အပိုင်း(2)ကျွန်မဘယ်ရောက်နေတာလဲ

8K 487 6
                                    

Zawgyi

အမတ်ချုပ်ဝမ်အိမ်တော်ရဲ့ အတွင်းတွင်ရှိ အိတ်ဆောင်ထဲတွင် မိန်းမပျိုလေးတစ်ယောက်ဖြူဖွေးသောဝတ်ဆုံလေးကိုဝတ်ဆင်၍ ကုတင်ပော်တွင်သတိမေ့မြောနေလေသည်။ ဘေးနားမှာ အမတ်ကြီးရဲ့ဇနီးဖြစ်သူသည် မျက်ရည်လေးများဝဲကာ ကုတင်ပေါ်ကမိန်းမပျိုလေးကိုစိုးရိမ်တစ်ကြီးကြည့်နေလေသည် အစေခံများလည်းသူတို့သခင်မလေးအတွက်စိုးရိမ်နေကြလေသည် အချိန်အနည်းငယ်ကြာတော့မိန်းမပျိုလေးနိုးလာတော့သည်။

ယုံအော်တစ်ယောက် မျက်လုံးဖွင့်ုကြည့်လိုက်သောအခါ မိမိမျက်စိရှေ့ပေါ်လာသောအရာများသည် မြင်နေကြမဟုတ်သဖြင့် ငေါက်ခနဲ့ထထိုင်လိုက်တော့သည် အနီးနားရှိ မိန်းမကြီးသည်

"သမီးရယ် ဖြေးဖြေးထပါ ခေါင်းမှုးနေပာဦးမယ် သမီးလေးရယ် "

ဂရုဏ အသံလေးရော၍ဆိုလာသောအမျိုးသမီးကိုအကြည့်ရောက်မိတော့ .......

"အမလေး ဒါTVမှာလာတဲ့နန်းတွင်းကားတွေမှာတွေ့ရတဲ့ အမျိုးသမီးတွေဝတ်တဲ့ပုံစံတွေပါလား "

ယုံအော်စိတ်ထဲတွေးနေရင်း ဘေးနားကိုအကြည့်ရောက်တော့ မျက်စိတွေပါပြူးသွားတော့တယ်

" သေပြီ ငါTime Travel ဖြစ်သွားတာလား သေရော 21 cen to21 cen ဖြစ်ပါလားဟယ်😭😭😭😭😭 "

အမတ်ကြီးမှာသူ့သမီးရဲ့ ပြူးကြောင်ကြောင်ဖြစ်နေပုံကိုကြည့်ပြီး ဘေးနားရှိသမားတော်ကိုမျက်စီဝေ့ကြည့်လိုက်ရာ သမားတော်မှာအလိုက်တသိပင် သွေးကြောတွေစမ်းသပ်ပြီးနောက် မမလေးအဆင်ပြေတဲ့ဆိုကြောင်းလျှောက်တင်တော့သည်။

ယုံအော်မယုံနိုင်စွာဘဲ "ကျွန်မ ဘယ်ကိုရောက်နေတာလဲ"
သူမအမေးမှာအားလုံး၏မျက်လုံး များပြူးကျယ်သွားတော့သည်။

"အဒေါ်ကရောဘယ်သူလဲဟင် ဦးလေးကိုလည်းမသိပါဘူး"
ဝမ်ကတော်ကတော့ အန်တီက သမီးအမေလေ ဒါက သမီးအဖေ ဟိုကောင်မလေး ကသမီးအစေခံရှင်းရှင်းလေ ဒါလေးကကိုယ်ရံတော် ရှင်း စသည်ဖြင်စုံအောင်ရှင်းပြတော့သည် သူမသေချာသွားပြီ ဒါဆို Time Travel ဖြစ်နေတာပေါ့ သမားတော်ကတော့သခင်မလေးကိုအနားယူစေချင်တယ်ဟုပြောသောကြောင့် အခန်းထဲရှိလူများအကုန်ထွက်သွားကြတော့သည်။

fujoshi မိဖုရား  (Complete)(unicode +zawgyi)Where stories live. Discover now