အခန်း ၆

Start from the beginning
                                    

"လာ မင်းအခန်း လိုက်ပြမယ်"
San က ​ပြောပြီး သူ့ကို ဦး​ဆောင်​ခေါ်သွားသည်။

ဒီ​နေ့​တော့ အ​တွေး​ပေါင်းများစွာက Hongjoongရဲ့ ​ခေါင်းထဲ ​ရော​ထွေးစုပုံလျက်။
_________________________________________

"Jung Wooyoung!"

"ဗျာ"
အရာရှိ​လေး Wooyoung တစ်​ယောက် စခန်းမှူး Jongho ရဲ့ အဆူအ​ငေါက်ကို စခန်း​ရောက်​ရောက်ချင်း ခံလိုက်ရသည်။ သူကလည်းသူပဲ။ ဟိုတစ်ရက်က bar သွားရင်း အပြန်မှာ လွတ်သွားတဲ့သူခိုးကို ​တွေ့လို့ သူတစ်​ယောက်တည်း မိ​အောင် ဖမ်းပြီး စခန်း​ခေါ်လာခဲ့သည်။ ပုံမှန်ဆို စခန်းမှူးကို တင်ပြရမှာ ဖြစ်​ပေမယ့် အရက်ရှိန်​ကြောင့်ရယ် bar က နတ်ဆိုး​ကြောင့်ရယ်အဲ့လို အ​ကြောင်း​ကြောင်း​တွေ​ကြောင့် သူလုပ်ထုံးလုပ်နည်း​တွေ အကုန်​ကျော်ချကာ သူ့သ​ဘောနဲ့သူ ​အချုပ်ခန်းထဲ ထည့်ထားခဲ့သည်။ ရိုးရိုးထည့်ခဲ့သည်​တော့မဟုတ်။ ထိုသူခိုးရဲ့မျက်နှာ ဖူး​ယောင်ပြီး မသေရုံတမယ် ရိုက်နှက်ပြီး ထည့်ခဲ့မိခြင်း။ သူ့အပြစ်​​ချည်းပဲတော့လည်း မဟုတ်ဘူး​လေ အဲ့သူခိုးက ​ကောင်း​ကောင်းမွန်မွန်မှ အဖမ်းမခံတာ အဲ့​တော့ဒီက အရာရှိ​လေးက လက်စွမ်းပြ​ပေးရတာ​ပေါ့။ လက်စွမ်းအပြလွန်လွန်သွားလို့ အခု​တော့ စခန်းမှူးကြီးဆူ​​ငေါက်တာ ခံရပြီ​လေ။

"အပြစ်သားကို ဖမ်းမိရင် ရဲအရာ​ရှိတစ်​ယောက်အ​နေနဲ့ ကိုယ်ထိလက်​ရောက် ​သွေးထွက်သံယိုအထိ ဖြစ်​အောင် မလုပ်သင့်ဘူးဆိုတာ မသိဘူးလား"
Jongho တကယ် စိတ်​လေ​နေသည်။ သူဒီတစ်​ယောက်နဲ့ ဘယ်လိုလုပ်ရမလဲ။ သူဒီစခန်း​ပြောင်းတာဝန်ကျတဲ့​နေ့ကစပြီး ဒီ​နေ့အထိ ထိုအရာရှိ​ကြောင့် ​ခေါင်းမကိုက်ရသည့်​နေ့မရှိ။ ထိုအရာရှိက အရည်အချင်းရှိသလို ​ထက်လည်း​ထက်သည်။ တိုက်ရည်ခိုက်ရည်ဆိုရင် သူရယ် သူ့တွဲဖက် Yeosang ရယ်ကို မီတဲ့သူ စခန်းမှာ အခုထိ​​ပေါ်မလာ​သေး။ တစ်ခုပဲ။ ထို Jeong Wooyoung သည် အလွန်ရှပ်ပြာရှပ်ပြာနိုင်လှပြီး မထင်ရင် မထင်သလို မီး​မွှေးတတ်သည်။ ဒါ​ကြောင့်ပဲ သူအမြဲ​သွေးတက်​နေရတာ။

၁ နာရီ​လောက်ကြာ​အောင် စခန်းမှူးရဲ့ သြဝါဒမဆိုအပ်​သော သြဝါဒ​တွေကို နား​ထောင်ပြီး ကိုယ့်ဌာနကိုယ် ပြန်လာခဲ့သည်။ ​နေ့လယ်စာနား​ချိန်​ရောက်​တော့ သူအနီးအနားက ​ကော်ဖီဆိုင်သွားရန် ပြင်လိုက်သည်။ ပုံမှန်ဆို Yeosang နဲ့အတူ ​နေ့လယ်စာသွားစားဖြစ်​ပေမယ့် Yeosang က လူ​သတ်မှု တစ်ခုနဲ့ ပတ်သက်ပြီး မ​နေ့ညက ခရီးထွက်သွားရသည်။ ဒီ​တော့လည်း သူတစ်​ယောက်တည်းပဲ​ပေါ့...

"ကြွပါခင်ဗျာ"

ဒီ ​ကော်ဖီဆိုင်ကို သူအရမ်းကြိုက်သည်။ ဆိုင်ထဲဝင်လာတာနဲ့ အပြုံးချိုချိုနဲ့ နှုတ်ဆက်တဲ့ ဝန်ထမ်း​တွေရယ် ဆိုင်အနှံ့ သင်းပျံ့​နေတဲ့ ​​ကော်ဖီနံ့ရယ် သက်ရပ်တဲ့ ဆိုင်ခန်းအပြင်အဆင်ရယ်​ကြောင့် သူ့စိတ်​တွေ အမြဲ​အေးချမ်းသွားသည်။ အင်း သူလည်း အငြိမ်းစားယူတဲ့အခါကျရင် ဒီလို​ကော်ဖီဆိုင်ဖွင့်ရင်​ကောင်းမလား။

"Americano တစ်ခွက်"
သူ​သောက်​နေကျ Americano မှာပြီး လူရှင်းသည့် တစ်​နေရာမှာ ထိုင်လိုက်သည်။ သူထိုင်တဲ့​နေရာက ပြတင်း​​ပေါက်​ဘေးဖြစ်​နေလို့ ပြတင်း​ပေါက်က​နေ မမြင်ဖူးသည့် ခမ်းနားလွန်းလှ​​​သော သူတို့ စခန်းကြီးကို ကြည့်​နေလိုက်သည်။
"ကျက်သ​ရေကို မရှိဘူး"

"ကိုယ့်ကို​ပြောတာလား"

ရင်းနှီး​နေသည့်အသံရယ် ကိုယ်သင်းနံ့ရယ်​ကြောင့် အသံလာရာကို ​မော့ကြည့်လိုက်သည်။ ဒါ ဟိုနတ်ဆိုး​ကောင်။ နတ်ဆိုး​ကောင်လို့ ​သိတာနဲ့ ချက်ချင်း မျက်နှာ​တွေ နီရဲလာကာ ​ဒေါသထွက်လာသည်။ ​ပြောလိုက်တဲ့စကားက သူတို့အမိစခန်းကြီးကို ရည်ရွယ်​ပေမယ့်လည်း ထိုနတ်ဆိုးကို အမြင်နကြည်တဲ့စိတ်​ကြောင့်
"သိရင်ပြီးတာပဲ"

"​သြော် ကိုယ်လည်း ဘာမှမလုပ်ရ​သေးဘဲနဲ့"
မျက်ခုံးတစ်ဖက်ပင့်ကာ သူ့ကို ​မေးခွန်းထုတ်​နေ​သော ထိုနတ်ဆိုးကို ဖြစ်နိုင်ရင် အမှုန့်ကြိတ်ပစ်ချင်သည်။

"အ​ပြောခံရမယ်ဆိုလည်း လုပ်ပြီးမှ အ​ပြောခံရတာက တန်တယ်မလား"
ဟု ဆိုရင်း မျက်လုံးတစ်ဖက်မှိတ်ပြကာ သူ့​ရှေ့ထိုင်လိုက်သည့် ထိုနတ်ဆိုး​ကြောင့် ထိုင်​​နေသည့် နေရာမှာတင် အ​ငွေ့ပျံချင်သွားသည်။ Jeong Wooyoung...မင်း ဒီ​နေ့ကံ​မ​ကောင်းပါလား...
_________________________________________

Everything I do, I do it For You (Unicode Only)Where stories live. Discover now