အခန်း ၆
1.6K 393 24
“ရေး…င့ါစာအုပ်….”
ကလေးမလေးသည် လူသားများပင် လိုက်မမှီနိုင်သည့် အမြန်နှုန်းဖြင့် တန်မို ဆီ ပြေးဝင်လာပြီး ’မယန်းလူမျိုးများပျောက်ကွယ်ရခြင်း၏လျို့ ဝှက်ချက်’ စာအုပ်ကို ယူလိုက်ကာ သူမရင်ဘတ်နှင့် ကပ်လိုက်၏ ။
သူမလေး၏ဘယ်ဘက်လက်တွင် မီးခြစ်ဆံဘူးအကြီးကြီးတစ်ခုကို ကိုင်ထားပြီး ညာဘက်လက်တွင်မူ စာအုပ်တစ်အုပ်ကို ကိုင်ထားလျက် ။ ထိုစာအုပ်မှာ သူမ ပျောက်ဆုံးသွား သော စာအုပ်မှန်း သေချာသွားသည့်နောက်တွင် စာအုပ်စင်ဘက် ပြေးသွားကာ ဘုတ်ခနဲ ထိုင်ချလိုက်ပြီး စာစဖတ်တော့သည် ။
“မေမေက ဒီစာအုပ်ထဲကအကြောင်းတွေကို မနက်ဖြန် မေးတော့မှာ ။ မြန်မြန်သွားဖတ်လိုက်ဦးမယ်နော်”
ကြီးမားပြီး ကျယ်ဝန်းလှသည့်စာကြည့်တိုက်ကြီးထဲတွင် စာအကျယ်ကြီး အော်ဖတ်နေသည့်ကလေးမလေးအသံ တစ်သံသာ တစာစာ ။
ထိုကလေးမလေး၏လက်ထဲက စာအုပ်ကို ကြည့်နေရင်း နှုတ်ခမ်းတို့  ပြာနှမ်းလာကာ မျက်နှာလုံးဝ ဖြူရော်သွားသည့်သူတစ်ယောက် ရှိ၏ ။
ထိုသူကား…ဂျင်းကောင် ။
ဂျင်းကောင်ကား ရေထဲတွင် ဆွဲနှစ်ခံထား ရသည့်ဟန် ပေါက်နေလျက် ။ သူ့ တစ်ခေါင်းလုံး ချွေးဖြင့် ရွှဲရွှဲစိုနေသည် ။ သူသည် တန်မိုကို ကြည့်လာကာ မချိပြုံးပြုံးပြလာပြီး…
“အဲ့ဒီစာအုပ် ဖြစ်နေတာကိုး ။
မင်း ဘယ်တုန်းက သိသွားတာလဲ”
တန်မိုသည် သံတုတ်ကိုင်ထားသည့် ဂျင်းကောင်၏ညာဘက်လက်ကို ကြည့်လိုက်သည် ။ ဂျင်းကောင်၏လက်ဖမိုးထက်က ထိုအဖြူရောင် နတ်သားအမှတ်လေးမှာ တဖြည်းဖြည်းချင်း အနက်ရောင်သို့  ပြန်ပြောင်း လာကာ နတ်ဆိုးအတောင်ပုံစံ ပြောင်းလာလေ သည် ။
တန်မို၏အသံမှာ အလွန်အမင်း တည်ငြိမ်အေးဆေးနေလျက် ။
“ခင်ဗျားကို စတွေ့ တဲ့အချိန်တုန်းက”
ဂျင်းကောင်၏မျက်လုံးတို့  မယုံကြည်နိုင်စွာ ပြူးကျယ်လာသည် ။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကြမ်းပြင်ပေါ်တွင် စာအုပ်ထိုင်ဖတ်နေသည့်ထိုကလေးမလေးသည် ဘာအသံကိုမှ ကြားရဟန်မတူ ။ ဂိမ်းသည်လည်း ပြီးဆုံးသွားပြီ ဖြစ်၍ တန်မိုနှင့်ဂျင်းကောင်တို့ သည် စာကြည့်တိုက်ထဲက စာဖတ်သည့်နေရာကို သွားလိုက်ကြပြီး အသီးသီး ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ကြသည် ။