🍭Chupa 🍭Chups 🍭 Ch7

162 20 2
                                    

စနေနေ့တွင် ပူလောင်ခဲ့သော ဒေါသမီးသည် တနင်္ဂနွေနေ့သို့ ဆင့်ကူးကာ တနင်္လာနေ့ ထိ အပူမငြိမ်းသေးပဲ ရှိနေသည်။

အတန်းထဲသွားလျင် ဟို မျက်နှာပြောင်တိုက်လွန်းတဲ့ လောရှည်ကြီးကို တွေ့နေရမည် ဆိုး၍ အတန်းမတက်ပဲ ကန်းတင်းထိုင်လိုက်၊ ကျောင်းတစ်ပတ်ပတ်လိုက် ၊ စာကြည့်တိုက်ထဲ ၀င်လိုက် ၊ ကျောင်းကိုထပ်ပတ်လိုက် နှင့် နေပူပူထဲတွင် ထီးတစ်ချောင်းနှင့် ချမ်းချမ်းတို့ ကမ္ဘာပျက်နေသည်။
အခုလည်း ကျောင်းတစ်ပတ် ပတ်ပြီးလို့ ၁၁နာရီလည်း ခွဲနေပြီမို့ ကန်တင်းထိုင်ဖို့ ကန်တင်းဘက်သို့ လျှောက်လာလိုက်သည်။

ပြောလို့ပြောတာ မဟုတ်ဘူး တစ်မနက်လုံးအတန်းမတက်တာကို ဟို သူငယ်ချင်းကောင်းတစ်သိုက်က ဖုန်းတစ်ကောဆက်ပြီးတောင် ဘာဖြစ်လို့လဲ ဆိုပြီး မမေးကြဘူး ၊ တွေ့အုံးမယ် ဒင်းတို့တွေ

ပထမဦးဆုံးမြင်ရတဲ့ ဆိုင်က လူနည်းနည်းရှင်းတာမို့ ထိုဆိုင်မှာပဲ ၀င်ထိုင်လိုက်သည်။

"ဘာစားမလဲ အကို "

"မြီးရှည် တစ်ပွဲပေး ညီလေး ၊ သံဗူးပါ တစ်ဘူး"

"Ok ခုပဲ ရမယ် "

"အေ ခုပဲ ဆိုပြီး ငါ ထပ်အော်ရရင် ပိုက်‌ေံမရှင်းဘူးမှတ် "

ထိုသို့ပြောတော့ စားပွဲထိုးကောင်လေးက အကိုရာ ဆိုပြီး ရယ်ပြီးထွက်သွားသည်။
မဟုတ်လို့လား သူများမှာတော့ မသိပါဘူး။ ဒီက ကန်တင်းမှာ ဆိုင်ထဲ၀င်ပြီးဆိုရင် မှာဖို့လည်း စောင့်ရ ၊ မှာပြီးရင်လည်း စားဖို့ကို မရနိုင်ဘူး စောင့်ရ ၊ စားပြီးရင်လည်း ရှင်းဖို့ကိုလည်း စောင့်ရ ၊ တော်ရုံစိတ်ရှည်ခြင်းမျိုးနဲ့တော့ ကန်တင်းမထိုင်နဲ့ နွေအပူကြောင့် မသေခင် စောင့်ရလွန်ပြီး အိုသေသွားမယ်။ အဟုတ် ....

"ရပြီ အကို စွဲတော့ "

မျက်နှာပြောင်စပ်စပ်နဲ့ စားပွဲထိုးက မှာထားတဲ့ မြီးရှည်နဲ့ အအေးတစ်ဘူးချပေးသည်။

"အေ ခုလေးတင် မရရင် မင်းကိုပဲ စွဲတော့မလို့ "

"မစွဲကောင်းပါဘူး အကိုရာ "

🍭Chupa🍭Chups🍭 (Z+U)Where stories live. Discover now