ချင်းချင်း လည်းရှိသမျှ ငွေကြေးလေးနဲ့ ဆေးခန်းပြ ဂရုစိုက်ပေးခဲ့ပေမယ့်
ခွဲစိတ်မှု ပြုလုပ်ပေးဖို့ထိ မတက်နိုင်ခဲ့ဘူးလေ
ဒါကြောင့် လျှော့နည်းလာတဲ့ ငွေကြေးလေးတွေကြောင့် အလုပ်ရှာဖို့ ကြိုးစားခဲ့ပေမယ့် မျက်မမြင်အကို ကို ထားခဲ့ပေးဖို့ ကလည်းမဖြစ်နိုင်သေးဘူးလေ

ဒါကြောင့် ချင်းချင်းက သူ့ကို စတွေ့တော့ အရမ်းပျော်သွားခဲ့တယ်တဲ့
ဘာလို့လည်း ဆိုတော့ပြိုလဲကျနေတဲ့ အကို့ရဲ့ အလင်းရောင်ဟာ သူဆိုတာ သိလိုက်လို့တဲ့

အကြောင်းရင်က ဝမ်းနည်းလို့ ကလေးငိုတိုင်း တမ်းတတဲ့ နာမည်က ကျန့်ကော ဆိုတဲ့ ကျွန်တော် Xiao zhan ဖြစ်နေခဲ့တယ်တဲ့
ညအိပ်တဲ့ အချိန်တိုင်း အားကိုတကြီး ဆုတ်ကိုင်ထားတဲ့ လက်ကလေးထဲက ဓာတ်ပုံသေးသေးလေးက
CV Form ကနေ ဖြုတ်ယူထားတဲ့ ဆရာဝန် ဒေါက်တာလေးဖြစ်တဲ့ ကျွန်တော် Xiao zhan ဖြစ်နေခဲ့တယ်တဲ့

ဒါကြောင့် သူ ကလေးလေးကို တာဝန်ယူပေးတော့မယ်
ဒီကလေးလေးရဲ့ အလင်းရောင်အဖြစ် သူရှိနေပေးတော့မယ်

Xiao zhan မျက်ရည်များနဲ့ wang yibo နဖူးလေးကို ထိကပ် နမ်းရှိုက်လိုက်သည်

ပြုံးယောင်သန်းသွားတဲ့ wang yibo
နှုတ်ခမ်းလေး
Xiao zhan ကြည့်ပြီး မျက်ရည်များကြားက ပြုံးလိုက်မိသေးတယ်
အိမ်မက်ထဲမှာ ပျော်စရာ တွေ့သွားတာလား ကလေးရယ်

.......................

Wang yibo အိမ်မက်ထဲမှာ စစ်မြေပြင်ထဲ ပြန်ရောက်နေတယ်
ဒါပေမယ့် သူမကြောက်မိဘူး
အကြောင်းပြချက်လေးက
အကိုက သူ့ကို ရင်ခွင်ထဲ ထည့်ပြီး
ထွေးဖက်ထားပေးလို့

အကိုက ပြောတယ် ကျွန်တော့ကို ချစ်တယ်တဲ့

ကျွန်တော်လည်း အကို့ကို ချစ်တယ် လို့ပြန်ပြောတော့
Wang yibo ရဲ့ စကားလေးအဆုံး နဖူးပေါ် ကျရောက်လာတဲ့ အနမ်းနွေးနွေးလေး
Wang yibo​ ကျေနပ်စွာ ပြုံးလိုက်မိတယ်
အကို အော်ငေါက်လိုက်လို့ မုန်းဖို့မပြောနဲ့
အိမ်မက်တွေ ထဲထိအောင် အကို့ ကို ချစ်နေတုန်းပဲ အကို

ထွက်ပြေးခဲ့တယ် ဆိုတာက ကျွန်တော့ကြောင့် အကို
အရှက်ရမှာ ဆိုးလို့ပါ
မျက်မမြင် တစ်ယောက်ကို
ချစ်သူတော်ပြီး ဂရုစိုက်ပေးဖို့
အချိန်တွေ ဆိုတာ
အကို့မှာ မရှိခဲ့ဘူးမလား....??

ကြိုး  ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ