စာကိုယ်​(၁) (Unicode)

1K 96 6
                                    

"အမြင်​ကတ်​စရာ​ကောင်​းလိုက်​တာ။​ဆောင်​့ကြွားကြွားနဲ့။"

ကျွန်​မသူငယ်​ချင်​းအသံ​ကြောင်​့ ကျွန်​မလှည်​့ကြည်​့လိုက်​မိတယ်​။ ထုံးစံအတိုင်​း သူ့ကို ရန်​​စောင်​​နေကြပြန်​ပြီ။

သူ့ပုံစံကလည်​း တကယ်​ကို အချိုးမ​ပြေဘူးဘဲ။ လမ်​း​လျှောက်​ရင်​လည်​း ​ခေါင်​းက​မော့​နေတာ မိုး​ပေါ်ကကို မကျဘူး။ အတန်​းထဲမှာ ဆရာမက စာ​မေးရင်​လည်​း ကိုတတ်​ပကြီး သိပ်​လုပ်​လွန်​းတယ်​။ သူဘဲသိ၊ သူဘဲ တတ်​တဲ့ ပုံစံနဲ့။တ​လောက​လေးတင်​ ​စျေးကိုတစ်​ခါ​ရောက်​ဖူးရုံနဲ့ A visit to the supermarketဆိုတဲ့ စာစီစာကုံးတစ်​ပုဒ်​ကို အသာ​လေး ​ရေးနိုင်​တယ်​ဆိုလို့ ကျွန်​မသူငယ်​ချင်​းနဲ့ အပြန်​အလှန်​ ငြင်​းခုံ ထသတ်​ပြီးပြီ။အခုလည်​း ကျွန်​မသူငယ်​ချင်​း​​ပြောလိုက်​တာကို သူမကြားတာ မဖြစ်​နိုင်​။ ကျွန်​မသူငယ်​ချင်​းက တမင်​ကြား​အောင်​ကို ကျယ်​ကျယ်​​ပြော​နေတာ။ ဒါကို သူက ဂရုမစိုက်​ဘဲ တ​လောကလုံး သူ့​လုပ်​စာထိုင်​စားတဲ့ မျက်​နှာ​ပေးနဲ့ သူ့ခုံသူ ပြန်​သွားထိုင်​​နေ​လေရဲ့။ကျွန်​မသူငယ်​ချင်​းက​တော့ ​ဘေးက​နေ မ​ဲ့ကာရွဲ့ကာနဲ့ ​ပေါက်​​ပေါက်​​ဖောက်​​တော့တယ်​။

"သူ့ကိုမြင်​ရတာ ​တော်​​တော်​ကို အကုသိုလ်​များတာ။ Aခန်​းကို ​ရောက်​လာကတည်​းက ဒင်​းကို မိုး​ပေါ်က​နေကို ဆွဲချလို့မရ​တော့ဘူး။"

​တော်​​တော်​နားညည်​းတာဘဲ။ ကိုယ်​့ထမင်​းကိုယ်​စားပြီး သူများ အပြစ်​ထိုင်​​ပြော​နေကြတယ်​။

"သူက အကုသိုလ်​​ပေးတာမဟုတိဘူး။ နင်​့ဘာသာနင်​ ကိုယ်​့အကုသိုလ်​ကိုယ်​လုပ်​​ယူ​နေတာ။"

"နင်​က..ဘာလို့..."​

တော်​ရုံကိစ္စကို ဝင်​မပါဘဲ ခပ်​​အေး​အေးသာ ​နေတတ်​တဲ့ ကျွန်​မ ကို သူငယ်​ချင်​းက မျက်​လုံးအဝိုင်​းသားနဲ့ ကြည်​့တယ်​။အဲ့အကြည်​့ကို လက်​ခံရရှိတဲ့​နောက်​မှာ​တော့ ကျွန်​မ ပါးပြင်​နှစ်​ဖက်​ ရှိန်​းခနဲ ပူထူသွားတယ်​။ ချက်​ချင်​းဘဲ ထိုင်​​နေရာက​နေ ထရပ်​လိုက်​တယ်​။ ဘယ်​လို အကြည်​့မျိုနဲ့ကြည်​့​နေရတာလဲ။ အဲ့ အကြည်​့က ကျွန်​မကို ​နေရထိုင်​ရ ခက်​ခဲ​စေတယ်​။

အကြင်​နာစစ်​ရင်​ (အကြင်နာစစ်ရင်)Where stories live. Discover now