Part 8

435 11 6
                                    

#Unicode
ဒေစီနိုင်နဲ့နှင်းနွယ်ခက်တို့အပြန်အလှန်မိတ်ဆက်ကြပြီးနောက် နှင်းနွယ်ခက်ကပဲစပြီးမိတ်‌ဆွေဖွဲ့လိုက်ပါသည်။

"ဒေစီနိုင်က တော်တော်ချောတာပဲ bodyကလည်းမိမိုက်နေရော မဟုတ်မှလွဲရော Modelများလား"

"ဟင်းဟင်း အခုလိုချီးကျူးတဲ့အတွက်
မနှင်းနွယ်ခက်ကိုကျေးဇူးတင်ပါတယ် တို့ကမော်ဒယ်သင်တန်းတွေတော့တက်တယ် ဒါပေမယ့်အနုပညာလောကထဲမှာလုပ်တာမဟုတ်ဘဲ ဝါသနာအရ အပျော်တမ်းပဲ Modeling အနေနဲ့လုပ်ပါတယ်"

" ‌ဪ .... ဒါနဲ့တို့ကိုနှင်းနွယ်လို့ခေါ်ရင်ရပါတယ် မင်းနှောင်သစ်ရဲ့ ချစ်သူဆိုတော့ တို့နဲ့လည်းမိတ်ဆွေပဲပေါ့ Ok"

"ဒါဆို တို့ကိုလည်း ဒေစီလို့ခေါ်လို့ရပါတယ် နှင်းနွယ်"

"ဒါဆိုမိတ်ဆွေဖြစ်တဲ့အနေနဲ့ cheer ဒေစီ"

" Cheer"

"ကဲ နှင်းနွယ် ပြောပါဦး ငါနဲ့တွေ့ဖို့ချိန်းရတဲ့အကြောင်းလေး ယူက အကြောင်းမရှိဘဲတွေ့မယ့်လူမှမဟုတ်တာ"

မင်းနှောင်သစ်က နှင်းနွယ်အကြောင်းသိသူဖြစ်သဖြင့်သူကပဲစပြီးမေးလိုက်သည်။နှင်းနွယ်မင်းနှောင်သစ်ကို အကူအညီတောင်းစရာရှိလို့ ချိန်းလိုက်တာဆိုပေမယ့် ဒေစီနိုင်ရှေ့မှာပြောဖို့နည်းနည်းခက်နေသည်။ အခုကိစ္စက တခြားလူသိလို့ကောင်းတာမှမဟုတ်တာ။ ဒါကိုဒေစီနိုင်ကရိပ်မိသည်ထင်ပါ့ ‌အလိုက်တသိပဲရှောင်ပေးပါသည်။

"ကို ဒေစီdance floorဘက်သွားလိုက်ဦးမယ် အေးဆေးစကားပြော‌လေ။ နှင်းနွယ် တို့ကိုခွင့်ပြုပါဦး"

နှင်းနွယ်ပြုံးပြီးခေါင်းငြိမ့်ပြလိုက်သည်။

" မင်းနှောင်သစ် ယူ ခွန်းနွေဦးကိုသိတယ်မဟုတ်လား"

"Spring.K ရဲ့ founder အသက်အငယ်ဆုံးလူငယ်စီးပွားရေးလုပ်ငန်းရှင် ခွန်းနွေဦးကို မြန်မာနိုင်ငံမှာမသိတဲ့လူရှိပါ့မလား နင်ကလည်း ပြီးတော့အကောင်ကအခြောက်ကောင်လေ လူတိုင်းသိတယ်"

"ယူကို ငါအကူအညီတောင်းစရာရှိတယ်"

"အကူအညီဟုတ်လား ပြောပါဦး ဘယ်လိုအကူအညီလဲ ခွန်းနွေဦးနဲ့ပတ်သတ်တာလား"

တိမ်တိုက်လား  တောင်တန်းလား ‌(ခေတ္တရပ်နား)Where stories live. Discover now