"ကိုယ် မင်းကို စောင့်နေမှာပါ လောဝ်ဝမ်.."

Wang yibo  ဘယ်ဘက် လက်ကောက်ဝတ်လေးကို Xiao zhan  ချည်နှောင်ပေးလာတဲ့ အနီရောင် ကြိုးတစ်ချောင်း

"ဒါလေးက စစ်မြေပြင်ရောက်ရင် အန္တရာယ် ကင်းအောင် အမား ပေးလိုက်တာ
ခုတော့ ကိုယ်အတွက်မလိုတော့ဘူး
မင်းယူထားလိုက်လောဝ်ဝမ်
ကိုယ်မင်းကို ကြိုးလေးနဲ့  ချည်နှောင်ခဲ့ပြီးပြီ
မပျောက်စေနဲ့ မင်း နဲ့ ငါ ဘယ်တော့မှ မခွဲဘူး..."

တိုးဖွဖွပြောတဲ့ စကားသံလေးရယ်
နူးညံ့တဲ့ အနမ်းလေးတွေရယ်
စိုစွတ်နေတဲ့ မျက်ဝန်းအိမ်လေးတို့ရယ်
လက်မှာ ချည်နှောင်ပေးလားတဲ့ ကြိုးတစ်ချောင်း
ဒါတွေက အိမ်မက်မဟုတ်ဖူး
ကျွန်တော်တို့တွေ တစ်ကယ် ခွဲရတော့မယ်

Xiao zhan ရဲ့ နူးညံ့တဲ့ အနမ်းကို
Wang yibo အားပြင်းစေလိုက်သည်
ခဏတော့ ပေါက်ကွဲခွင့်ပေးပါ အကို
ပိုင်ဆိုင်ကြောင်း ပြထားချင်လို့ပါ

ပြင်းရှရှ အနမ်းလေးက ပိုပြီး သိပ်သည်းစွာ
ငိုနေတာလား ကလေးငယ်
မငိုပါနဲ့ ဒီကောင် ရင်ဘက်ထဲက နာလို့ပါ

"လောဝ်ဝမ်..."!!

"ဟင့်အင့် မခေါ်နဲ့ "

"ကိုယ်တို့ အတူ နေကြရအောင်.."

.....................

"မျန်မျန့် ပျော်နေသလား ပြန်ရတော့မှာဆို​တော့"??

"ပျော်တယ်ဆိုလည်း ပြောလို့ရပါတယ် အကိုရယ် ဒါပေမယ့် စိတ်ထဲမှာတစ်မျိုးကြီး
ဒါနဲ့ အကို ညီမကို ခေါ်လိုက်တာ ပြောစရာ ရှိလို့လား..."???

မျန်မျန့်ရဲ့ စကားလေးကို ဟိုက်ခွမ်းခေါင်းလေးငြိမ့်ပြသည်
စစ်သားမှာလည်း အသည်းနဲ့ပါ
ချစ်တက်တဲ့ နှလုံးသားရှိပါတယ်

"မျန်မျန့် မင်းကို အကို ချစ်တယ်.."

မျှော်လင့်ထားတဲ့ စကားလေးက လွန်ခဲ့တဲ့ အချိန်များစီက ကြားမယ့်ကြားရတော့လည်း
ပြန်ရတော့မယ့် အချိန်မှတဲ့လား.....???
မျန်မျန့် ငိုမိပြီး ဟိုက်ခွမ်း ရင်ခွင်ထဲ တိုးဝင်လိုက်သည်

"ဘယ်တော့မှ မပြောတော့ဘူးလို့ ထင်ထားတာ...."

"အဲ့လို ရည်ရွယ်ထားပေးမယ့်
အကို မနေနိုင်တော့လို့ပါ..."

ကြိုး  ( Completed )Where stories live. Discover now