P(61)(Z+U)

60K 5.1K 937
                                    

Zawgyi

"Sir..Sir"

မာန်သည် ပုလဲတို့ကိစ္စ​ပီးသည့်​နောက်တွင်ခန ​ရှောင်​နေ​သော်လည်း မပီးပြတ်​သေး​သောလုပ်ငန်းတစ်ချို့အားလုပ်ရန်ကုမ္ပဏီအားခနလာခဲ့​လေသည်။ထို့​နောက်စာရင်းများစစ်ပီးချိန် ၌ရုံးခန်းထဲတွင်ဆေးရှုရန်ပြင်နေစဉ် ခန့်ကိုသည်အမော တကောဖြင့်ပြေးဝင်လာခဲ့လေသည်။ ထို့ကြောင့် မာန်သည် ဆေးထုတ်အားLaggage ထဲသို့ပြန်ထည့်လိုက်​ရ​လေသည်။

"Sir ကုမ္ပဏီ ရှေ့မှာ ရဲတွေရောက်နေပြန်ပီ"..
ထို့နောက် မာန်သည် Laggage အားပြန်ပိတ်လိုက်လိုက်ကာ

"ဘာကိစ္စလဲ ခန့်ကို"

"မသိဘူး Sir. ကျွန်တော် တို့ကုမ္ပဏီ ရှေ့က cctv ကတွေ့လိုက်တာ"

ထို့နောက် မာန်သည် ဘေးရှိ​ရေခွက်အား​မော့​သောက်လိုက်ကာ

"ခန့်ကို ဒါယူသွားပီး တစ်နေရာထားလိုက် ။ ပီးရင် အိမ်ကိုသွားပီးငါ့အခန်းထဲက ကုတင်ပေါ်က ဟာတွေနဲ့ စားပွဲပေါ်က ဟာ တွေရှင်းလိုက်"

"ဟုတ်ကဲ့"

ထို့နောက်မာန်သည် Laggage အားခန့်ကိုရှေ့ထိုးပေးကာ ကားသော့အားပေးလိုက်လေသည်။

" ကုမ္ပဏီ နောက်တံခါးကထွက်ပီး ဂိုထောင်ထဲက Crown အနက်ကိုသာစီးသွားလိုက်"

"ဟုတ်ကဲ့ Sir.ဖြစ်ပါ့မလား"

"ရတယ် အိမ်က ငါ့အခန်းကိုသာ မြန်မြန် သွားရှင်းလိုက်"

ထို့နောက် ခန့်ကိုသည် Laggage  အားဆွဲကာအပြင်ထွက်သွားသည့်အခါမှ မာန်သည် ရေအားထပ်သောက်လိုက်ကာ ထိုင်ခုံကိုသာမှီထားလိုက်လေသည်။

တီ တီ တီ

မာန်၏ ဘေးတွင်ထား​သော ဧည့်သည်တွေ့လိုလျှင် အောက်ခြေမှ မာန့်ဆီ ခွင့်တောင်းသည့်အခါခေါ်သောဖုန်းသည် မြည်လာခဲ့လေသည်။ မာန်သည် ဖုန်းအားကိုင်လိုက်ချိန်တွင်တစ်ဖက်မှ

"Sir ကျွန်မတို့ အောက်မှာ ဆရာနဲ့ တွေ့ချင်တယ်ဆိုပီး ရဲ ၆ ယောက် ရောက်နေတယ် Sir. လွှတ်လိုက်ရမလား"

"လွှတ်လိုက်"

ထို့နောက် မာန်သည် ဖုန်းချလိုက်လေသည်။ ထို့နောက်သိပ်မကြာချိန်တွင်

(Lovely My Little world) (Z+U) (S2)Where stories live. Discover now