အပိုင်း(13) အငေးလွန်သော ရှောင်မို

3.6K 361 0
                                    

Zawgyi

ဝမ်အမတ်ကြီးလည်း မင်းကြီးနှင့်အစ်ကိုတော်၊ ကိုယ်ရံတော်ကျန်းရီတို့ကိုခေါ်ဆောင်ပြီး နားနေဆောင်မှညလက်ဖတ်ရည်ကြမ်းနဲ့ သရေစာမုန့်အချို့ ဆက်သနေစဉ် ဇနီးဖြစ်သူထံမှ သူ့ရဲ့အချစ်တော်သမီးလေးက ကွပ်ကဲရေးမှုးကိုလုပ်လိုက်သည့် လုပ်ရပ်များကိုနားထောင်နေရင်း ရီရခတ် ငိုရခတ် ဖြစ်နေလေရဲ့။ မင်းကြီးတို့သုံးယောက်ကတော့ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရတဲ့ပုံစံတွေဖြစ်နေသည်။
"ရှင်မ ကွပ်ကဲရေးမှုးအိမ်တော်ကို လက်ဆောင်ပစ္စည်း အချို့ နဲ့ တောင်းပန်စာရေးပေးလိုက်မယ်။ အိမ်တော်ထိန်း ကို လွှတ်လိုက်ပါ။ အိမ်တော်ထိန်း ကွပ်ကဲရေးမှုးကိုပြောလိုက်ပါ အခု စာမေးပွဲတွေနဲ့ အလုပ်ရှုပ်နေလို့ နောက်မှ လူကိုယ်တိုင် လာတွေ့ပြီးလက်ဖတ်ရည်အတူသောက်ရအောင် ပြောပေးပါ။"

"ကောင်းပါပြီ သခင်ကြီး"

"ရှင်မ အိမ်တော်ထိင်္နးကို ကူညီပေးလိုက်ပါ။ ဟိုကလေးလေးယောက်ကိုလည်း မင်းကြီးရောက်နေတယ် ဂာရဝလာပြုခိုင်းလိုက်ပါ။"

"ကောင်းပါပြီ သခင်ကြီး"

ဝမ်သခင်မလည်း ဥယာဉ်ထဲမှာဒူးထော်နေတဲ့ လေးယောက်သားကိုမကြည် ကြည့်ဖြင့် ကြည့်ကာ...
"သခင်ကြီးက မင်းကြီးကိုလာပြီးဂါရဝလာပြုကြတဲ့ မင်းတို့လေးယောက် ပြသနာမရှာရင်ကောင်းမယ်။ ဒီတစ်ခါပြသနာရှါရင် ခေါင်းပြတ်မယ့်အရေး မြင်တယ်နော်"

"
ဟုတ်ကဲ့!!!!!!!

"မင်းကြီးကဘယ်တုန်းကရောက်တာလဲ ငါလည်းမသိပါလား "
ယုံအော်ပြောလိုက်တော့

"ကျွန်တော်တို့ ဒူးထောက်နေရတုန်း အမတ်ကြီးနဲ့အတူဝင်လာတာနေမယ် ကျွန်တော်တို့မမြင်လိုက်တာ ဖြစ်မယ်" ယွမ်ဟန်ကဆိုတော့

"အဲ့မင်းကြီးက တည်ငြိမ်အေးစက်ပြီး ပြတ်သားလွန်းတယ်တဲ့ အမတ်တွေလည်းဖိန့်ဖိန့် တုန်အောင်ကြောက်ရတယ်တဲ့။"

"ကျွန်မတော့ကြောက်လာပြီ။"

လေးယောက်သားတစ်ယောက်တစ်ပေါက်နဲ့နားနေဆောင်သို့ရောက်လာကြသည်။
မင်းကြီးရှေ့တော့သူတို့လေးယောက်သားသတိကြီးကြီးနဲ့နေရမယ် မဟုတ်ရင်သူတို့တစ်မိသားစုလုံးခေါင်းပြတ်သွားနိုင်တာမို့။

fujoshi မိဖုရား  (Complete)(unicode +zawgyi)Where stories live. Discover now