဆေးပိုက်လေးကို အရှိန်လျော့ချလိုက်ရင်း
တိုးတိုးလေး ပြောလိုက်မိသည်.

"လောဝ်ဝမ် မင်းနိုးသင့်ပြီလေ..."

"ဒေါက်တာ ဗိုလ်ကြီး အခြေအနေ ဘယ်လိုလဲ
မြို့နယ် စစ်ဆေးရုံကို ပို့ဖို့လိုမလား..."???

ဘေးနားက လာမေးတဲ့ ဗိုလ်လေး ကျန်းချန်
ကို Xiao zhan ခေါင်းခါပြလိုက်သည်

"အဲ့လောက်ထိ မလိုပါဘူး
ပင်ပန်းတဲ့ ဒါဏ်ရယ် သွေးထွက်လွန်တဲ့ အရှိန်ရယ်ကြောင့် သတိမရသေးတာပါ.."

Xiao zhan ရဲ့ စကားကို ကျန်းချန် ခေါင်းငြိမ့်သည်
Wang yibo ပြီးရင် သူက ဒုတိယ ခေါင်းဆောင် မဟုတ်လား
စိတ်ပူရတယ်လေ
စစ်သားတွေဆိုတာ တိုင်းပြည်အတွက်
အသက်ကို ပေးလှူထားကြရပေမယ့်
ကျွန်တော်တို့လည်း ဒီပြည်သူတွေထဲက
လူသားတွေမဟုတ်လား....???
သေရမှာ ကြောက်ကြတဲ့
သက်ရှိတွေပဲလေ

"အ."!

ညည်းသံ သဲ့သဲ့လေးနဲ့ လှုပ်ရှားလာတဲ့ wang yibo ခန္ဓာကိုယ် လေးကြောင့် Xiao zhan ကော ကျန်းချန် ပါ wang yibo နား ကပ်သွားလိုက်သည်

"ဗိုလ်ကြီး.."!!

"လောဝ်ဝမ်.."!!

နှစ်ယောက်လုံး အပြိုင် ခေါ်လိုက်ကြပေမယ့်
ပြန်ထူးမလာတဲ့ wang yibo

ကန္တာရ ခရီးကြမ်းမှာ လျှောက်နေရတာ
သူတစ်ယောက်တည်း
လူတွေလည်း တစ်ယောက်မှ မရှိသလို
အသံတွေ ဆိုတာကလည်း
ဗလာ နတ္တိ
ဘယ်နေရာကြည့်ကြည့် သဲသောင်ပြင်တွေ
အပေါ်က နေမင်းကြီးကလည်း
ပူပူလောင်လောင်
ဖိနပ်မပါပဲ လျှောက်နေရတဲ့
သဲသောင်ပြင်ကလည်း ပူပူလောင်လောင်
ခန္ဓာ တစ်ခုလုံးက မီးတောင် ပွင့်မတက်
လည်ချောင်းကလည်း ခြောက်ကပ်ပြီး
ကွဲထွက်မတက်
ကမ်းမမြင် လမ်းမမြင် ဒီသောင်ပြင်မှာ
ဘယ်အရိပ်မှာ ခိုနားရပါမလဲ

"လောဝ်ဝမ်...!!!
ကိုယ်ခေါ်နေတာကြားလား..."???

ဘယ်ကထွက်လာတယ် မသိတဲ့ ခေါ်သံတိုးတိုးလေးနဲ့အတူ
နွေးထွေးသွားတဲ့ လက်လေး တစ်ဖက်
ကိုင်လှုပ်ခံနေရတဲ့ ခန္ဓာကိုယ် လေး
ခေါ်သံတိုးတိုးလေးတွေ ကို
သူ ပြန်ထူးဖို့ ပြင်လိုက်ပေမယ့်
ရေမရှိတဲ့ ချောင်းလို ကွဲအက်နေတဲ့
လည်ချောင်းက အသံမထွက်
ရေသောက်ချင်တယ်
ရေသောက်လိုက်ရရင် အဆင်ပြေမယ်

ကြိုး  ( Completed )Where stories live. Discover now