P(69)(Z+U)

65.1K 5.8K 516
                                    

Zawgyi

မန္တလေး မှပြန်ထွက်လာသောပိုင်တို့၏ ကားလေးသည် အိမ်သို့ပြန်ရောက်ချိန်တွင် ညနေပင်​စောင်း​နေလေသည်။ သားသည် ကားပေါ်တွင် အိပ်ပျော်​နေသည့်အပြင်ပိုင်၏ပုခုံးအားမှီလာ​သောမာန်သည်ပင် အိပ်ပျော်နေလေသည်။ ထို့နောက်ခန့်ကိုသည် ကားအားခြံရှေ့တွင်ထိုးရပ်ကာ ပိုင်ဘက်သို့ပြန်လှည့်လာလေသည်။

"အကိုလေး အကိုလေးတို့သုံး​ယောက် ထဲအဆင်ပြေပါ့မလား"

ပိုင်သည် အိပ်ပျော်နေသောမာန့်အားကြည့်နေရင်းမှ

"ဒီတစ်ညတော့ရ​လောက်ပါတယ် နက်ဖြန်ကျရင်တော့ ငါ့အိမ်က ပစ္စည်း တွေနဲ့အိမ်စေ နှစ်ယောက်လောက်ရှာပီးပို့လိုက်ခန့်ကို"

"ဟုတ်ကဲ့အကို​လေး။ Sir ​ဆေးပြဖို့ကရော"

"ဟုတ်တယ် အယ့်အတွက် ဆရာဝန်ပါငါ့ကိုစီစဉ်ပေးပါ။ ဆေးရုံမတင်ချင်ဘူး။ အယ့်က ကုထုံးတွေကြောင့်မာန့်ကိုထပ်ပီးမနာကျင်စေချင်တော့ဘူးခန့်ကို ။ ဒါကြောင့် ဘယ်လောက်ကုန်ပါစေ အိမ်ကိုလာကုဖို့ဆရာဝန်သာလွှတ်ပေး"

ပိုင်သည်ခန့်ကိုအား​ပြော​နေရင်းပင်အိပ်ပျော်နေသောမာန်နဖူး​လေးမှကျ​နေသောဆံပင်​လေးအားသပ်​ပေးကာနဖူး​လေးအား​ဖြေးညှင့်းစွာငုံနမ်းလိုက်​လေသည်။

"ဟုတ်ကဲ့အကိုလေး ကျွန်တော့်အသိဆရာဝန်ရှိပါတယ်"

"အဆင်ပြေတာပေါ့"

ထို့နောက်ခန့်ကိုသည် ကားပေါ်မှ ဆင်းသွားကာ ခြံတံခါးအားသွားဖွင့်​လေသည်။

"မာန် ထတော့အိမ်ပြန်ရောက်နေပီ"

ပိုင်သည် မိမိ၏ပုခုံးအားခေါင်းတင်ကာအိပ်ပျော်နေသော မာန်၏လက်ကလေးအားဖြေးညှင်းစွာလှုပ်နှိုးလိုက်​လေသည်။ ထို့​နောက် သားပါနိုးလာလေသည်။

"ပိုင့်ဆီရောက်ပီလား။"

ပိုင်၏ပုခုံးပေါ်တွင်အိပ်​နေသော မာန်သည် မျက်လုံးဖွင့်ကြည့်ကာမေးလာလေသည်။

"အင်းဟုတ်တယ်ထ​တော့​နော်"

ထို့နောက်ခန့်ကိုသည် ကားထဲပြန်ဝင်လာပီး​နောက်ကားအား ခြံထဲသို့သာ​မောင်းဝင်လာခဲ့လေတော့သည်။ ခြံထဲရောက်ချိန်တွင် ပိုင် အရင်ဆင်းလိုက်ကာကားထဲရှိမာန့်အားပြန်ကြည့်လိုက်လေသည်။

(Lovely My Little world) (Z+U) (S2)Where stories live. Discover now