Chapter (1)

1.1K 51 8
                                    

ZAWGYI

အေးချမ်းလှတဲ့ ဒီဇင်ဘာဆောင်းရဲ့ ညတစ်ညမှာပေါ့

Bangkok မြို့ရဲ့ လမ်းတွေပေါ်မှာ နှင်းတွေ အဆုပ်လိုက်အပွင့်လိုက် ဖွေးဖွေး သဲသဲလှုပ်အောင် ကျနေပြီး ညမီးလင်းတိုင်ရဲ့ အလင်းဓာတ်တွေက နေရာအနှံ့ ဖြာကျလို့နေတယ်

လူလာနည်းတဲ့ လမ်းကြားထဲက Coffee Shop လေးထဲမှာတော့ ဖွင့်ထားတဲ့ သီချင်းသံငြိမ့်ငြိမ့်လေးနဲ့အတူ စည်းချက်ကျကျ လိုက်ညည်းရင်း ခန္ဓာကိုယ်လေးကို ယိမ်းခါကရင်း အလုပ်များနေသူတစ်ဦးရှိတယ်

ပုံမှန်အလုပ်ဆင်းနေကျအချိန်ထက် ဒီနေ့ နည်းနည်းလေး နောက်ကျပြီး ဆိုင်မပိတ်သေးတာက သူစမ်းသပ်ကြည့်ထားတဲ့ စတော်ဘယ်ရီကိတ်လေးမှာ လိုအပ်ချက် နည်းနည်းရှိသေးလို့ပဲ

သူ့နာမည် Tommy .. Bangkok မြို့ကို အရင်တစ်နှစ်က ပြောင်းလာခဲ့ပြီး လူအရောက်အပေါက်နည်းတဲ့ ဒီလမ်းကြားလေးထဲမှာ Coffee Shop လေး ဖွင့်ဖြစ်ခဲ့တယ် .. အကောင်းကြိုက်တတ်တဲ့ သူ့လိုလူမျိုးဆီက ဖန်တီးထားသမျှ စားစရာလေးတွေဟာ တအားစံချိန်မမီရင်တောင် အရသာတော့ ရှိတာအမှန် ~

Tommy ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတာမျိုး မဟုတ်ပေမယ့် လာစားဖူးသူတိုင်းရဲ့ Feedback Note လေးတွေထဲမှာ မကောင်းတဲ့ အကြောင်းအရာ တစ်ခုတစ်လေတောင် ပါမလာဖူးတာမို့ စိတ်တိုင်းကျတယ် ပြောရမလား

ဆိုင်ကို တစ်ယောက်တည်းနဲ့ လည်ပတ်နေရလည်း ပုံမှန်ဖောက်သည်တွေ ရှိနေတာကြောင့် Tommy တော့ မောတယ်မထင်ဘူး .. ကိုယ်ဝါသနာပါရာ အလုပ်ကို လုပ်ခွင့်ရတာ ဘယ်လောက်ကောင်းတဲ့ ဆုလာဘ်လဲ

အရည်ရွှမ်းတဲ့ အနီရဲရဲ စတော်ဘယ်ရီသီးလေးတွေကို ကိတ်မုန့်ပေါ် စနစ်တကျ တင်လိုက်ပြီးချိန်မှာ ဆိုင်ရှေ့က ခေါင်းလောင်းသံလေး မြည်လာခဲ့တယ်

ဆိုင်သိမ်းခါနီးပြီကို ဘယ်လိုဖြစ်လို့ ~~

နောက်ဆုံးတော့ Closed Signboard ဘက်ကို သွားပြောင်းထားဖို့ မေ့နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြစ်တင်မိရင်း ...

" Meteor Shower Coffee Shop မှ ကြိုဆိုပါတယ်ခင်ဗျာ "

" ကော်ဖီရောင်းလားဗျ "

❄️ ခင်ဗျားရှိရာဆီ 🌠Where stories live. Discover now