Xiao zhan သူ့ကို ငေးကြည့်နေတဲ့ wang yibo ကြောင့် မနေတက်တော့စွာ

"ငါ ငိုထားတာ သိသာနေလို့လား..."???

ပါးပြင်လေးကို ပွတ်ဖယ်ရင်း မေးလာတဲ့ Xiao zhan ကို ကြည့်ပြီး wang yibo ခေါင်းငြိမ့်ပြသည်

ငိုလောက်ထိအောင် ဖြစ်ရတယ် ဆိုတော့
စစ်မြေပြင် ကို ရောက်နေတာ ကြာပြီမလို့
အိမ်ကို လွမ်းလို့လား....???
ဒါမှ မဟုတ် ချစ်သူရည်းစား ကိုများ သတိရလို့ လား ကျန့်ကောရယ်

အတွေးလေးနဲ့ မစီမဆိုင် ရင်ဘက်ထဲက နာသွားတဲ့ wang yibo
ကျန့်ကော ကို သူ အားလုံးထက် ပိုခင်တယ်
ပို သံယောဇဉ် ရှိတယ်
ဒါကြောင့် သူ ကျန့်ကောနဲ့ နည်းတူ ခံစားရတယ်

"လောဝ်ဝမ်...!!!
ငါပြောနေတာ ကြားလား..."????

ပခုံးကို ကိုင်လှုပ်ရင်း မေးလာတဲ့ အသံကြောင့် wang yibo အတွေးလေးထဲက
အမြန် ပြန်ထွက်ခွာလိုက်သည်

"အင်း....ကျန့်ကော ဘာမေးလိုက်တာလဲ..."???

Xiao zhan မျက်နှာလေး ရဲရဲတောက်သွားသည်
Wang yibo ကို မျက်စောင်းလေး ဖွဖွထိုးသည်
နှုတ်ခမ်းလေး မသိမသာထော်သည်

သူ့မှာတော့ မျက်ရည်တွေကို မြန်မြန်သုတ်ဖယ်ပြီး မေးလိုက်ရတာ
ငိုထားတာ သိသာသေးလားလို့....!!!
ဒါကို ကြားသလိုနဲ့ သူ့မျက်နှာကို အကြာကြီး
စိုက်ကြည့်နေတဲ့ wang yibo
စကားပြန်မလာလို့ လက်ကလေးနဲ့ လှုပ်ကိုင်ပြီး
မေးကာမှ ကျန့်ကော ဘာမေးလိုက်တာလဲတဲ့...!!!
အာ့ဆို သူ့မျက်နှာကို ဘာလို့ အကြာကြီး
လာကြည့်နေသေးတာလဲ...???

"ငါ ငိုထားတာ သိသာသေးလားလို့..."!!

Xiao zhan စကားကြောင့် ခေါင်းလေးငြမ့်ပြတဲ့ wang yibo
Xiao zhan ပါးလေးတွေကို လက်ကလေးနဲ့
ဖွဖွ သွားကိုင်သည်

"ငို ထားတာ ပိုသိတာသွားပြီ
ဘာလို့ လက်နဲ့ အရမ်းကြီး သွားပွတ်ရတာလဲ...???
ဒီမှာ ပါးမို့မို့လေးတောင် ရဲရဲတောက်နေပြီ..."

Xiao zhan သူ့ပါးလေးကို လက်လေးနဲ့ ဖွဖွ ပွတ်ရင်း ပြောလာတဲ့ wang yibo ကြောင့်
ရင်ထဲက နေမထိ ထိုင်မသာ ဖြစ်လာခဲ့သည်
ဘယ်လို ခံစားချက်ကြီးလဲ မသိဘူး
တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်ကြီး
ဒါကြီးက ဘာဖြစ်တာလဲ...???
ဘယ်လိုကြီးလဲ...???
ရင်ခုန်နေတာလား...???
ရင်တုန်နေတာလား...???

ကြိုး  ( Completed )Where stories live. Discover now