🍭Chupa🍭Chups🍭Ch-3

580 63 7
                                    


"ငချမ်း ဆရာဘာပြောလဲ"

အတန်းထဲ ဝင်လာတဲ့ ချမ်းချမ်းကို မြင်တော့ ကျော်သူရ မနေနိုင်မထိုင်နိုင် ချက်ချင်းမေးလိုက်သည်။

"ဘာပြောရမလဲ ထုံးစံအတိုင်းပေါ့"

"ဟူး တော်ပါသေးရဲ့
မိဘတွေ ဘာတွေ ခေါ်ခိုင်းတော့မယ် ထင်နေတာ"

"တော်ပါသေးရဲ့ လုပ်မနေနဲ့
ဟိုကောင်တွေ ဒီတစ်ခါလည်း အသေတင်းသွားကြတာ
ဆရာ လာတာစောလို့ပေါ့
နောက်မို့ဆို ငါလည်း တွေးရဲစရာမရှိဘူး။"

စကားလေးလည်းပြောရင်း lollipop ရဲ့ချဉ်ပြုံးပြုံးအရသာလေးကိုလည်း ခံစားရင်း ကို့ဘာသာ ပြီးပြည့်စုံနေတာ

အတန်းရဲ့နောက်ဆုံးမှာ မင်းမူနေတဲ့ ကျွန်တော်က ကြောက်စရာလည်း မရှိဘူးလေ။

ထို့နောက် နေ့လည်အတန်းချိန်တွေစပြီး ဆရာမလည်း အတန်းထဲ ဝင်လာခဲ့သည်။ ဆရာမနောက်တွင်တော့ ကုပ်ကုပ် ကုပ်ကုပ်နဲ့ ကပ်ပါလာတဲ့ ကောင်လေးကြောင့် အကုန်လုံးစိတ်ဝင်စားမှုတွေက ထိုကောင်လေးဆီ ရောက်သွားသည်။ ချမ်းချမ်းလည်း မျက်ခုံးကို ပင့်ကာ အကဲခတ်လိုက်သည်။

ကျောင်းသားသစ်ဆိုတော့ စိတ်ဝင်တစားရှိတာနဲ့ ကြည့်ကြည့်သည် ဆိုပါတော့ ။

"ကောင်းယံထက် သားအဆင်ပြေတဲ့ နေရာမှာ ထိုင်လိုက်နော် "

"ကယ် မနေ့က အဆက်ကို ဆက်မယ် "

ဘာလား.....စာကြမ်းပိုးလား
ကြောင်တောင်တောင်ပုံစံနဲ့ တပ်ထားတဲ့ မျက်မှန်က ပုလင်းဖင်လောက်ရှိတော့မယ်။
နာမည်က ဘာ......ကောင်းယံထက်.... အူကြောင်ကြောင်ကောင်ပဲ ဖြစ်မှာပါ။

ချမ်းချမ်းအကြည့်တစ်ချက်နဲ့ မှတ်ချက်တွေ တန်းစီပေးပြီးနောက် စာလုပ်ဖို့ စာအုပ်ကို ထုတ်လိုက်သည်။

သို့ပေမယ့် ထိုငနဲ သူ အခုထိ အတန်းအရှေ့မှာ အူကြောင်ကြောင်နဲ့ ရပ်နေတုန်းပဲ ။

'ဘာလဲ ဒီကောင် အူကြောင်ကြောင်ကောင်ဆိုတာ မှန်နေတာပဲ '

"ကျွန်တော် ဒီရှေ့ဆုံးတန်းမှာ ထိုင်ချင်တယ်"

ဘာလဲဟ ...

ချမ်းချမ်းတင် မဟုတ် တစ်တန်းလုံး ဆွံ့အကုန်ကြသည်။
ဘယ့်နှယ့် ဒုတိယနှစ်ကျောင်းသားက ဒီလို လုပ်မှာလဲ

🍭Chupa🍭Chups🍭 (Z+U)Where stories live. Discover now