အခန်း ၅

Start from the beginning
                                    

"ဟုတ်တယ် ကျွန်​တော့်ကို လူတစ်​ယောက်ကတိ​ပေးခဲ့တဲ့အတိုင်း ရဲထဲ ကျွန်​တော်ဝင်ခဲ့တယ် သူ​ရော အတူပါမယ် ထင်ပြီး​တော့​ပေါ့"

"အစ်ကိုရှင်းပြပါရ​စေ Yeosang အစ်ကို..."

"..."

"အစ်ကို တကယ် ရဲထဲဝင်ဖို့ ​ဖောင်တင်ခဲ့ပါတယ် ဒါ​ပေမယ့် အဲ့​နေ့မှာပဲ အ​ဖေ့ကုမ္ပဏီကို ပြိုင်ဘက်ကုမ္ပဏီက တိုက်ခိုက်လို့ ရှယ်ယာ​တွေ ထိုးကျပြီး ကုမ္ပဏီ ပျက်လုနီးနီး ဖြစ်သွားခဲ့တယ်။ အဲ့ဒါ​ကြောင့် အစ်ကို ရဲအလုပ်ကိုစွန့်ပြီး အ​ဖေ့ကို ဝင်ကူခဲ့တာပါ။ အစ်ကိုတကယ်​တောင်းပန်ပါတယ်။ အစ်ကိုစကားမတည်တာ မဟုတ်ပါဘူး"

"ကျွန်​တော့်ကို အကျိုးအ​ကြောင်း ​ပြောပြလို့ ရတယ်​လေ ဘာလို့ မ​ပြောဘဲ ရုတ်ချည်း အဆက်အသွယ် ဖြတ်သွားခဲ့ရတာလဲ...ကျွန်​တော်..."
အတိတ်အ​ကြောင်း​တွေ ပြန်​တွေးမိရင် Yeosang တကယ်မခံစားနိုင်ပါ Yeosang မိဘ​တွေက ရဲလုပ်​စေချင်သူ မဟုတ်။ သူ့ကို စီးပွား​ရေးသာ လုပ်​စေချင်ကြသည်။ သူက​တော့ အစ်ကိုတို့​ကျောင်းပြီးရင် ရဲထဲအတူဝင်ကြရ​အောင်​လေ ဆိုတဲ့စကား​ကြောင့် အိမ်ကိုဆန့်ကျင်ပြီး ရ​အောင် ရဲထဲဝင်ခဲ့သည်။ သူ့ကို အိမ်က စကားနားမ​ထောင်ဘူးဆိုပြီး အ​ဓိက​က​တော့ အ​​ဖေနဲ့ စကားများရသည်။ အ​ဖေနဲ့သူနဲ့ဆို နှစ်အ​တော်ကြာ​အောင် စကားမ​ပြောဖြစ်ခဲ့။ မနှစ်ကမှ ​ပြေလည်သွားတာ ဖြစ်သည်။ ရဲသင်တန်းက ​လေ့ကျင့်​ရေး​တွေကလည်း အရမ်းပြင်းထန်ခဲ့သည်။ အိမ်နဲ့လည်း အဆင်မ​ပြေ ​လေ့ကျင့်​ရေး​​တွေကလည်း တရစပ်ဖြစ်​နေတာ​ကြောင့် သူ​ရော စိတ်​ထောင်းကိုယ်​ကြေ ဖြစ်ခဲ့ရသည်။ သူနဲ့အတူ Wooyoung ကပါ ​ရဲသက်တန်းအတူတက်ပြီး သူ့ကိုကူညီ​ဖေးမခဲ့တာ​ကြောင့် သူအနည်းအကျဥ်း ခံစားရသက်သာခဲ့ရသည်။

သူ့​ရှေ့မှာ ပြို​တော့မယ့်မိုးလို့ မှိုင်​တွေ​နေတဲ့ ​ကောင်​လေးကို ဆွဲဖက်ပြီး ရင်ခွင်ထဲ သိမ်းထားချင်စိတ်​တွေ ထိန်းမရ။ ကိုယ် တောင်းပန်ပါတယ် ကိုယ် မင်းကို စိတ်ဝင်စား​နေတာကို အိမ်ကသိပြီး လက်မခံနိုင်ကြတာ​ကြောင့် ကိုယ့်ကို မင်းနဲ့အ​ဝေးဆုံးကို ပို့ပစ်လိုက်တယ်ဆိုတာ မင်းကို အသိမ​ပေးချင်ဘူး။ ကိုယ်မင်းအနားမှာ မရှိခဲ့​ပေမယ့် မင်းသတင်း​တွေ အကုန်ကိုယ်စုံစမ်းခဲ့ပါတယ်။ မင်းရာထူးတက်ရင် ကိုယ်​ပျော်ခဲ့ရပြီး မင်းအနိုင်ကျင့်ခံရတဲ့အခါ ကိုယ်မကာကွယ်​ပေးနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် မချင့်မရဲ ဖြစ်ခဲ့မိရတာ​တွေ။ အဲ့​နေ့​တွေဆို ကိုယ်လက်တစ်ခုလုံး အက်ကွဲပြီး ​သွေး​တော်​တော်နဲ့မတိတ်နိုင်ခဲ့ဘူး။ အခုလို အလုပ်ကိစ္စနဲ့ တခြားမြို့က​နေ ပြန်လာချိန် မင်းနဲ့ ဒီလိုဆုံရမယ် မထင်ခဲ့တာမို့...

"ကျွန်​တော်ပြန်​တော့မယ်"

"​နေ..​နေပါဦး"

အစ်ကိုကျွန်​တော့်လက်ကိုလွှတ်​ပေးပါ။ အစ်ကို့​​ရှေ့ ကျွန်​တော်မငိုချင်လို့...

"အစ်ကို့ကို မင်းဖုန်းနံပါတ်​ပေးခဲ့ဦး​လေ"

"​ပေး ဖုန်း"
အစ်ကို့ဖုန်းထဲ နံပါတ်ရိုက်ထည့်ခဲ့ပြီး အစ်ကို့ရှေ့က တတ်နိုင်သမျှ မြန်မြန်ထွက်လာခဲ့သည်။ မုန်းတယ် အစ်ကို အစ်ကိုနဲ့ ပတ်သက်လာရင် ကျွန်​တော့်နှလုံးသားက ဘယ်​တော့မှ စကားနားမ​​ထောင်ဘူး...

ဖုန်း screen မှာ ​ပေါ်​နေတဲ့ ဖုန်းနံပါတ်ကို ကြည့်ပြီး Seonghwa ပြုံးလိုက်မိသည်။ ဒီတစ်ခါ​တော့ ကိုယ်မင်းကို လက်မလွှတ်​နိုင်တော့ဘူး...
_________________________________________

Everything I do, I do it For You (Unicode Only)Where stories live. Discover now