စာစဉ် ၂ ( ၃ + ၄ )
Start from the beginning
တန်မိုက ရေတွက်ကြည့်နေသည် ။ သူအပါအ၀င် အားလုံးပေါင်း လူခုနစ်ယောက် ရှိပါ၏ ။
မှောင်မိုက်နေသည့် နေရာကြီးတွင် ရုတ်ခြည်းဆိုသလို အလင်းရောင်ရေးရေးလေး လင်းလာသည် ။ ထိုအလင်းရောင်ရှိရာဆီ လူတိုင်း လှည့်ကြည့်လိုက်မိ၏ ။ သူတို့ အား မ၀ံ့မရဲကြည့်နေသည့် ကျောင်းသူလေး တစ်ယောက်ကို တွေ့ လိုက်ရလေသည် ။ သူမ၏မျက်နှာမှာ ဖျော့တော့နေကာ ကိုယ်မှာ ပိန်လှီသည် ။ လက်ထဲတွင် ဓာတ်မီးတစ်လက်ကို ကိုင်ထားပြီး တုန်ရီနေသည့် အသံဖြင့် ပြောလာသည် ။
“ကျွန်မ…ကျွန်မမှာ ဓာတ်မီးပါလာတယ် ။ ဒီမှာ အရမ်းမှောင်လွန်းလို့  ဖွင့်ကြည့်လိုက်တာ”
တကယ့်စစ်သည်တော်ကြီး တစ်ယောက်လို ၀တ်စားထားသည့် ယောကျာ်းက ခေါင်းညိတ်ပြလာပြီး
ရှေ့ကို ထွက်လာသည် ။
“ခင်ဗျားဓာတ်မီး ခနငှားလို့ ရမလား ။ ကျွန်တော်တို့  ဘယ်ရောက်နေလဲ ဆိုတာကို ပတ်ကြည့်ကြည့်ဦးမယ်”
ထိုမိန်းမငယ်လေးက သူ့ ကို ဓာတ်မီးကမ်းပေးလာသည် ။
သို့ တွင် ထိုယောကျာ်းက ဓာတ်မီးထိုးကာ ဟိုဟိုဒီဒီ လိုက်ကြည့်လေသည် ။
တန်မိုသည်လည်း လင်းနေသည့် နေရာတွေကို အနီးကပ် ကြည့်နေသည် ။ ခနအတွင်းပင် ထိုယောကျာ်းက လှိုဏ်ဂူကို တစ်ပတ်ပတ်ကြည့်ပြီး ပြန်လျှောက်လာလေပြီ ။ ထိုဓာတ်မီးကို မြေကြီးပေါ်တွင် ထောင်ထား လိုက်သောကြောင့် အလင်းရောင်မှာ ဖြာထွက်နေ၏ ။ သို့နှင့် ထိုဂူကြီးထဲတွင် အလင်းရောင်တို့  ဖြာထွက်လာပြီး လူခုနစ်ယောက်စလုံး တစ်ယောက်မျက်နှာတစ်ယောက် သဲသဲကွဲကွဲမြင်လိုက်ကြရ၏ ။
ထိုယောက်ျားက ဓာတ်မီးနားတွင် ထိုင်ချလိုက်လေပြီ ။
“အရင်ဆုံး ကျွန်တော်တို့  ကိုယ့်ကိုယ်ကို မိတ်ဆက်ကြရအောင်ပါ ။ ကျွန်တော့်နာမည်က လီပင်း၊ အသက်က ၂၉ နှစ်၊ PR ကုမ္ပဏီမှာ အလုပ်လုပ်တယ် ။ အခုရောက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်သူမှ သိကြမှာမဟုတ်ဘူး ။ ဒါပေမယ့် ကျွန်တော်ကတော့ အနက်ရောင်မျှော်စင်နဲ့  ပတ်သက်နေမယ်လို့  ထင်တယ် ။ အခုချိန်မှာ ကျွန်တော်တို့ လုပ်ဖို့ က စည်းစည်းလုံးလုံးနဲ့  တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးဖို့ ပဲ”