..........................

ဖွင့်ပြောဖို့ ဆိုတာ မဖြစ်နိုင်ဘူးထင်တယ်ကျန့်ကောရယ်
ကျွန်တော့လို့ အညတရစစ်သား ဘဝနဲ့
တောထဲတောင်ထဲ တိုက်ပွဲကြားမှာ အသက်ရှူနေရတဲ့ ကျွန်တော့ကို ကြီးကျယ် မြင့်မြတ်တဲ့ မျိုးရိုး က ရွှေလင်ဗန်းနဲ့ အချင်းဆေးပြီး မွေးဖွားလာတဲ့ ကျန့်ကောက ပြန်ချစ်ပေးနိုင်မှာလား...???
ပြီးတော့ ယောက်ျား ချင်းလေ
အကယ်လို့ ပြန်ချစ်ပေးတယ်ဆိုရင်တောင်
တာဝန်ပြီးလို့ ကျန့်ကော ပြန်သွားခဲ့ရင်
ဦးစီး လုပ်ကိုလာရတော့မယ့် Xiao group ရဲ့ ဆက်ခံသူက ယောကျာ်း ချင်း သဘောကျနေတဲ့သူဆိုတာ အဖြစ်ခံနိုင်ပါ့မလား...!!
ချစ်တယ် ဒါပေမယ့် ဘယ်တော့မှ ဖွင့်မပြောဘူး
မုန်းတယ် ဆိုတဲ့ စကားကို မကြားချင်လို့
ဝေးရမှာ သိနေပေမယ့်
နီးနေတုန်းလေးမှာ ဒီအတိုင်းလေး ပေးဆပ်ကာ ချစ်နေပါရစေ

ကျန့်ကော ကို ကျွန်တော် ချစ်တယ်

ဒေါက် ဒေါက်... !!

Wang yibo အတွေးစကို ဖြတ်ချပြီး အိပ်ယာထဲမှ ထလိုက်သည်
ဒီအချိန်ကြီး ဘယ်သူကများ တံခါး လာခေါက်တာပါလိမ့်...??

"ကျန့်ကော.."!!

Wang yibo အခန်းတံခါး ဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က ကျန့်ကော
Wang yibo ရဲ့ ခေါ်လိုက်သံကို Xiao zhan ခေါင်းလေးငြိမ့်ပြုံးပြသည်

"ကိုယ့် အခန်းက ခြင်ကိုက်တယ်
အိပ်လို့မရလို့ "

ပြောရင်း ဆိုရင်း အခန်းထဲ ဝင်လာတဲ့ Xiao zhan, wang yibo ကြောင်အအလေးသာ လိုက်ခဲ့မိလိုက်သည်
Xiao zhan ကုတင်ပေါ် တက်ထိုင်သည်

"ကိုယ် မင်းနဲ့ အိပ်လို့ ရမလား.."??

"ဗျာ.."!!

"ကိုယ့် ကုတင်ပေါ်မှာ ယွီးပင်း အိပ်နေလို့
ထောင့် ကုတင်က ခြင်ကိုက်တယ်လေ
ဒါကြောင့် ဒီနေ့ည မင်းနဲ့ အိပ်လို့ရမလားလို့..."!!

Wang yibo ခေါင်းငြိမ့်ပြသည်
Xiao zhan ပြုံးသည် ပြီးတော့ ကုတင်ပေါ် တက်အိပ်သည်

"လောဝ်ဝမ် လာခဲ့.."

wang yibo သူ့ကို ကုတင်ပေါ်ကနေ လက်လေးကမ်း ခေါ်နေတဲ့ Xiao zhan ကို ကြောင်ကြည့်နေမိသည်
ကျန့်ကော ဘယ်လိုတွေ ဖြစ်နေတာလဲ...??
Xiao zhan ကတော့ စိတ်မရှည်တော့စွာပြန်ထပြီး
wang yibo ကို အိပ်ယာပေါ် ဆွဲချသည်
ပြီးတော့ နောက်ကနေ ဖက်ထားပြီးပြန်အိပ်သည်

ကြိုး  ( Completed )Opowieści tętniące życiem. Odkryj je teraz