"ရှောင်းကျန့်...."

"ဟုတ် အန်ကယ်"

"မနက်ဖြန်ကျရင် ရိပေါ် ပြန်လာမဲ့သတင်းကိုကြားပြီးပြီလား"

ရှောင်းကျန့် အလုပ်လုပ်နေရင် ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သွားသည်

"ရှောင်းကျန့်...........ရှောင်းကျန့်.........အန်ကယ်ခေါ်နေတယ်လေ"

"အော့် အန်ကယ်ဘာပြောလိုက်တာ"

"ရိပေါ် ပြန်လာမဲ့သတင်းကြားပြီးပြီလားလို့"

"အော် ကြားပြီးပါပြီ"

"အင်း အဲ့ဒါမနက်ဖြန်ကျရင် ရိပေါ်ကို
လေယာဉ်ကွင်းမှာ သွားကြိုပေးလို့ရမလား"

"ဟမ်..........ကျတော်သွားကြိုရမှာ"

"အင်း အန်ကယ် ကျန်းမာရေးသိပ်မကောင်းလို့ကွာ ကားသိပ်မစီးချင်းဘူး"

"ဟုတ် ကျတော်သွားကြိုလိုက်ပါ့မယ်"

တကယ်တမ်းကျတော် ရိပေါ် ပါးဟာ ရေးမြောင်းတူးလိုက်ပေးခြင်းပင်။

......................

"သားပြန်ရောက်ပြီလား ထမင်းစားလိုက်ဦး"

"သားမစားတော့ဘူး မား ပင်းပန်းလို့ သွားနားလိုက်ဦးမယ်"

"အင်းပါသားရယ် သားကျန်းမားရေးလည်းဂရုစိုက်ပါဦး ရိပေါ်မရှိတော့ကတည်းက သားတော်တော်ပိန်လာတယ်"

"မဆိုင်ပါဘူးမားရယ် မနက်ဖြန်ကျရင် ရိပေါ်ပြန်လာမှာပါ သားသွားနားတော့မယ်"

ဆိုပြီးအိမိပေါ်ကို တင်သွားလိုက်တော့လေသည်
အခန်းထဲရောက်ရောက်ချင်း တစ်နေကုန်ထိန်းထားရတဲ့ မျက်ရည်များဟာ
တောင်ရေတံခွန်မှ ရေများစီးဆင်းသလို
ရှောင်းကျန့်မျက်ရည်များ စီးဆင်းလာလေသည်
ရေချိုးခန်းထဲဝင်သွားပြီး မှန်မှာပေါ်နေတဲ့မိမိရုပ်ကိုကြည့်ကာ

"ရိပေါ် ရယ် မင်းငါ့ကို ဘာလိုဒွလောက်ရက်စက်ရတာလဲဟာ"

ငိုနေတဲ့မိမိရုပ်ကိုကြည့်ရင်း ဒေါသထွက်ကာ ဘေးမှနံရံကို လက်သီးဖြင့် ပိတ်ထိုးပေးလိုက်ရာ လက်ဆစ်မှ သွေးများစီးဆင်းလာသည် လက်မှနာကျင်တဲ့ ဒတ်ရာထက် နှလုံးသားက ပိုပြီးနာကျင်တာ ဆိုရင် ပိုမှန်ပေသည်
ရှောင်ကျန့်ရေမိုးချိုးပြီး အိပ်ရန်ပြင်ဆင်လိုက်တော့သည် အလုဆိုရင် ဗိုက်ဆာနေရင်တောင်ထမင်းမစားပဲ နေသားကျနေပြီလေ ထမင်းပုံမှန်မစားပဲ နေခဲ့ရတဲ့ ရက်ပေါင်းကိုတောင် မရေတွက်နိုင်တော့ပေ
လွမ်းဆွတ်ခြင်းနဲ့အတူ တစ်ညလုံး ငိုနေလေသည် ငိုတာပင်ပန်းသွားသောကြောင့် ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင် ရှောင်ကျန့်သတိထားပုံမပေါ်ပေ ။

ကျွန်တော့်ရဲ့Boss❤🙆🏻‍♂️❤(Completed)Where stories live. Discover now