မလွတ်ပေးပါ။ လွတ်ပေးလိုက်လျင် ရထာ ထွက်ပြေးသွားပေမည်။ ထို့ကြောင့် ကြမ်းပြင်ပေါ် ထိုင်လျက်ပင် ခြေထောက်ကို ပို၍တင်းတင်းဖက်ထားသည်။
ရထာလည်းစိတ်ညစ်လွန်းလို့ ခေါင်းကုတ်နေမိသည်။
"သင်္ကြန်ရက် မဏ္ဍပ်ထိုင်ပေးပါ။ ဧည့်သည်တွေကို လိုက်ပြီးဧည့်ခံပေးပါလား လူမလောက်လို့ပါ"
"မလုပ်ဘူး"
"လုပ်ပါကွာ နှစ်ဆန်းတစ်ရက်နေ့ ဥပုသ်စောင့်လို့ရတာပဲ၊အရင်နှစ်တွေကလည်း တရားစခန်းဝင်တာပဲကိုး ဒီနှစ်လေးပဲ ကူညီပါနော် မုန့်ဖိုးပေးမယ်လေ"
"ဘယ်လောက်လဲ"
ပိုက်ဆံတောင်းမှန်း ဦးဖေသိလိုက်သည်။ ရထာက လည်သည်။ ငြင်းမရတဲ့အဆုံး မုန့်ဖိုးတောင်းတာကိုပဲကြည့်။
"၃"
ရထာ့မျက်နှာကို မော့ကြည့်ကာ လက်သုံးချောင်းထောင်ပြလိုက်သည်။
"၅လိုချင်တာ"
"ပေးမယ် ပေးမယ် ဒါကြောင့်ကူညီပါနော် နော် နော်"
ရုပ်ကြမ်းကြီးမှ အားမနာ တနော်နော်နဲ့ ပြောနေတာကိုပင် ရထာနားကြားကတ်လာသည်။ အမြန်သွား အမြန်နားအေးဆိုကာ ခေါင်းညိတ်ပြတော့ ချက်ချင်းကို ခြေထောက်ကိုဖက်ထားတာ လွှတ်ပေးသည်။ ဦး​ဖေလွှ​တ်​ပြီးတာနှင့်​ ရထာက ​အောက်​ထပ်​သို့ဆင်းသွားလိုက်​သည်​။ ဟိုလူဖြူကောင်ကို နှိပ်စက်ဖို့ရာလည်း အားမရှိတော့။ ပန်းလှပြီ။
အောက်ထပ်ကို ရထာဆင်းသွားတာ သေချာမှ ပြောင်စပ်စပ်မျက်နှာဘေးနှင့် ဦးဖေ ထရပ်သည်။ သူလက်ခံမယ်ဆိုတာ သိပြီးသားပေ။ ဘာလို့ဆို ရထာက စိတ်ရှုပ်ရတာ မကြိုက်တတ်ပါ။ ဒါကြောင့် သူစိတ်ရှုပ်အောင် သူ့ဆီတွယ်ကပ်နေရင် ပထုတ်သည့်သဘောနှင့် 
သူကလက်ခံတတ်သည်။ အညှာကို သိနေတော့ ခြွေရလွယ်တာပေါ့လေ။ 
"အောင်မယ်လေး"
အင်္ကျီကို သပ်သပ်ရပ်ရပ်အောင်ပြင်ရင်း နောက်ကိုလှည့်ခိုက် songကို ရုတ်တရက်တွေ့လိုက်ရသည်ကြောင့် ဦးဖေမှာ အလန့်တကြား အနောက်ကိုလန်သွားရသည်။