စာကိုယ်​(၂) (Unicode)

787 92 16
                                    

"​မျောက်​..."

ကျွန်​မသူ့ကိုမျက်​​စောင်​းပိတ်​ထိုးလိုက်​​တော့တယ်​။ သူက​တော့ က​ျွန်​မရဲ့ မျက်​​စောင်​းကို အ​ရေးပင်​မစိုက်​။

"​မျောက်​..နင်​့တွက်​ထားတာ အဆင်​့​တွေ​ကျော်​​နေတယ်​။"​

ခေါ်ပြန်​ပြီ ။ တ​မျောက်​​မျောက်​နဲ့။ သူပြတဲ့ သချင်္ာပုစ္ဆာကို ကျွန်​မ စိတ်​မဝင်​စားနိုင်​။ သူ့ကိုဘဲ စိတ်​တို​နေ​တော့တာ။ ​မျောက်​လို့ ​ခေါ်တာ မကြိူက်​ပါဘူးလို့ အတန်​တန်​​ပြောထားရက်​နဲ့။

ကျွန်​မမှာရှိတာမှ နာမည်​သုံးလုံး။ ​နောက်​နှစ်​လုံးက အ​ဖေနာမည်​ဆို​တော့ ကျွန်​မပိုင်​တာဆိုလို့ အဲ့​ရှေ့တစ်​လုံး​လေး။ သူကတိုင်​းရင်​းသားဆို​တော့ အဲ့​ရှေ့တစ်​လုံးကို အဖျားစွတ်​​ခေါ်ရင်​ မပီရှာဘူး။ အဲ့တာနဲ့ဘဲ က​ျွန်​မ က ​မျောက်​မကြီး ဖြစ်​သွား​ရော။

"ဘာလို့ ငါ့ကိုမျက်​​စောင်​းထိုး​နေရတာလဲ။ ဒီမှာ ပြန်​ပြင်​တွက်​လိုက်​ဦး။"

ကျွန်​မ​ရှေ့ကို စာအုပ်​ချ​ပေး​တယ်​။ သူက တွက်​စာ​တော်​​တော့ က​ျွန်​မမှာ တွက်​စာဆို သူ့ကို အားကိုး​နေရတာ။သူချ​ပေးထားတဲ့ စာအုပ်​ကို က​ျွန်​မဆွဲယူလိုက်​တယ်​။ ဒါ​ပေမယ်​့ သချင်္ာတွက်​တဲ့ဆီမ​ရောက်​။​စာကြည်​့မီးအဝါ​ရောင်​ဖန်​့ဖန်​့​အောက်​က သူ့မျက်​နှာကို ​ငေးကြည်​့​နေမိတယ်​။ ကြီး​ကောင်​ဝင်​လာတဲ့ သူ့မျက်​နှာမှာ ဝက်​ခြံ​လေး​တွေက ဟိုတစ်​ဖုဒီတစ်​ဖုနဲ့။ မျက်​ခုံးထူထူတို့ဆီက ​အရင်​းခံလာတဲ့ နှာတံ​တွေဟာ စင်​းလို့။ ​မေးရိုးထင်​းထင်​းနဲ့ သူ့ပုံစံဟာ ကြည်​့​ကောင်​းတယ်​ ဝန်​ခံလို့ ရ​ပေမယ်​့ အရမ်​းကြီး ​ချော​နေတဲ့အထဲ မပါ။ဒါ​ပေမယ်​့ ရှမ်​းကြိုက်​ရင်​ နွား​ချောသတဲ့။ ကြားဖူးတယ်​ မဟုတ်​လား။ ကျွန်​မကြိုက်​​တော့ သူဟာလည်​း နတ်​သားအလားဘဲ။အနည်​းငယ်​ထူထဲတဲ့ နူတ်​ခမ်​း​တွေဟာ များ​သောအားဖြင်​့ တင်​းတင်​း​စေ့လျက်​။ အခု​တော့ တတွတ်​တွတ်​နဲ့ ကျွန်​မကို စာရှင်​းပြ​နေတယ်​။သူရှင်​းပြသမျှ ကျွန်​မ​ခေါင်​းထဲ​ရောက်​ မ​ရောက်​​တော့မသိ။ က​ျွန်​မ​ဘောပင်​အဖုံးက​တော့ ပိန်​လိမ်​​နေပြီ။ သူ့ကို ငမ်​းရင်​း ကိုက်​​ကောင်​း​ကောင်​းနဲ့ ကိုက်​​နေတာနဲ့တင်​။

အကြင်​နာစစ်​ရင်​ (အကြင်နာစစ်ရင်)Where stories live. Discover now