အပိုင်း( 21)

3.3K 305 6
                                    

Zawgyi

ရှောင်ယွမ်တစ်ယောက် စာကြည့်တိုက်မှာ စာဖတ်နေစဉ်.....
"မိဖုရားကြွချီလာပါပြီ"

"မင်းကြီး မိဖုရားက တွေ့ခွင့်တောင်းနေပါတယ်"
....

"မိဖုရားကြွပါ"
You are  so cute !!!

ကုန်းကုန်း တစ်ယောက် ခေါင်းမူးရပြန်ပြီ သူ့ကိုတွေ့တိုင်း မိဖုရားက ဒါဘဲပြောနေတာ ဘာတဲ့ "ယူ့ဟာ စိုးစူ" 😁

"လာပါ ချစ်ဇနီးလေး"

"မင်းကြီး နန်းတော်အပြင်ထွက်ချင်လို့ပါ တစ်ယောက်တည်း မဟုတ်ပါဘူး ရှင်းရှင်းနဲ့ ရှင်းရှီ ကိုခေါ်သွားမှာပါ "

"ကောင်းပြီလေ..... ချစ်ဇနီးသဘောအတိုင်းပါဘဲ ကိုယ်တော် လည်း လိုက်မယ်လေ "

"ရပါတယ် မင်းကြီးက အလုပ်တွေများ နေတာ မလား နေခဲ့ပါ ယုံအော်က မိဘတွေအိမ်ကို လည်းသွားမှာပါ "
"ကောင်းပြီလေ သုံးယောက်တည်းစိတ်မချလို့ ကျန်းရီကိုပါခေါ်သွားလိုက်"
ဟုတ်

"လာပါဦး ကိုယ်တော်ရင်ခွင်ထဲ"
ယုံအော်လည်း ရှောင်ယွမ် ရင်ခွင်ထဲ ခွေးပေါက်လေးတစ်ကောင်လို ခောင်းလေးတိုးပြီး ချွဲနေလေရဲ့
မင်းကြီးက မိဖုရားကို အရမ်းချစ်သလို မိဖုရားကလည်း မင်းကြီးရှေ့ရောက်ရင် ကလေး လေးတစ်ယောက်လို ဖြစ်သွားတာ နန်းတော်ကြီးတစ်ခုလုံးအသိပါဘဲ

လေးယောက်သားအရင်ဆုံး ယုံအော်မိဘတွေအိမ်ကိုသွားပြီ အရိုအသေပေးကြသည်။ ပြီးနော် ဈေးတန်းထဲ လှည့်လည်ပြီး သူမလေးစားချင်တာ မှန်သမျှ ဝယ်သည်။ အဖြူလေးတွေ (သူမရဲ့ ခွေးလေးနှစ်ကောင်)အတွက် မုန့်လေးတွေဝယ်သည်။ ထို့နောက် တောင်ကုန်းလေးတစ်ခုပေါ်တွင် ထိုင်နားကြသည်။

သူမလေးရဲ့ စိတ်ထဲတွင် .........
ဟိုနေ့က ကျန်းရီကယွမ်ဟန်ကိုကြည့်ပုံက ချစ်ရည်ရွှန်းလဲ့နေတဲ့ ပုံပါ ကျန်းရီ ယူလေး ဘယ်လောက်ပြေးပြေး ငါ့လက်က မလွတ်ပါဘူး .....ဟင်း...ဟင်း

"ရှင်းတို့နှစ်ယောက် ဟိုနားက အချိုမုန့်လေးသွားဝယ်ပါ။"

ဟိုနှစ်ယောက်ကို ပထုတ်လိုက်ပြီ😄😄

"ကျန်းရီ ယွမ်ဟန်ကို ဘယ်လိုမြင်လဲ"
ခင်ဗျာ!!!!
ဒီယွမ်ဟန်ဆိုတဲ့ နာမည်လေးကြားရုံနဲ့ ဘာလို့ဒီရင်ဘက်က ခုန်နေတာပါလိမ့်

fujoshi မိဖုရား  (Complete)(unicode +zawgyi)Wo Geschichten leben. Entdecke jetzt