အပိုင်း (19)

3.7K 331 7
                                    

Zawgyi

နေ့ကနေ ည ၊ နေဝင် မိုးချုပ်နဲ့ အချိန်တွေက တစ်ရွေ့ရွေ့ ကုန်ဆုံးလာလိုက်တာ ရှောင်ယွမ်နဲ့ ယုံအော်တို့ရဲ့ ရက်တစ်ရာပြည့် မင်္ဂလာနေ့ရောက်ရှိလာပြီဖြစ်သည်။ နန်းတော်ထဲမှာ ပျော်ပွဲရွှင်ပွဲတွေကျင်းပရင်း ကခုန်မြူးထူးပျော်ပါးနေကြတယ်။

ဒီသုံးလအတွင်းမှာ မင်းကြီးက မိဖုရားကိုဘယ်လောက်ချစ်ကြောင်း ၊ဘယ်လောက်အလိုလိုက်ကြောင်း နန်းတွင်းသူ နန်းတွင်းသားများအသိပင်၊ မိဖုရားကိုမျက်နှာအညိုးမခံ လိုချင်တာအကုန်ဖြည့်ဆည်းပေးသည်။
မိဖုရားက အရမ်းချစ်ဖို့ကောင်း အရမ်းကလေးဆန်တော့မှုးမတ်အစ ရံရွှေတော်တွေအဆုံး အကုန်လုံးက ချစ်ခင်လေးစားကြတယ်။
မယ်မယ်ကလည်း ချစ်လိုက်တာပြောမနေနဲ့ သမီးတော် ဆိုတာ ပါးစပ်ဖျားကမချ။
မိဖုရားက ဘယ်လောက်ဖြူစင်ပြီး သဘောကောင်းကြောင်း မင်းကြီးနဲ့ မှုးမတ် နန်းတွင်းသူ / သားများက သူတို့မိဖုရားကို ဘယ်လောက်ရိုသေလေးစားကြောင်း တိုင်းသူပြည်သားတွေကအရမ်း ပျော်ရွှင်ကြောင်း တိုင်းပြည်ကြီးသာယာဝပြောကြောင်း စသည့် စသည့် အကြောင်းအရာ များ က လက်အောက်ခံတိုင်းပြည်များသို့ ပျံနှံ သတင်းမွှေးလျှက်ရှိသည်။
မိဖုရားသည် ဂုဏ်သက္ခာကျက်သရေရှိပြီး အထက်တန်းလွှာ အမျိုးသမီးတစ်ဦးဖြစ်သည့်အတွက်  မိဖုရားဖြစ်ထိုက်ပာပေတယ်။

"မင်းကြီးကိုဂါရဝပြုပါတယ်"

"ထပါ"

"မိဖုရား ဘယ်မှာလဲ"

"ဥယာဉ်တော်တွင်းမှာပါ"
ရှောင်ယွမ် ဥယာဉ်တော်တွင်းရှောက်လာလိုက်တော့ တွေ့ပါပြီ
သူ့ရဲ့ အသည်းအသက်လေးက ကုံးကုံးကွကွနဲ့ ဘာလုပ်နေပါလိမ့်

ဟိတ်!!

အမလေး!!
နောက်ကနေ ပခုံးလေးကိုပုတ်လိုက်တော့ လန့်သွားပြီးနောက်လှည့်ကြည့်လာတာ မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ ချစ်လိုက်တာ အသည်းလေးရဲ့

"ချစ်မိ.....ရှုး"
စကားတောင်ဆုံးအောင်းမပြောလိုက်ရ လက်သွယ်သွယ်လေးဖြစ်တဲ့ လက်ညိုးလေးက ရှောင်ယွမ်နှုတ်ခမ်းပေါ်ကျရောက်လာတော့

"လာထိုင် "ဆိုပြီး သူ့နားကိုတိုးတိုးလေးကပ်ပြောတော့
ယုံအော်နည်းတူ ကျောက်တုံးလေးနဲ့ ပန်းပင်လေးသုံးပင်နောက် ခန္ဓာကိုယ်လေးကျုံ့ထိုင်ပြီး သူမလေးကြည့်နေတဲ့နေရာလေးကို ချောင်းကြည့်လိုက်တော့......
ရှောင်ယွမ် ပါးစပ် အဟောင်းသားဖြစ်ကာ ပါးစပ်ပင် ပြန်မစီနိုင်တော့

fujoshi မိဖုရား  (Complete)(unicode +zawgyi)Onde as histórias ganham vida. Descobre agora