♥️💔

1.9K 36 0
                                    

ကျွန်တော်ချစ်သောသူသည်
တိမ်တိုက်လိုလည်းဖြုစင်၏
တောင်တန်းလိုလည်းမာယာများ၏

တိမ်တွေလိုဖြူစင်‌တဲ့သူ့ကို
တောင်တန်းတွေလိုအန္တရာယ်များတဲ့သူ
ဖြစ်စေခဲ့တဲ့တရားခံဟာလည်း
ကျွန်တော်ပဲဖြစ်နေပြန်တယ်

သူအမြဲပြောသလို
ကျွန်တော်နဲ့သာအတူတူဆိုသူဟာစစ်ပွဲတိုင်းနိုင်အောင်တိုက်မယ့်
ခေတ်သစ်နပိုလီယံလိုလူမျိုးတဲ့လေ

ချစ်ရတဲ့တိမ်တိုက်လေးရေ ငါ့အတွက်နဲ့
ဒီထက်ပိုပြီးမင်းရဲ့ဖြူစင်တဲ့လက်တွေသွေးမစွန်းပါစေနဲ့တော့ ••••••

💧💧💧💧💧💧💧💧💧💧💧💧💧

သူ့ကိုချစ်တဲ့ကျွန်တော့်ရဲ့အချစ်က
ကိုယ်တိုင်လောင်ကျွမ်းခံပြီးမှ
သူ့ကိုအေးချမ်းစေလိုတာမျိုး

သူနဲ့ပတ်သတ်လာရင်
အဆိုးလောကဓံဆိုတာကျွန်တော်အတွက်ပဲဖြစ်ပါစေ

ကျွန်တော်ချစ်ရတဲ့သူ့အတွက်
ကျွန်တော်ကတံတိုင်းတစ်ခုလိုကာကွယ်ပေးနေမှာပဲ

သူပြောသလို မာယာများတဲ့ကျွန်တော် အန္တရာယ်များတဲ့ကျွန်တော်ဟာ
သူကိုအဖြူစင်ဆုံးချစ်ခဲ့တာဆိုရင်
သူယုံပါ့မလား ••••••

တိမ်တိုက်လား  တောင်တန်းလား ‌(ခေတ္တရပ်နား)Where stories live. Discover now