အပိုင်း (18)

3.7K 320 4
                                    


Zawgyi

ရှောင်ယွမ်နဲ့ရှောင်မိုလည်း သူမလေးပြောလိုက်တဲ့စကားတွေနားမလည်

"ချစ်မိဖုရားဘာပြောလိုက်တာလဲ"
ရှောင်ယွမ်မေးလိုက်တော့

"အယ် 😮ဘာမှ ဟုတ်ဘူး"

"ယူလေးက အောင်စရင်းတွေယူလာတာပေါ့ နာမည်က"

ယုံအော် ကျန်းရီကို မျက်လုံးလေးစွေကြည့်ပြီး မေးလိုက်တော့

"ကျွန်တော် အမည်က ကျန်းရီပါ မျိုးရိုးနာမည် မရှိပါဘူး "

WHY? ???

"ခင်ဗျာ"

မိဖုရားဘာပြောလိုက်မှန်းနားမလည်ပြန်ဘူး ဒီနေ့က စပြီး မိဖုရားပြောတဲ့စကားတွေ နားလည်အောင် ကြိုးစားရမယ် စာပေတွေလေ့လာရမယ် တိုက်ခိုက်မှုတွေနဲ့ဘဲ အချိန်ကုန်နေတော့ အချို့ စကားတွေ နားမလည်တာဖြစ်နိုင်တယ် စကားအသစ်တွေ ကဗျာတွေ စာတွေက ပေါလွန်းလှပါတယ် ဒီနေ့ကစပြီး ဘာသာစကားတွေလေ့လာရဦးမယ် ဟုသာ စိတ်ထဲကြုံးဝါးလိုက်တော့တယ်။

"သြော် ယူလေးရဲ့မျိုးရိုးက ဘာကြောင့်မရှိတာလဲ လို့"

"ကျွန်တော့်ကို စစ်မြေပြင်မှာ သတိလစ်နေတာ တွေ့တော့ မင်ကြီး ရှောင်ယွမ်ရဲ့ဖခင် မင်းကြီးရှောင်လုက ကျွန်တော့်ကိုကယ်တင်ထားပြီး စာပေပညာတွေ စစ်အတက်ပညာတွေသင်ကြားပေးပြီး ပြုစုခဲ့တာပါ။ ဒါကြောင့်မင်းကြီးနားမှာဘဲသေတဲ့အထိ ကိုယ်ရံတော်တစ်ယောက်အဖြစ် စောင့်ရှောက်သွားမှာပါ။ မင်းကြီးက ကျွန်တော့်ကိုရှောင်မျိုးရိုး အမည်ခံခိုင်းပါတယ် ။ မသင့်တော်လို့ လက်မခံပါဘူး ။"

"သြော် ဒါဆိုယူလေးက မိဘမေတ္တာငတ်မွတ်နေတာပေါ့"

"ငါ့လေးရဲ့ သားလေးလုပ်ပါလား ယူလေးကိုမွေးစားမယ် "

ခင်ဗျာ!!!!!!

"ဟို....ဟို....မသင့်တော်ကြောင်းပါ "

"တယ် ဒီက မိဖုရားကြီးပြောနေတာကို ဘာက မသင့်တော်တာလဲ"

"မင်းကြီး 😟😟"

ကျန်းရီတစ်ယောက်မျက်နှာငယ်လေးနဲ့ရှောင်ယွမ်ကိုကြည့်တော့
လက်ခံလိုက်ဆိုတဲ့သဘောနဲ့ မေးဆက်ပြလေသည်။
မင်းသားကိုကြည့်ပြန်တော့ ထိုနည်းတူစွာ

fujoshi မိဖုရား  (Complete)(unicode +zawgyi)Where stories live. Discover now