အခန်း ၈
Start from the beginning
အခုကား ၈ နာရီ ၁၅ မိနစ်တိတိ ။
ဂျင်းကောင်နှင့် ရှောင်ကျောက်တို့ ပျောက်ကွယ်သွားသည့် အချိန်ကား ၈ နာရီ ။
သူတို့ နှစ်ယောက်လိုပင် မြို့ ထဲကလူတော်တော်များများ သည်လည်း ပျောက်ကွယ်သွားကြပြီ ဖြစ်သည် ။ မောင်းသူ မရှိသဖြင့် ဘတ်စ်ကားများနှင့် မြေအောက်မီးရထားများ မပြေးဆွဲကြတော့ ။
ထိုသာမကသေး ၊ ကားမောင်းနေရင်းတန်းလန်းနှင့်ပင် ပျောက်ကွယ်သွားကြသူများလည်း မြောက်များမကပေ ။ မောင်းသူမဲ့သွားခြင်းကြောင့် ကားများသည် တစ်စီးကိုတစ်စီး ပစ်တိုက်ကုန် ကြကာ တရှူးရှူးတဒိုင်းဒိုင်းဖြင့် ပေါက်ကုန်လောင်ကျွမ်းကုန်ကြပြီး လမ်းမကြီးပေါ်တွင် ပိတ်ကုန်ကြသည် ။
တန်မိုသည် ကီလိုမီတာတစ်ဝက်လောက် လျှောက်လာပြီးချိန်တွင် အ၀ါရောင်စက်ဘီးလေးတစ်စီးကို တွေ့ လိုက်၏ ။ သို့ နှင့် သူ့ ဖုန်းကို ထုတ်လိုက်ပြီး
QR ကုတ်ကို ဖတ်လိုက်သည် ။
“အလုပ်မဖြစ်ဘူးပဲ…”
တန်မို မျက်မှောင်ကြုတ်သွားပြီး ဒူးထောက်ချလိုက်ကာ ထိုအ၀ါရောင်စက်ဘီးတည်ဆောက်ထားပုံကို အကဲခတ်ကြည့်လိုက်သည် ။ နှစ်မိနစ်ကြာပြီးသည့်နောက်တွင် မြေကြီးပေါ်က ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်ပြီး သော့ခတ်ထားသည့်နေရာကို ထုချလိုက်သည် ။
အားပြင်းပြင်းထည့်သုံးပြီး ထုချလိုက်ခြင်းဖြစ်သောကြောင့် တန်မို၏လက်ကောက်ဝတ်ပင် နာသွားသလိုလို ။ သို့ သော် သူ၏ခွန်အားမှာ အရင်ကထက် တော်တော်လေးတိုးလာ လေသည် ။ ထိုသံချိန်းကြိုးခမျာ နှစ်ချက်လောက် အထုခံလိုက်ရသည်တွင် ပြတ်ထွက်သွားရရှာသည် ။
ထိုပြုတ်သွားသည့်သံကြိုးကို တွေးဆဆဖြင့် ကြည့်လိုက်ရင်း တန်မိုက ထိုအ၀ါရောင်စက်ဘီးနှင့် အိမ်ဘက်ကို စီးသွား လိုက်၏ ။
မိနစ် လေးဆယ်အကြာ ။ ရပ်ကွက်ထဲ ရောက်သွားသည်နှင့် အ၀ါရောင်စက်ဘီးကို အိမ်အောက်တွင် ရပ်ထားလိုက်သည် ။
ထိုရပ်ကွက်ကား တိတ်ဆိတ်ငြိမ်သက်ခြင်းအတိ ။ လူဟူသည် မရှိ ။ သစ်ရွက်သံတချွတ်ချွတ်နှင့် လေတိုးသံတို့ကိုသာလျှင် ကြားနေရ၏ ။
တန်မို အိမ်ထဲ ပြေးဝင်သွားလိုက်ပြီး အ၀တ်အစားတချို့ ကို ထုပ်ပိုးလိုက်သည် ။ တန်မိုသည် တစ်ဦးတည်းသောသားဖြစ်ပြီး အဘိုးအဘွားများမှာ
သူ ငယ်စဉ်တောင်ကျေးကလေးဘ၀ကတည်းက ကွယ်လွန်အနိစ္စရောက်သွား ခဲ့ကြခြင်း ဖြစ်သည် ။
သူ့ မိဘနှစ်ပါး ယာဉ်တိုက်မှုဖြစ်ပြီး ကွယ်လွန်တိမ်းပါး သွားပြီးသည့်နောက်တွင် တန်မိုသည် အဆွေအမျိုးများနှင့်ပါ သံယောဇဉ် ပြတ်သွားခဲ့၏ ။