အခန်း ၁၂

Start from the beginning
                                    

"ဝင်ခဲ့"

Laptop ကို ဖွင့်ထားပြီး ကုလားထိုင်​နောက်မှီကို မှီရင်း ​ခေါင်းကို ​နောက်ပြန်လှန်ကာ တစ်စုံတစ်ခုကို ​တွေး​တော​နေဟန် တူသည်။

"Coffee လာပို့တာပါ။ တကယ်လို့ အိမ်ပြန်လို့ မရဘူးဆိုရင်​တောင် ခဏ​တော့ အလည်သွားခွင့်​ပေးပါ။ သူငယ်ချင်းကို အ​ကြောင်းမကြား ဘာမကြားဘဲ ထွက်လာခဲ့ရတာမို့လို့။ ပြီး​တော့ ပစ္စည်း​တွေလည်း ယူချင်​သေးလို့။"
Hongjoong လက်နှစ်ဖက်ကို အသာယှက်ပြီး သူ့​ရှေ့ရှိ Yunho ကို ခွင့်​တောင်းမိသည်။

"ဟိုမှာ"

သူညွှန်တဲ့​နေရာကို ကြည့်လိုက်​တော့ သူ့လက်ဆွဲအိတ်။ ဘာလဲ သူ့ပစ္စည်း​တွေ အကုန်သယ်လာပြီဆိုတဲ့သ​ဘောလား။ Great!!!

"ဟို...ဟို...သူငယ်ချင်းနဲ့"

"ကျစ်...ဘာလို့ အဲ့​လောက်​တောင် ထစ်​နေရတာလဲ စကားလေး​ပြောတာကို။ ငါက အဲ့​လောက်​တောင် ​ကြောက်စရာ​ကောင်း​နေလို့လား။ ဒါ...မှ...မ...ဟုတ်..."

​ပြောရင်း သူ့နားကို တစ်လှမ်းချင်း​လျှောက်လာတဲ့သူ​ကြောင့် အ​နောက်ကို တွန့်ဆုတ်မိသွားသည်။ သူက တစ်လှမ်းတိုး ကိုယ်က တစ်လှမ်းဆုတ်ရင်း ​နံရံကို ​ကျော​ပေးမိပြီးသား ဖြစ်သွားသည်။

"ဒုန်း"

နံရံကို လက်နဲ့​ထောက်လိုက်တဲ့သူ​ကြောင့် လူက အနည်းငယ် တုန်တက်သွားသည်။ သူ့ထက် အရပ်မြင့်တဲ့သူ​ကြောင့် သူ့မျက်နှာက ထိုလူရဲ့ ရင်ဘတ်နဲ့ကွက်တိ။ ​ခေါင်းကို အသာငုံ့လာတဲ့ ထိုလူ​ကြောင့် နှလုံးသားက ​​သွေးလည်ပတ်​စေတဲ့လုပ်ငန်းအပြင် ရင်ခုန်ခြင်းဆိုတဲ့ လုပ်ငန်းကိုပါ မခိုင်း​စေဘဲ အလိုအ​လျောက် ​ဆောင်ရွက်သွားသည်။ မခိုင်းတာ​တွေ မလုပ်စမ်းပါနဲ့ နှလုံး​ကောင်ရယ်။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်စမ်းပါ။ သူ့စကားနားမ​ထောင်ဘဲ ခုန်​ပေါက်​နေ​သော နှလုံး​ကောင်ကြောင့် ​မိတ်​ဆွေဖြစ်တဲ့ အဆုတ်ကပါ ပုံမှန်အလုပ်မလုပ်ချင်​တော့။ အသက်ရှူနှုန်း​တွေ မြန်လာသည်။ ထိုစဥ် ထိုမူမမှန်မှုများကို အစပျိုးသူ ထိုလူကြီးက

"သူငယ်ချင်းဆိုတဲ့ တစ်​ယောက်ကို...အဲ့​လောက်​တောင်...​တွေ့....ချင်...​နေ...တာ...လား..."

​နောက်ဆုံးစကားကို တစ်လုံးချင်းစီ​ပြောရင်း သူ့မျက်နှာနား ကလူကျီစယ်လာတဲ့ ထိုလူကြီးရဲ့ ​လေသံသဲ့သဲ့​ကြောင့် ခုန်​ပေါက်​နေတဲ့ နှလုံး​ကောင်ရယ်၊ မူမမှန်တဲ့ အဆုတ်ရယ် အပြင် ဗိုက်ထဲက အစာအိမ်​ကောင်ပါ ကဆုန်​ပေါက်ကုန်​တော့သည်။ ​သေကုန်​တော့မှာပဲ။ စကား​ပြောရင် ရိုးရိုး​ပြောလို့ မရဘူးလား။ စိတ်ထဲမှာသာ ​​ရေရွတ်​နေ​ပေမယ့် နှုတ်က​နေ​တော့ စကားတစ်ခွန်းမှ ထွက်မလာ။ ​သေချာသွားပါသည်။ ထိုလူကြီးသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မူမမှန်​​အောင် ​ဆောင်ရွက်နိုင်သူကြီး ဖြစ်သည်။ ​နောက်ဆို ​ဝေး​ဝေးမှ စကား​ပြောရမည်။

"ဟို.."

ဟုတ်ပြီ တစ်ခွန်း​တော့ ပြန်​ပြောနိုင်ပြီ။ ဆက်ကြိုးစားထား။ Fighting!!!

"ဟို...သူငယ်ချင်းက စိတ်ပူ​နေမှာစိုးလို့ပါ...တစ်ခါ​လေးပဲ​လေ...တစ်ခါပဲ သွား​တွေ့မယ်​လေ​နော်..."

​သူ့ကို ရင်ခွင်ထဲက​နေ မျက်လုံးအဝိုင်းသား​လေးနဲ့ ​မော့ကြည့်ရင်း လက်ညှိုး​လေး တစ်​ချောင်း​ထောင်ပြကာ ခွင့်​တောင်း​နေတဲ့ ပိုးတုံးလုံး​လေး​ကြောင့် ရင်ခုန်သံ​တွေ ဗ​လောင်ဆူသွားသည်။ ဆူညံ​နေတဲ့ ရင်ခုန်သံကို Yunho တစ်​ယောက် အသာလျစ်လျူရှုပြီး
"သွား​တွေ့ခိုင်းရင် ကိုယ့်ကို ဘာပြန်​ပေးမှာလဲ။"

သူ့ကို မျက်ခုံးတစ်ဖက်ပင့်ကာ စူးစိုက်ကြည့်လာပြီး အ​ပေးအယူလာလုပ်​နေတဲ့ ထိုလူကြီး​ကြောင့် Hongjoong ​ခေါင်းကိုက်သွားသည်။ ဘာပြန်​​ပေးရမှာလဲ။ သူ့မှာ ပိုက်ဆံမှ မရှိတာ။ သူ့ရှိသမျှ စည်းစိမ်အကုန်လုံးကလည်း သူ့အ​မေဆီမှာ။

"ဘာ​...ပေးရမှာ...လဲ။"

သူ​မေးလိုက်​တော့...

"အင်း....."

​ပြောရင်း ​ခေါင်းထပ်ငုံ့လာကာ မျက်နှာနားကပ်လာတဲ့သူ​ကြောင့် အ​နေရခက်စွာ ထိုလူကြီး ရင်ဘတ်ကို တွန်းမိသွားသည်။ တွန်းသာတွန်းတာ အားမပါလှ။ သူ့အားတွေအကုန်လုံးကို ခုနက မူမမှန်တဲ့ ဖြစ်စဥ်က အကုန်​စုပ်ယူသွားသည်။

"ဘာ​ပေးခိုင်းရင် ​ကောင်းမလဲ...."

​ပြောပြီး သူ့ကို စိုက်ကြည့်လာသည်။ ထို့​နောက် ​ထောက်ထားတဲ့ လက်ကို ဖယ်ကာ သူ့စားပွဲဆီသို့ ပြန်​လျှောက်သွားသည်။ ​လျှောက်သွားရင်း

"စဥ်းစားလိုက်ဦးမယ်။ ​နေ့လယ်လိုက်ပို့​ပေးမယ်။ အခုသွားလို့ရပြီ။"

သွားလို့ရပြီ ဆို​သော​ကြောင့် အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။ ထိုသို့ ​နောက်ပြန် လှည့်မကြည့်ဘဲ အမြန်ထွက်လာသည့်အတွက် နှုတ်ခမ်းတစ်ဖက် ​ကော့တက်ကာ ရယ်မြူးရိပ်သမ်း​နေ​သော မျက်နှာပိုင်ရှင်ကို Hongjoong မမြင်ခဲ့လိုက်ရ​ချေ။
_________________________________________

Everything I do, I do it For You (Unicode Only)Where stories live. Discover now