အခန်း ( ၆ )

Zacznij od początku
                                    

" မောင်မောင့်ကို ဝတ်လဲတော် လိုက်ထုတ်ပေးပါအုံးကွယ်။ မင်းသမီးလေးရဲ့ ဖယာ်ေးသွယ် လက်တစ်စုံနဲ့ ရွေးပေးတဲ့ အဝတ်တွေက ကျုပ်နဲ့ ပိုအလိုက်သားး နော့... ဟားဟားဟားးး "

သမိန်မရူး၏ ပြောစကားအောက်မှာ ကြင်ရာတော် မင်းသမီးကား ရှက်သွေးဖြာ နေလေပြီ။ မှောင်စပျိုးလာသဖြင့် အလင်းရောင်ရအောင် ဆီမီးထွန်းညှိပြီးသည့် ရံရွှေတော် တို့ကလည်း အလိုက်တသိဖြင့် အတွင်းတံခါးတို့ကို ပိတ်ကာ အဆောင်တော် အပြင်သို့ ထွက်ခွာ သွားကြသည်....။

" ဝတ်လဲတော်ကို ဘာအရောင် ဝတ်မလဲ မောင်မောင်? တော်ဝင်ဆန်တဲ့ ခရမ်းရောင်က မောင်မောင်နဲ့ လိုက်ဖက်လိမ့်မယ်လို့ သီရိ ထင်....... အို့းး.... မောင်မောင်ရယ်! " သူ့အတွက် ဝတ်လဲတော် ရှာပေးနေသော ကြင်ရာတော်ကား မရူး၏ နောက်ကွယ်မှ ပွေ့ဖက်မှုကြောင့် ရုတ်တရက် လန့်ဖြန့်သွားသည်...။

" ဝတ်လဲတော် ကိစ္စက ထားလိုက်စမ်းပါ့ မင်းသမီးရယ်! ကျုပ်ဖြင့် တစ်နေ့လုံး ဒီကိုယ်လုံး မွှေးမွှေးလေးကို လွမ်းနေတာ ဗျ " ဟုဆိုကာ တလမေသီရိအား ကြေးမုံပြင် ရှေ့သို့ ပွေ့ခေါ်သွားလေသည်။ ဘာတွေ ဆက်ဖြစ်မည်ကို သိနေသော ကြင်ရာတော်ခမျာ ကြက်သီးမွေးညှင်းတွေ ထလာသည်.....။

" ကျုပ်မျက်လုံးထဲကို ကြည့်စမ်းပါ။ တွေ့တယ်မို့လား ကြင်ရာတော်အတွက် အချစ်တွေ? " မင်းသမီးအား နောက်ကျောမှ ဖက်ထားရင်း သူ မေးပြန်သည်။

တလမေသီရိလည်း အယောင်ယောင် အမှားမှား ဖြင့်ပင် ကြေးမုံအတွင်းမှ ပုံရိပ်တို့အား စိုက်ကြည့်မိသည်။ တွေ့ပါသည်၊ မရူး ့ မျက်ဝန်းထဲမှ အချစ်တွေ... ထို့အပြင် တငွေ့ငွေ့ တောက်လောင်နေသည့် ရမ္မက်ဇောတစ်ခု...။ ခင်ပွန်းသည်ရဲ့ အကြည့်စူးစူးကို ထပ်ရင်မဆိုင်ရဲသဖြင့် မျက်လွှာအသာချမိသော ကြင်ရာတော်ခမျာ ရှက်သွေးဖြာမိပြန်သည်။

" ရှက်နေပြန်ပလားကွယ်...." ဟုဆိုရင်း မရူးကား ကြင်ရာတော်ရဲ့ လည်ဂုတ်သား ဖွေးဖွေးလေးကို နမ်းသည်။ ခါးကိုပွေ့ဖက်ထားသည့် သူ့လက်အစုံကလည်း အငြိမ်မနေတော့။ ဟိုသည် ပွတ်သပ်ရင်း ရွှေရင်အစုံနား ရောက်လာသည်။ တလမေသီရိခမျာ အရျက်သည်းလွန်းသဖြင့် နားရွက်တွေပင် နီလာလေသည်....။

မွေ့ကေသာ / မွေ့ကေသာ [ Uni/Zawgyi]Opowieści tętniące życiem. Odkryj je teraz