Part 2

539 38 4
                                    

#Unicode
အလုပ်ကိစ္စတွေပြီးတာနဲ့ ခွန်း ချိန်းဆိုထားတဲ့schedule‌ တွေအကုန် ဖျတ်ပြီးကျန်တဲ့အလုပ်‌တွေအတွင်းရေးမှူးကိုဝဏ္ဏကိုအပ်ခဲ့လိုက်သည်။
ခွန်းက‌တော့အိမ်ကိုတန်းပြန်လာခဲ့လိုက်သည်။ ဒီနေ့သူချစ်ရတဲ့သူ့ရဲ့ honeyကနေသိပ်မကောင်းလို့အလုပ်မသွားဘူးဆိုတာကြောင့်အိမ်ကိုပဲတန်းပြန်လာခဲ့တာ
honeyကိုသတိရလွန်းလို့
Chinaမှာတောင်တစ်ရက်ထပ်‌ နေမယ့်အစီအစဉ်ကို ဖျတ်ပြီးအလုပ်ကိစ္စပြီးပြီးချင်းပြန်လာလိုက်တာ။ honeyကတော့သူစောစောပြန်ရောက်မှာကိုမသိတဲ့အတွက်လေဆိပ်ကိုလာမကြိုပါ။တမင်တကာsupriseဖြစ်အောင်အသိမပေးတာလည်းပါပါတယ်။

အိမ်ထဲကိုကားဝင်လာတော့အလုပ်သမားတွေကလာကြိုကြသည်။သူတို့ကိုတိတ်တိတ်နေဖို့အချက်ပြပြီး honeyမသိအောင်အိမ်ထဲ ခြေဖွဝင်လာလိုက်သည်။
အောက်ထပ်မှာမတွေ့လို့အပေါ်ထပ်ကိုတက်လာ‌ တော့သူ့ရဲ့honeyကဝရံတာကိုမျက်နှာမူပြီးထိုင်နေတာတွေ့ရသည်။ တိတ်တိတ်လေးအနားကပ်သွားပြီး ရာ့ကိုအနောက်ကနေသိုင်းဖက်လိုက်တော့ အလန့်တကြားနဲ့အနောက်ကိုလှည့်ကြည့်တဲ့ရာ။ပြီးတော့ဝမ်းသာအားရနဲ့

"ဟာ ခွန်းဘယ်လိုဖြစ်လို့အစောကြီးပြန်ရောက်လာတာလဲ။ပြောတော့မနက်မှပြန်လာမှာဆို"

"အင်းအစကတော့မနက်မှပြန်လာမလို့ပဲ။အခုတော့Honeyကိုသတိရလို့အစောကြီးပြန်လာတာ"

ပြောရင်းနဲ့ရာ့ပေါင်ပေါ်မှာထိုင်ပြီး သူ့လွမ်းနေခဲ့ရတဲ့ ရာ့ရဲ့ နှုတ်ခမ်းတွေကို
မက်မက်မောမောနမ်းလိုက်သည်။

"အာခွန်းကလည်းကွာ ဝရံတာကြီးမှာ အလုပ်သမားတွေမြင်သွားမှာပေါ့"

"မြင်တော့ဘာဖြစ်လဲ ခွန်းရဲ့အိမ်မှာ ခွန်းချစ်တဲ့honeyကိုနမ်းတာဘယ်သူ့ကိုဂရုစိုက်ရမှာလဲ"

စူပုတ်ပုတ်နဲ့ ခွန်းကပြောတော့ ရာကပါးချိုင့်ကြီးတွေပေါ်လာအောင်ပြုံးသည်။

"ဟုတ်ပါပြီနမ်းပါ နမ်းပါ ညကျမှအားရပါးရနမ်းပါ ခွန်းရယ်အခုတော့ခဏအောင့်ထားဦး နေ့ခင်းဘက်ကြီးလေကွာ"

ခွန်းရဲ့ရာကအဲ့လိုအရှက်သည်းတဲ့သူပါခွန်းကနမ်းတာဖက်တာတို့လုပ်ရင် အိမ်မှာဆိုလည်းအလုပ်သမားတွေရှိလို့ဆိုပြီးရှက် အပြင်မှာဆိုလည်းရှက် အလုပ်မှာဆိုပိုဆိုး။ အမြဲတမ်းခွန်းဘက်ကပဲစပြီးနမ်းတာ ဖက်တာတို့လုပ်နေကျမို့ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် နှာဘူးကြီးလို့တောင်ခံစားရမိတယ်။အေးပေါ့လေခွန်းဘက်ကပိုချစ်တော့လည်း ခွန်းပဲနှာဘူးဖြစ်တော့တာပေါ့။

တိမ်တိုက်လား  တောင်တန်းလား ‌(ခေတ္တရပ်နား)Where stories live. Discover now